နွေတပေါင်း........

ရွက်ဟောင်းတွေ ကြွေ
ရွက်သစ်ဝေမဲ့
အခါပြောင်းတဲ့ လတပေါင်းရယ်လို့
သီဆို ဟစ်ကြွေး ကဗျာလေးက
လွမ်းဆွမ်မှုအပေါင်း သီဆိုညောင်းတဲ့
လတပေါင်းရယ်လို့ တင်စားခေါ်ဝေါ်
လေပြေညှင်းလေး တိုက်ခိုက်ရင်းနဲ့
ခံစားရက်ပေါင်းလွတ်မြောက်ပါစေကြောင်းကို
လတပေါင်းရယ်လို့တိုင်တယ်
အညာနွေရယ်လို့ ပူပြင်းခြောက်သွေ့
ရွက်ခြောက်သွေ့တဲ့ လွမ်းဆွေးမှုကောင်းတဲ့
လေပြေညှင်းနဲ့ ခံစားချက်တွေနဲ့
ပူပြင်းလှတဲ့ နွေလည်ညရဲ့
ညသန်းခေါင်မှာ
တိတ်ဆိတ်ခြောက်ချား ငါ့ဘဝအား
မင်းလုပ်ရက်တာလား
နွေမှာတွေ့ပြီး နွေမှာလွမ်းရမယ်ဆိုရင်တောင်မှာ
ပူပြင်းလှတဲ့နွေမှာ အလွမ်းသမားတော့
မဖြစ်ပါရစေနဲ့
နုးညံလှတဲ့ခံစားချက်နဲ့
တပေါင်းလမှာလွမ်းဆွေးရမယ့်
အလွမ်းသမားတော့ မဟုတ်ပါဘူး။

10 comments:

ကောင်းကင်ပြာ said...

နွေမှာလဲမလွမ်းနဲ့၊မိုးမှာလဲ မလွမ်းနဲ၊ဆောင်းမှာလဲမလွမ်းနဲ့၊ လွမ်းရတာ မကောင်းဘူး ကိုတိုးရေ

Anonymous said...

ကဗျာကောင်းလေး ခံစားသွားပါတယ် ..လွမ်းရတာများတော့ ချစ်ရတာထက်ပိုကောင်းလာတယ်သိလား ကိုတိုးလေးရေ
အဆင်ပြေပျော်ရွှင်ပါစေ

Unknown said...

တပေါင်းလမှာ လွမ်းဆွေးရမယ့် အလွမ်းသမားမဟုတ်ဘူးဆိုတော့ ဘယ်လမှာ လွမ်းမယ့် အလွမ်းသမားတုန်း ... လွမ်းရတာ မကောင်းပါဘူးကိုတိုးလေးရေ ....

ကြယ်ပြာ

မသက်ဇင် said...

ကဗျာလေးကောင်းတယ်--
ကဗျာက လှပလေလေ--
ကိုယ်ပြောပြချင်တဲ့ အကြောင်းအရာတွေ--
ဟာ ထိရောက်လေပါပဲ--
ပျော်ရွှင်ပါစေ--

ဝှိုက်ဝှိုက် said...

ကဗျာကောင်းလေးကို
လာဖတ်သွားပါတယ်

သက်တန့် said...

တပေါင်းလမှာ မလွမ်းဘဲ ၀ါဆိုလကျမှ လွမ်းတာတွေကို မိုးနဲ့ ရောချမနေနဲ့ဦး... :P

နေ့အိပ်မက် said...

အလွမ်းသမားမဟုတ်ရင်.... ဘာသမားလဲ..... :P
နေ့အိပ်မက်တော့ ကိုယ်တကယ်ချစ်ရင် လွမ်းရတာလည်း အရသာရှိတယ်ထင်တာပဲ..... :)

မြတ်သွယ် said...

လေပြေညှင်းလေး တိုက်ခိုက်ရင်းနဲ့
ခံစားရက်ပေါင်းလွတ်မြောက်ပါစေကြောင်းကို
လတပေါင်းရယ်လို့တိုင်တယ်

စာသားလေးကလှပါ့ ကိုတိုးလေး
ဖတ်သွားပါတယ်း)

Dream said...

အော်..ဥိးဦးတိုတိုးရေးက အလွမ်း ဖြစ်နေတာလား... သိပ်လည်း လွမ်းမနေနဲ့နော်.. မက်မက်က မျက်ရည်မခိုင်ဘူး.. ၀ဲ.. ဖတ်ရင်းနဲ့ ငိုချင်သွားပီ.. ဟင့်..ဟင့်

My Diary said...

အလွမ်းသမားမဟုတ်ရင်
အထမ်းသမားတော့ဟုတ်တယ်ပေါ့ (ဟုတ်လား)
အဟား2 ခံစားချက်ကလည်း ရီချင်စရာကြီး