လပြည့်ဝန်းမှာ မင်းမျက်နှာပါလား
ဟုတ်ရဲ့လားလို့ ငါ့မျက်လုံးတွေကို
ပွတ်သပ်ကြည့်မိတယ်
ယောင်ဝါးဝါး ဖြစ်နေသလားဆိုပြီး။
မြေပြင်ပေါ်ကို ငုံကြည့်မိတယ်
အပြုံးတစ်ပွင့်တွေ့လိုက်ရတယ်
ဟုတ်ပါရဲ့လားဆိုပြီး ငါ့မျက်လုံးတွေကို
ပွတ်သပ်ကြည့်မိတယ်
မှုန်ဝါးဝါး ဖြစ်နေလားဆိုပြီး။
နေရာတိုင်းမှာ မြင်ရတာ မင်းမျက်နှာ
မင်းအပြုံးက အိပ်မက်လိုပဲ
မှုန်ဝါးဝါးလို့သာ ထင်မှတ်ခဲ့တယ်
အိပ်မက်က နိုးတဲ့တစ်နေ့
မင်း ငါ့အနားရှိနေမှာလား ချစ်သူရာ။
ဒီကဗျာလေးကို မောင်စေတနာ ဘလော့ကနေကူးယူဖော်ပြရခြင်းဖြစ်ပါတယ်ခင်ဗျာ။ ကဗျာလေးကိုကြိုက်လို့ကူးယူဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကျပါစေခင်ဗျာ။ ဘယ်ဘလော့မှာလည်းမလည်ဖြစ်ပါဘူး ကျောင်းစာတွေနဲ့အလုပ်တွေရှုပ်နေလို့ပါ။ ဘလော့ဂါညီအကို မောင်နှစ်မအားလုံးကို မင်္ဂလာပါခင်ဗျာ။
3 comments:
နေရာတကာ..နေရာတကာ..နေရာတကာမှာမင်းမျက်နှာ
အဲလက်စ် သီချင်းလေး ဆိုသွားပါတယ်
အဆင်ပြေပျော်ရွှင်ပါစေ ကိုတိုးလေး
သြော်
ဒါကြောင့် ပျောက်နေတယ် ထင်တာ။ ကြိုးစားထားနော်။
ကဗျာကောင်းလေးတွေကို မျှဝေပေးတာ ကျေးဇူး ကိုတိုး
ခင်တဲ့
အမ
ကျောင်းစာအရင်လုပ်ပါကွယ် ... နောက်ရေးနိုင်တော့ များများရေးပေါ့ .. လာဖတ်ပါ့မယ် ...း)
Post a Comment