ထိုင်းနိုင်ငံရဲ့ တန်ဆောင်မုန်းလပြည့်နေ့

ဒီနေ့ကတော့ထိုင်းနိုင်ငံမှာတော့ တန်ဆောင်မုန်းလပြည့်နေ့ပေါ့နော်။ သူတို့ရိုးရာကလည်းမြန်မာနိုင်ငံကပဲဆင်းသက်လာတာပါပဲ။ ဒီနေ့မှာဆိုရင်တော့ သူတို့ရဲ့ရိုးရာအရ အခုတွေ့နေရတဲ့မီးခွက်လေးတွေလိုလုပ်ပြီးတော့ရေထဲကိုမျှောကျတယ်။သူတို့ရဲ့မကောင်းတဲ့အကြံတွေ မကောင်းတာတွေမှန်သမျှကိုဒီမီးခွက်လေးနဲ့ရေထဲမျှောပြီးတော့သူတို့အတွက်ကောင်းတာလေးတွေ ဖြစ်လာပါစေလို့ဆိုပြီးတော့ လူတိုင်းနီးပါးပေါ့နော် မီးခွက်လေးတွေကိုရေထဲမျှောကျတယ်။ အခုလိုလပြည့်ညမှာ ကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားလုပ်တာကတော့ TAK ဆိုတဲ့မြို့လေးမှာပဲဖြစ်ပါတယ်။ အဲ့မြို့လေးက မဲဆောက်နဲ့တော့တော်တော်လေးနီးတယ်ပြီးတော့ မြစ်လည်းရှိတယ် လူသွားလူလာလည်းအရမ်းစည်ကားပါတယ်။ အခုလိုညမျိုးမှာဆိုရင် လူကိုတိုးလို့မရအောင်ကိုများပါတယ်။ နိုင်ငံခြားသား လေ့လာသူတွေ အလည်အပတ်လာရောက်သူတွေလည်းတော်တော်များပါတယ်။ သူတို့ဆီမှာလည်းကျွန်တော်တို့လို မီးပုံးပျံပြိုင်ပွဲလုပ်သလို မီးခွက်မီးပန်းတွေကို အလှဆင်ပြီးတော့ ပြိုင်ပွဲလုပ်ကျပါတယ် အရမ်းကိုစည်ကားသိုက်မြိုက်ပါတယ်ခင်ဗျာ။ ဘလော့ဂါညီအကို မောင်နှစ်မများကိုသိစေချင်လို့မျှဝေပေးလိုက်ချင်းဖြစ်ပါတယ်။ တစ်ချို့လည်းသိပြီးသားများဖြစ်ရင်လည်းနားလည်ပေးနိုင်မယ်လို့မျောလင့်ပါတယ်ခင်ဗျာ။ ဒီနေ့ကိုတော့ ထိုင်းလိုတော့ ဝမ်လော(ရ်)ရီးကရားထုံးလို့ဆိုပြီးခေါ်ပါတယ် (วันลอยกระทง)။ အားလုံးပဲ အဆင်ပြေပျော်ရွှင်နိုင်ကျပါစေခင်ဗျာ။

4 comments:

Anonymous said...

ဓါတ်ပုံတွေနဲ့တကွဖေါ်ပြတာကျေးဇူးပါရှင်
ဗဟုသုတရပါတယ်

poemflower said...

ဓာတ်ပုံတွေလည်းလှတယ် ဗဟုသုတလည်းရတယ် ကိုတိုးလေး

Anonymous said...

ကိုတိုးလေးရေ
ကြွေးကျန်တွေထပ်လာဖတ်တယ်

ကဗျာဦး said...

ဝမ်လော(ရ်)ရီးကရားထုံးလို့ဆိုပြီးခေါ်ပါတယ် (วันลอยกระทง)။

ကိုတိုးလေးဆီ ထိုင်းစကားသင်ရမယ်
ဟီးးးးးးးဟီးးးးးးး ဆာဝါရီခတ် ?
တင်ပြပေးတာကျေးဇူးနော်