စာမရေးဖြစ်ခြင်း

မနက်ဖြန်ဆိုရင်ပဲ ကျွန်တော့်ရဲ့မွေးနေ့ပါ မွေးနေ့မှာ အရင်တုန်းကလို ဘာမှလည်းမလုပ်နိုင်ပါဘူး ဘလော့နဲ့အဆက်ပြတ်နေတာလည်းကြာနေပါပြီ အလုပ်တွေလည်းများနေလို့ဆိုတော့ ဘလော့ဘက်ထဲလည်း လည့်မကြည့်နိုင်သလို ဘယ်သူ့ဘလော့ကိုမှလည်းသွားမလည်ဖြစ်ဘူးဖြစ်နေတယ်။ အခုတောင် အမှတ်ရလို့သူငယ်ချင်းတွေကို သတိရကြောင်းနဲ့ စာမရေးဖြစ်ကြောင်းတင်ပြခြင်းဖြစ်ပါတယ်။ နောက်မှ အလုပ်တွေပြီးသွားမှပဲ ဘလော့ကို အေးဆေးစွာနဲ့သူငယ်ချင်းတွေဆီကိုလာလည်ရင်း ဘလော့ပြန်ရေးဖို့စိတ်ကူးထားပါတယ် အခုတော့အချိန်မပေးနိုင်သေးလို့ပါ။ သူငယ်ချင်းများ ညီအကို မောင်နှစ်မ များအားလုံးကို အမြဲသတိရနေပါတယ်ခင်ဗျာ။