အဖေ

အဖေအကြောင်းလေးရေးချင်လို့ပါ။ ဘလော့တော်တော်များများမှာ အဖေနဲ့ပတ်သတ်တဲ့အကြောင်းရေးတဲ့ဘလော့နည်းတယ်။ အမေအတွက်ရေးထားတာတွေက ပိုများပါတယ်။ ကျွန်တော်တို့တတွေကို အမေကမွေးပြီးတော့ အဖေက ကျွေးလို့ကြီးပြင်းလာရတာပါပဲ။ မိဘမေတ္တာနှိုင်းဆလို့ မကုန်ဆိုသလို့ ကျွန်တော်တို့ရဲ့ အဖေရဲ့မေတ္တာကလည်းနှိုင်းဆလို့ ကုန်နိုင်မှာမဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ ငယ်စဉ်တောင်ကျေး ခလေးဘဝထဲက နိုင်ရာတာဝန်ကိုထမ်းပြီး သားသမီးရှေ့ရေးအတွက်မျှော်တွေးပြီးတော့ မပင်ပန်းနိုင်အား ပင်ပန်းသောလည်း ငါ့သားသမီးအတွက်ဆိုပြီးတော့ ကျန်းမာရေးကိုအသာထားလို့ အဖေဆိုတဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့အဖေတွေပါ။ တစ်ချို့အဖေတွေကရှိတယ် တစ်နေကုန်တစ်နေခန်းအရက်သောက် ဖဲရိုက်နေတတ်တဲ့အဖေမျိုးတွေလည်းရှိပါတယ် ဒါပေမဲ့လို့ကျွန်တော်တို့ရဲ့ အဖေတွေက အဖေတွေပါပဲ အဖေဆိုတာ ဘယ်လိုပဲဖြစ်နေဖြစ်နေ အဖေဟာ အဖေပါပဲ။တစ်ချို့မိဘတွေကရှိကျမှာပါ အဖေက သားသမီးတွေကို တတ်စေချင်လို့ ငယ်ငယ်ကခိုင်းခဲ့ကျပါတယ်။ ငယ်ငယ်တုန်းကတော့ အဖေခိုင်းခဲ့တာကို ပင်ပန်းတယ်ဆိုပြီးတော့ အဖေကိုဒေါ်သဖြစ်ခဲ့ရတယ် အမှန်တော့လဒ်မြင်တဲ့အဖေက အထူးသဖြင့်ပေါ့ယောကျာင်္းလေးတွေအတွက်ပေါ့နော် သူတတ်ထားတဲ့ပညာပေါ့။ တောင်သူလုပ်ရင်တောင်သူလယ်သမားပညာ၊ ပန်းရံဆရာလုပ်ရင် ပန်းရံပညာသင်ပေးတယ်.... အဖေကသူတပ်ထားတဲ့အမွေလေးတွေကို ပေးလေ့ပေးထရှိပါတယ်။ အစကတော့မသိဘူးပေါ့ကိုယ်က ခပ်ငယ်ငယ်ဆိုတော့လေ။ အဖေအခုလိုပေးခဲ့တဲ့ပညာတွေက တစ်နေ့ဘယ်နေရာမှာအသုံးဝင်မလည်းဆိုတာကို ကိုယ်လည်းမသိဘူးလေ။ ဒါပေမဲ့ဘယ်ပညာဆိုတတ်ထားတာအကောင်းဆုံးပါပဲတဲ့ မလုပ်ချင်နေပါတတ်ထားတာ အကောင်းဆုံးပါပဲတဲ့။ ဒါပေမဲ့ မိဘတွေက သူတို့တတ်ထားတဲ့ပညာတွေကိုသာသင်ပေးတာပါ သားသမီးတွေကို တကယ်မလုပ်ခိုင်းပါဘူး သားသမီးတွေ ပင်ပန်းမှာကိုသူတို့မကြည့်ရက်ကျဘူးလေ။ အရမ်းနဲ့ဆင်းရဲနွမ်းပါးတဲ့ မိဘတွေဆိုရင်တော့ သားသမီးတွေကို ပညာအမွေလည်း မပေးနိုင်ပိုက်ဆံကလည်းမရှိတော့ သားသမီးတွေကို ငယ်ငယ်ကလေးတည်းက အလုပ်လုပ်ခိုင်းရပါတယ်။ အဲ့လိုအလုပ်လုပ်ခိုင်းပေမဲ့လည်း မိဘတွေရဲ့ စိတ်ထဲမှာတော့ သားသမီးပင်ပန်းတာကို ဘယ်ကြည့်ရက်မလည်း မတတ်သာတဲ့အခြေအနေကြောင့်သာ အလုပ်လုပ်ခိုင်းရတာပေါ့လေ။ ဘယ်မိဘကမှ ကိုယ့်သားသမီးကို ဆင်းရဲတာမမြင်ချင်ဘူးလေ ချမ်းချမ်းသာသာနဲ့ အဆင်ပြေတာကိုပဲမြင်ချင်ကျတာလေ။ ဒါပေမဲ့လည်း ဘဝဆိုတာကလည်း ကိုယ်ဖြစ်ချင်တိုင်းမှာဖြစ်ခွင့်မရှိတာလေ ဘဝဇတ်ဆရာရဲ့ အစီအစဉ်အတိုင်းလည်ပတ်နေကျတာလေ။
ငယ်စဉ်တောင်းကျေး ကျွေးမွေးစောင့်ရှောက် ပင်ပန်းမှုကိုဘေးမှာထား ငါ့သားသမီးရှေ့ရေး မျှော်ရေးတွေးလို့ နေ့စဉ်ညဆက် အလုပ်လုပ်က ကျွေးမွေးခဲ့တဲ့ အဖေ ပညာတွေစုံ သော်လည်း ကြင်ရာလေးပါရှာပေး မပင်ပန်းနိုင်အား စိတ်စွမ်းအားက ပိတီတွေဖြာ ချစ်သော သားသမီးတွေအတွက်ပါ ပိတီအပြုံးနဲ့ အဖေရဲ့ မျက်နှာကို ပြေးမြင်လည့်ပါ အဖေ။

တစ်ချိန်တုန်းက ဒုက္ခ၊ ခုတော့ ဟာသ

ဘာရေးရမလည်းတော့ မသိဘူး..အဖြူရောင် (ဝှိုက်) ကတဂ်ထားတယ် အားရင်ရေးပေးပါတဲ့ အားရင်ရေးပေးပါဆိုတော့လည်း ဘာရေးရမှန်းမသိတာ အမှန်တော်...... ရေးတော့ရေးပေးလိုက်အုံးမယ် မရီရရင်တော့ မပြောကျနဲ့နော်။ ငယ်ငယ်တန်းကပေါ့နော် ဆယ်တန်းကျောင်းသားဘဝတုန်းက တော်တော်လေးကိုကြိုးစားခဲ့တယ်(ထင်လား) အမှန်တော့ ဘာမှမကြိုးစားခဲ့ဘူး တော်တော်လေးပျင်းတာ ကျောင်းတက်ရင် ဘာမှမလုပ်ဘူး သူငယ်ချင်းတွေနဲ့ လျောက်သွားတယ် အတန်းလည်းမတက်ဘူး။ မှတ်မှတ်ရရ ပေါ့နော် သူငယ်ချင်းတွေနဲ့စလိုက်နောက်လိုက်ပြောင်လိုက် လုပ်နေတာနဲ့အရမ်းပျော်ဖို့ကောင်းတယ်။ ကျွန်တော်တို့ကျောင်းက တွဲဖက်ကျောင်းကနေပြီးတော့ ဆယ်တန်းအောင်လာတာဆိုတော့ ညဆိုရင်ကျောင်းမှာပဲ စာသင် ကျောင်းမှာပဲအိပ်ပေါ့နော်။ အားလုံးက ကျောင်းအိပ်ကျောင်းစားလုပ်ကျတယ် ကောင်မလေးတွေကတော့ ကျောင်းမှာမအိပ်ကျဘူး သူတို့မိဘတွေက လာလာကြိုကျတယ်လေ တစ်ညသားကိုတိုးလေး တို့ဖွတ်ကြောင်တာ (ဟုတ်ဘူးနော်) ကောင်မလေး တစ်ယောက်နောက်ကိုလိုက်တာ သူငယ်ချင်းပါပဲ သူကပြန်ရမှဝေးလို့ မိဘတွေက မအားလို့လာမကြိုနိုင်လို့ ကိုတိုးလေးကို အကူအညီတောင်းတယ် အံကိုက်ပဲကိုတိုးလေးတို့ကလည်းအဲ့လို မျိုးစောင့်နေတာလေ။ သူငယ်ချင်းကိုလိုက်ပို့တာ ည(11) လောက် ကျွန်တော်ရယ် သူငယ်ချင်းမိန်းခလေးနှစ်ယောက်ရယ် ကျွန်တော်လိုက်ပို့မဲ့ကောင်မလေးရယ် ဆိုတော့စုစုပေါင်းလေးရောက်။ အတူတူသွားကျတယ် ကိုတိုးလေးကတော့ သူငယ်ချင်းကိုလိုက်ပို့တာပေါ့လေ။ အဲ့မှာကျွန်တော့်သူငယ်ချင်း ယောကျာင်္းလေးတစ်သိုက်က ကျွန်တော်ကောင်မလေး သုံးယောက်ကိုလိုက်ပို့တယ်ဆိုတာ ဘယ်လိုသိလည်းမသိဘူးလိုက်လာတာ ကျွန်တော်ကမသိလိုက်ဘူး။ ကောင်မလေးတွေကိုက ဘုန်းကြီးကျောင်းဝန်းကိုကျော်ပြီး လိုက်ပို့ရတာဆိုတော့ ခပ်လန့်လန့်ရယ်......... ဘုန်းကြီးကျောင်းက ည၁၁ နာရီ ၁၂ လောက်ဆိုရင် ဘယ်သူမှမသွားရဲကျဘူး သရဲကြောက်လို့လေ။ ကိုတိုးလေးက ဖွန်ကြောင်ပြီး သူငယ်ချင်းသုံးယောက်ကိုလိုက်ပို့ပြီးပြန်အလာမှာ ငတတွေက သစ်ပင်မှာကွယ်ပြီးတော့ သရဲခြောက်ကျတယ်လေ။ ပြန်လာတာကလည်းတစ်ယောက်တည်းရယ်။ ငတ သုံးကောင်က သစ်ပင် သုံးပင်ကနေ နေပြီးတော့ တစ်ယောက် စီခြေသံတွေပြ အသံတွေပေး ကိုတိုးလေးတို့ဘယ်ရမလည်း အာဇာနည်သွေးပါတာ ပုဆိုးကို ကုတောင်းကျိုက် ဖိနပ်လေးကိုလက်ကကိုင်ပြီး ပြေးလိုက်တာ လုံးလို့ကျောင်းကိုသာတစ်ခါတည်းပြန်ရောက်တယ်။ ကျောင်းရောက်တော့ ဆရာကမေးတယ် ဘာဖြစ်လာတာလည်းလို့မေးတာ မဖြေနိုင်ဘူး လူကမောပြီးတော့လေ ဆရာမေးတာကိုဘာမှာတောင်ပြန်မဖြေနိုင်ဘူး ရေ အရင်သောက်ရသေးတယ် နောက်မှာအမောပြေတော့မှသရဲခြောက်တယ်လို့ပြောလိုက်တော့မှာ ဝိုင်းရီကျပါလေရောလား။ ဆရာနဲ့ကျောင်းက သူငယ်ချင်းတွေ ဝိုင်းရီတော့လူကကြောင်တောင်ကြောင်သွားတယ် ဘာလို့ရီတာလည်းပေါ့နော်။ သရဲခြောက်ပါတယ်ဆိုမှာသူတို့ကဝိုင်းရီကျတယ်ပေါ့နော်။ နောက်တော့ဘယ်ဟုတ်မလည်းဆရာကပြောပြတော့မှာ ဘယ်က သရဲရမှာလည်း မင်းသူငယ်ချင်းငတ သုံးကောင်က မင်းကို နောက်ကလိုက်နောက်နေတာကို မသိဘူး။ ဖွန်ကြောင်ချင်တဲ့ကောင်တဲ့မှတ်မလားတဲ့ ပြေးလိုက်ရတာကိုပြောမနေပါနဲ့ အဲ့တုန်းကတော့ဒုက္ခလား သရဲကြောက်တာလားတော့ မသိဘူးအခုပြန်တွေးကြည့်ရင်တော့တော်တော်လေးကိုရီရတယ်ထင်တာပဲ။ ဝှိုက်ရေ ရေးပေးပါဆိုလို့ရေးပေးလိုက်တယ်နော်၊ ကောင်းလားမကောင်းလားတော့မသိဘူး သိပ်ပြီးတော့ စဉ်းစားလို့မရတော့လို့ ငယ်ငယ်က သူငယ်ချင်းတွေနဲ့အမှတ်တရရှိတာလေးကို သတိရလို့ရေးပေးလိုက်တာပါ။ ကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။အဆင်ပြေပါစေနော်။

မျှဝေခြင်း

လူဆိုတာ မနေ့ကထက်ဒီနေ့ ပညာပိုရှိလာရမယ်။အသက်ကြီးလာတာနှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမယ်။ဒါအတွက် ဘာလုပ်ရမလဲ။ စာဖတ်ပါ...နေ့စဉ်ဖတ်ပါ...စာကောင်းပေကောင်းတွေကိုရွေးဖတ်ပါ။ကိုယ့်အလုပ်အတွက် ကိုယ့်ဘ၀အတွက် အသုံးဝင်မည့်အရာကို ဦးစားပေးဖတ်ပါ။ အလုပ်တွေများလွန်းလို့ စာအုပ်ဆိုတာ ကောက်တောင်မကိုင်နိုင်ဘူး။ အချိန်မရှိဘူးဆိုတဲ့ ဆင်ခြေမျိုးမပေးပါနဲ့။ အနည်းဆုံး ညအိပ်ရာဝင်တော့မယ်ဆိုရင် အချိန်၁၅မိနစ်လောက် စာဖတ်တဲ့ အလေ့အကျင့် တစ်ခုကိုလုပ်ပါ၊ တစ်နေ့၁၅မိနစ်ဆိုလျှင် တစ်နှစ်မှာနာရီပေါင်း၉၀ ဖတ်ဖြစ်မယ်။ အိပ်ရာဝင်အဆင်မပြေလျှင် အိပ်ရာထ ဒါမှမဟုတ် နေ့လည်အဆင်ပြေတဲ့အချိန်မှာဖတ်ပါ။ ဖတ်မည့်စာအုပ်တွေကိုရွေးထားပါ။ လက်လှမ်းမီရာမှာထားပါ။ အိပ်ထဲဆောင်ထားလို့ရ လျှင်ဆောင်ထားပါ။ အဲဒီလိုလုပ်လျှင် တစ်နေ့ ၁၅မိနစ်ထက်ပိုရမှာသေခြာတယ်။တစ်ခု သတိထားဖို့က စာအုပ်ကောင်းတွေ ရွေးဖတ်ဖို့ဖြစ်တယ်။ နောက်ပြီး အလိမ္မာ စာမှာရှိတယ်ဆိုပေမယ့် အထဲကအလိမ္မာ လူဆီရောက်ဖို့ပိုအရေးကြီးတယ်ဆိုတဲ့ ဆရာတော် သျှင်သေဌိလ ဆုံးမစကားကိုမမေ့ပါနဲ။ ငါဘွဲ့လည်းရပြီးပြီ၊ နေရာကောင်း တစ်ခုလည်းရပြီ၊ ဆက်လေ့လာစရာ ဖတ်စရာမလိုပါဘူး ဆိုတဲ့ အယူအဆပြပြီး ပေါ့ပေါ့မနေပါနဲ့။ လွယ်တာကို လုပ်ချင်တဲ့သဘောတွေကို ဖျောက်ပါ။ဒါတွေဟာလေ့လာဖတ်ရှုမှုနှင့်ဘ၀တိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေတယ်။ ဘာကိုပဲဖြစ်ဖြစ် အရူးအမူး မစွဲလန်းပါစေနဲ့၊ လူကိုပဲဖြစ်ဖြစ်၊ ပစ္စည်းကိုပဲဖြစ်ဖြစ် ၊ ဖျော်ဖြေမှု တစ်ခုကိုပဲဖြစ်ဖြစ် အရူးအမူး မစွဲလန်းပါစေနဲ့။ ဒါဆိုဘ၀သေသူတစ်ယောက် ဖြစ်သွားနိုင်တယ်။ဘ၀ရှင်တက်ကြွနေဖို့အတွက် ဝေဖန်ပိုင်းခြားတွေးတောမှု (Critical thinking)၊ဖြန့်ကျက်တွေးတောနိုင်မှု (Lateral thinking) တွေရှိဖို့လိုတယ်။ အရာရာကို ခံစားမှုဖြင့် မဖြေရှင်းပါနဲ့။ဆင်ခြင်မှုဖြင့် ဖြေရှင်းပါ။ဂုဏ်သိက္ခာဖြင့် မိမိရဲ့မျှော်မှန်းချက်ပန်းတိုင်ရောက်အောင် ကိုယ့်ကိုယ်ကိုယ် ရိုသေလေးစားစေမည့် စည်းကမ်းထားရှိပြီး လုပ်ကိုင်ပါ။ ပျော်ရွှင်ချမ်းမြေ့ ငြိမ်းချမ်းတဲ့ ဘ၀ကို ထူထောင်နိုင်ဘို့ ကိုယ်ကျင့်သိက္ခာကို မြင့်မားအောင်ထိန်းသိမ်းစောင့်ရှောက်ပြီး၊စင်ကြယ်မြင့်မြတ်မှုကို တန်ဖိုးထားဖို့လိုပါတယ်။ ကိုယ့်အတွက် အကျိုးရှိတာလည်းလုပ်ရတယ်။အများနှင့်နိုင်ငံ အကျိုးရှိမည့် အလုပ်လည်းလုပ်ရမည်။ကိုယ်အဆင်ပြေနေပေမယ့် ကိုယ့်ဝန်းကျင်က လူတွေ အဆင်မပြေတာတွေများရင်၊ကိုယ်လည်းအဆင်မပြေဖြစ်လာမှာပဲ။ အိမ်ကောင်းကောင်း၊ ကားကောင်းကောင်း၊ အဖိုးတန် ပစ္စည်းကောင်းကောင်းတွေနဲ့ နေနိုင်ဖို့ အထိုက်အလျောက် လိုအပ်ပေမယ့်၊ အဲဒါတွေရှိရုံဖြင့် ဘ၀အဆင့်အတန်းမြင့်တယ်လို့မဆိုနိုင်ဘူး။ အဆင့်မြင့်တဲ့ ဘ၀ဆိုတာ အဆင့်အတန်းမြင့်တဲ့ ကောင်းမွန်တဲ့ စိတ်အရည်အသွေးကို ပြောတာဖြစ်တယ်။ စိတ်အရည်အသွေး တိုးတက် ကောင်းမွန်ဖို့ အတွက် ၊ဒါနသီလနဲ့ ဘာဝနာလိုတယ်။ဒါနထက် သီလက ပိုမြင့်မြတ်တယ်။သမာဓိကောင်းပြီး စိတ်ကိုကြည်လင်သန့်ရှင်းစေတဲ့ အသိဥာဏ်ဖြစ်စေတဲ့ ဘာဝနာက ပိုမိုမြင့်မားတယ်လို့ဆိုတယ်။ သမာဓိထူထောင်ပြီး စိတ်ကိုတည်ငြိမ်အေးချမ်းအောင် လုပ်တာဟာ ပညာရေးပိုင်းမှာအလွန်အထောက်အကူရတယ်။ စိတ်တည်ငြိမ်အေးချမ်းနေလျှင် ဘာပဲလုပ်လုပ်အချိန်ကုန် သက်သာတယ်။ မြန်မြန်ဆန်ဆန် အေးအေးဆေးဆေးနဲ့ ပြီးတယ်။အမှားအယွင်းနည်းတယ်။ ကိုယ့်ဘ၀ကိုယ် တကယ် အသက်ရှည်စေချင်တယ်ဆိုရင် မလုပ်မဖြစ်လုပ်ရမှာက သတိဖြင့်နေတာဖြစ်တယ်။ ဒါကြောင့်နေ့စဉ်တရားထိုင်ပါ။ အချိန် အနည်းငယ်ပဲ ဖြစ်ဖြစ်ထိုင်ဖြစ်အောင်ထိုင်ပါ။ ကုသိုလ်စိတ် ဖြစ်နေအောင်လုပ်ပြီး ၊ကုသိုလ်စိတ်ဖြစ်နေရင်လည်း သိရမယ်၊ကိုယ့်စိတ်မှ ကိုယ်မသိလျှင် တခြားဟိုအကြောင်း၊ဒီအကြောင်းတွေ သိနေရုံနဲ့ ပညာတတ်လို့ မဆိုနိုင်ဘူး၊ဒါကြောင့်ပညာတတ်ဖြစ်ချင်လျှင် တရားကိုလေ့ လာအားထုတ်ပါ။ အခုလုပ်နိုင်သလောက် လုပ်ပါ။သိပ်ကောင်းလွန်းအားကြီးပြီး သိပ်မြင့်လွန်းနေလို့ လိုက် မမီတာတွေကို ခုမလုပ်နိုင်သေးပေမယ့်၊ တစ်နေ့နေ့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါ။တစ်ကြိမ်တည်းနဲ့ ထိပ်ဆုံးရောက်အောင် မကြိုးစားပါနဲ့။ တစ်ကြိမ်ထက်တစ်ကြိမ်ပိုကောင်းအောင်သာ ကြိုးစားပါ။ကောင်းတာတွေကို ယခုလုပ်နိုင်သလောက် လုပ်ဖို့ အရေးကြီးတယ်။လုပ်လို့ဖြစ်တာကိုမလုပ်ပါ။ လုပ်နိုင်တာကိုမလုပ်ပဲ အကြီးအကျယ်လုပ်မည် လို့စဉ်းစားနေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။လောလောဆယ် တတ်နိုင်သလောက် အကောင်းဆုံးလုပ်ပါ။ နိုင်ငံအကျိုး၊ လူသားအကျိုးဆောင်ရွက်နိုင်တဲ့ အမျိုးကောင်းသား၊ သမီးများဖြစ်ကြပါစေ။
ကျွန်တော်ဖတ်ဖူးတဲ့ ဖေမြင့် စာအုပ်ထဲက စာသားလေးတွေပါ ကြိုက်လွန်းလို့တင်ပေးလိုက်တာပါ။
တကယ်ဖတ်ကြည့်ရင်တော့ စာအုပ်လေးတွေက တော်တော်လေးကောင်းပါတယ် အားလုံးပဲ အဆင်ပြေပျော်ရွှင်ကျပါစေနော်။

လွဲချော်ခြင်းများ

လွဲချော်ခြင်း
အဖြူရောင်သန်းတဲ
့နှလုံးသားနံရံလေးတစ်ခုပေါ်မှာ
ရောင်စုံပန်းချီကားလေးတစ်ချပ်ဆွဲဖို့ 
စည်းချက်မညီတဲ့ ရင်ခုန်သံတွေနဲ
့နှစ်ယောက်အတူ မျှော်လင့်ခဲ့ဖူးတယ်..........။
မိန်းမသားဘ၀မို့ 
စတင်ရေးဆွဲဖို့ လည်း
ငါ့မာနက ခွင့်မပြုလေတော့
မင်းဆွဲလာမယ့်တစ်နေ့ ကို စောင့်စားရင်း
အစဉ်အလာဆိုတဲ့  စည်းဝိုင်းထဲမှာ
ရင်ခုန်စွာပဲ တံခါးစေ့ထားခဲ့ ရတာပါ...
အနြေရှင်ကြီးမင်းက
သိတ်ခါကို ရှေ့ တန်းတင်ပြီး
အဖြူရောင်ကို စွန်းထင်းမှာစိုးလို့ ဆိုတဲ့ 
အကြောင်းပြချက်နဲ့ 
ခံစားချက်တွေကို လစ်လျူရှု
ရင်ခုန်သံတွေကို ဥပေကာပြုခဲ့ တယ်လေ...။
အခုတော့
တစ်ယောက်သောသူနဲ့ 
ပန်းချီတစ်ချပ်ကို
မင်း ခံစားရေးဆွဲနေလေရဲ့ ...........။
သူငယ်ချင်းမိန်းခလေးရဲ့ကဗျာလေးကို တင်ပေးတာပါ၊ ကျွန်တော်ရေးတာတော့မဟုတ်ဘူး သူရေးပြီးပို့လိုက်တာပါ။

ရင်တွင်းလေး

ရင်မှာ အနာတရ
ဒဏ်ရာရအောင် မင်းလုပ်ခဲ့လည်း
ငါ့ရင်ထဲက မင်းကိုမေ့လို့မရပါ
ဆက်ပြီးတော့ စီးဆင်းနေတဲ့မြစ်ဟာ
ပြောင်းပြန် ပြန်မစီးဆင်းနိုင်သလို
ငါ့နှလုံးသားထဲမှာ မင်းဆိုတာ မရှိတော့ဘူး
ဒဏ်ရာ ပလပွနဲ့ နာကျင်အောင်လုပ်ပြီးမှာ
တောင်းပန်ပါတယ်ဆိုပြီး
ငါ့ရဲ့ရင်ကို
မင်းခွဲရတာ အားမရလို့
နောက်တစ်ခေါက်ထပ်ခွဲချင်တာလား
စုတ်ပြတ်နေတဲ့ မင်းရဲ့အကျင့်တွေနဲ့
နာကျင်နေတဲ့ ငါ့နှလုံးသားကို
မင်းနောက်တစ်ခါ ထပ်မနှိပ်ဆက်ပါနဲ့တော့
တောင်းပန်ပါတယ်
မင်းငါနဲ့အဝေးဆုံးကို ထွက်သွားပေးပါ
နှလုံးသားတွေ နာကျင်လွန်းလို့ပါ။
ငါ့ရင်ထဲမှာ မင်းဆိုတာ သေဆုံးသွားပြီ
ပြန်လည်ရှင်သန်နိုင်မှာမဟုတ်တော့ဘူး။

နှစ်သိမ့်ဆု

ကောင်းကင်ကြီး
ငါဟာ
မင်းရင်ခွင်မှာသာတဲ့
လမင်းမဖြစ်ခဲ့ရင်တောင်
ကြယ်စင်မှိန်မှိန်လေးအဖြစ်နဲ့
မထင်မရှား
ထာဝရလင်းလက်ခွင့်လေးတော့
ရပါစေ။

အချစ်ကြောင့် ငါသည်

လေတိုက်တိုင်း သစ်ရွက်မကြွေသလို
ရန်ခုန်တိုင်းလည်း မချစ်ခဲ့ပါဘူး
မင်းနဲ့ကျမှ
ကိုယ့်အကြည့်က
ကောင်းကင်တစ်ခု ဖြစ်ပေမယ့်
မင်းအကြည့်တစ်ချက်အောက်မှာ
ကိုယ်ကျရှုံးခဲ့ရပါတယ်
ငလျင်လှုပ်တိုင်း မြေမပြိုသလို
မျက်လုံးချင်းဆုံတွေ့တိုင်းလည်း
ကိုယ့်စိတ်မယိုင်ခဲ့ပါဘူး
မင်းနဲ့မှသာ
ခံစားချက်အပြည့်နဲ့
"ချစ်ပါတယ်" ဆိုတဲ့စကားကို
မင်းနဲ့မျက်နှာချင်းဆိုင်ပီး
ပြောချင်ပါတယ်
ဒါပေမယ့် ငါ့ဘက်က
အရာရာနှိမ့်ကျနေတော့
တကယ်ပဲဆွေးရမှာလား
မင်းတကယ်ကို ငါ့ဘ၀နဲ့ရင်းပီး
စောင့်ရှောက်ချင်ပါတယ်
ဒါပေမယ့် ဘ၀ကအခြေနေတွေ
မတူတော့
တကယ်ပဲ ဝေးရမှာလား
လူတစ်ဦးအတွက်
မတူဘူး မတန်ဘူးဆိုတဲ့
အရာတွေရှိသလား
အဲဒီလိုသာရှိခဲ့ရင်
ငါ့နှလုံးသားတွေ
တကယ်ပဲကြေကွဲရမှလား

အချစ်အိပ်မက်

အတိတ်ကိုဘေးမှာထား
ပစ္စုပန်ကိုမျက်မှောက်ပြု
အနာဂတ်ကိုမတွေးတောဘဲ
ငါမင်းကိုချစ်နေမယ့်
ငါ့အချစ်ကိုနင်းချေ
အမုန်းကိုပေးဝေလို့
မင်းငါ့ကိုစွန့်သွားခဲ့လည်း
ခါးသီးမှုကို ရင်မှာပိုက်
အလွမ်းမျက်ရည်ကို
ကဗျာအဖြစ် ချွေချပြီး
ငါမင်းကို သတိရနေမယ်
အာရုံမှာပုံပေါ်
အတွေးတွေကို နယ်ချဲ့ဝေ
ပရမ်းပတာ ၀င်နှောက်လေတဲ့
အချစ်ဆုံးသူရဲ့ အလှတရားကို
အိပ်မရတဲ့ နှလုံးသားထဲ
အိပ်မက်အဖြစ် ကဗျည်းထိုးထားမယ်....။

မွေးနေ့ရက်ဆီကျန်ခဲ့ပြီပေါ့နော်.........

ကျွန်တော့်မွေးနေ့ဟုတ်ဘူးနော်............ ချစ်ရတဲ့သူကျန်ခဲ့ပြီ ..........
တစ်နှစ်ကိုငုံ လှည့်တစ်ခါကျ
မွေးဖွားခြင်းမှ လောကတစ်ခွင်
လူဖြစ်တွင်တဲ့ ချစ်ရသူရေ ...
မပိတ်မသုံ စိတ်အစုံက
ရော်ရီလူးလို့ မျှော်ရည်ဖူးပြီး
အရောက်လှမ်းချင်တဲ့ တစ်ထောက်နန်းက
ချစ်ရသူရဲ့ မွေးနေ့ရက်ဆီ ...
ပူခြင်းတစ်သွယ် သွန်းဖြိုးမိုးနဲ့
အေးစိမ့်လှတဲ့ ဒီဆောင်းပိတ်မှာ
ချစ်ရသူတွက် တစ်နှစ်ကူးလို့
တစ်ရက်ထူးတဲ့ မွေးနေ့မင်္ဂလာ ...
အချိန်နေ့ရက် မိုးမြေမထပ်
စိုးရေတွက်ရင် ချိုးရေလက်မှာ
တိုးနေနှစ်က တစ်နှစ်ပြီးတစ်နှစ် ...
၂၅ပင် ပြည့်သော်ညားလည်း
ရိုးနေမကျ သတိတွေရလို့
ရင်ဘတ်ဟောင်းမှာ ခေတ်ကြောင်းမလှ
ပစ်နှောင်းခဲ့လည်း ဆက်ချစ်နေတယ် ...
မွေးနေ့ချိန်မှ သာယာအလင်း
အေးမြခြင်းက ဘ၀ခဏ
ဖြစ်တည်ချိန်ကို ကျော်ကာဖြတ်လို့
ယခုချိန်စ နှစ်ပေါင်းရာကျော်
တည်ပါစေသော် ...။

၁၄ မလိုတိုကဗျာလို

အချစ်ဆိုတာက
ချစ်သူများနေ့အတွက်ဖြစ်လာတာလား
မင်းကို ငါချစ်တယ်လို့ဖွင့်ဟဖို့
စောင့်နေခဲ့တာ
ဖေဖော်ဝါရီ 14 ရက်မဟုတ်သလို
ငါ့ရင်ထဲမှာ မင်းရှိနေရင်
ချစ်သူများနေ့ဆိုတာက
နေ့ရှိသမျှကို ဖြစ်နေမှာပါ။
အချစ်ဆိုတာ မရိုးနိုင်သလို
ငါ့ မင်းကိုချစ်တဲ့အချစ်ဟာလည်း
စာဖွဲ့လို့မကုန်နိုင်ပါဘူး။
အချစ်ကိုရိုးမယ်ဖွဲ့လို့
ကုန်မယ်ဆိုရင်
ငါရေးနေတဲ့ အချစ်ကဗျာတွေက
ခြောက်ခမ်းခမ်းနဲ့
ဆားငံနေတဲ့ပင်လယ်ရေသောက်သလို
သောက်လေ သောက်လေငတ်မပြေ
ငါ့ရဲ့ အချစ်ကလည်း
မင်းနဲ့တွေ့မှာ
နေ့တိုင်းကို ချစ်ချင်နေတာ အမှန်ပါ
အကျင်နာတကယ်
အချစ်စစ်မှန်လျှင်
ချစ်သူများနေ့မှာစပြီး
နောက်နှစ်စဉ်တိုင်းချစ်သွားနိုင်မယ်လို့
“.........” ကိုလေ
နှစ်နှစ်ကာကာချစ်ခဲ့တာပါ လို့လေ......
ရင်ဝယ် အချစ် အမှန်စစ်လျှင်
“...........” သိအောင်ပြောပြပေးပါ
သော်တာလမင်းကြီး။
ကယ်တင်ဆောင်နှင်း
ကြယ်စင်လေးမင်းက
ငါ့အနားမှာမခွာ
နေပါသော်လည်း
ချစ်တယ်ဆိုတဲ့
ဒီစကားလေးက
ငါ့အတွက်တော့
အားမာန်တွေထက်
သွက်လက်စေမဲ့
အားကောင်းတစ်လက်
လက်ကိုင်စွဲလို့
နှောင်နှစ်များစွာလည်း
ဆက်လက်ချစ်နိုင်ပါစေကြောင်း
ရင်နှင့်ရင်းပြီး ဆုတောင်းနေပါတယ်။
ကိန္ဒရီချောင်းခြား
ကိုယ်တို့နှစ်ဦးကြား
မရှိရစေကြောင်း
ဒီကနေ့မှာစပြောင်း
ပေါင်းရစေကြောင်း
ထပ်လောင်းဆုတောင်း
ပြည့်ပါစေကြောင်း
တောင်းဆုချွေလျှက်ပါ ချစ်သူ............

ရုန်းရင်းကန်ရင်း

လေထန်တိုင်းသာပွင့်ကြွေပါမှု ဘယ်မှာပန်းများကျန်မည်နည်း။
လှိုင်းထန်တိုင်းသာ ကမ်းပြိုပါမှု ဘယ်မှာမြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမှု ဘယ်မှာမျက်ရည်ကျန်မည်နည်း။
အမှောင်တစ်ဝက် အလင်းတစ်ဝက်သည် တစ်ရက်တစ်ခါကြုံရမယ်
ရှုံးတစ်ခါ နိုင်တလည့်
မျက်လှည့်ပမာ
လူလောကတွင်
တွေ့မြဲသတည်း။
လှုပ်ရှားရသော လူ့ဘဝတွင်
လင်းသော
မှောင်သော
အောင်သော
ရှုံးသော
ချစ်သော
မုန်းသော
သစ်သော
ဟောင်းသော
ပူသော
အေးသော
နုသော
ကြမ်းသော
ဆေးကြောစိတ်ဖြာမနေသာပေ
လဲရာကထ
ကျရာကတက်
ပျက်ရာကဆောက်
ရှေ့သို့ရောက်ပြီး
ရောက်ရာဘဝ အားမာန်ပြုရင်း
ရုန်းကန်ရမည်သာတည်း။

သားလိမ္မာ

ပေးစရာ တစ်သောင်းခွဲရယ်နဲ့
ကြွေးအသပြာ ခေါင်းခဲစရာမို့
မောင်းတစ်ပွဲနဲ့ ဘော်ဒီပြန်
ရှေ့လက ရေမတင်းတာကြောင့်
တွေ့သမျှ ဆွေအရင်းဆီက
နွားတစ်ရှဉ်း ယာခင်းအရည်ဖျော်လို့
သားတော်ကို ဒက်ဒီပို့ပေးခဲ့
မဒီပျို့ ချွေးမလောင်းအတွက်ကိုဖြင့်
ကျောင်းထက်မှာ
ပေါင်းဖက်ကာအနေတင့်စေဖို့
ဒေါက်မြင့် တစ်ရံ ကျောင်းလခ ကျန်စာရင်းငဲ့ပြင်
မောင်းချကာ အမြန်ဆင်းပါတော့
အဆောင်မှူးရယ်က
မာန်တင်းလို့ကြမ်း
အသောအလွမ်း
အမော အပန်းပြေစေဖို့
တောထန်းရည် တစ်မြူမှီးတဲ့ပင်
ဘူကြီးတွေ ဖန်တစ်ရာဆွဲသော်လည်း
ကံကြမ္မာတွေ
စန်းလာဘ်နည်းတာကြောင့်
ပြန်စရာငွေ လမ်းခက်ခဲပါပေါ့
မှန်းချက်လွဲ အခြေမယိမ်းစေဖို့
အဖေ့အမွေ ဒီစက်ဘီးကိုတော့
အိုကွယ်
သူများဆီမှာ သိမ်းထားလိုက်ပါ့မယ်....။

အဖြည့်ခံ

မြင်လှည့်ပါ
မင်းအနားမှာရှိတဲ့ငါ့ကိုလေ
ပြောလှည့်ပါ
မင်းအတွက်ရင်ဖွင့်စရာတွေရှိတဲ့အခါ
ခေါ်လှည့်ပါ
ငါ့ကိုမင်းအကူအညီလိုအပ်တဲ့အခါ
မေ့ထားပါ
ငါ့ကို မင်းဘဝမှာပြည့်စုံနေရင်မေ့ထားလိုက်ပါ
ထားခဲ့ပါ
ငါ့ထက်မင်းဘဝကို ပေးဆပ်နိုင်တဲ့သူကိုတွေ့တဲ့အခါ
သတိရလိုက်ပါ
ငါ့ကို မင်းအခက်အခဲတွေကြားရောက်ရင် သတိရလိုက်ပါ။
ငါကတော့ မင်းဘဝအတွက်အဖြည့်ခံသက်သက်ပါပဲကွာ
မောင်စိန်ဝင်း( ပုတီးကုန်း)

ဆန္ဒ

ဘေးအန္တရာယ်အသွယ်သွယ်တို့မှ
လွတ်မြောက်ပါစေကြောင်း ဆုမတောင်းလိုပါ
၎င်းတို့ကို ရင်ဆိုင်နိုင်ရန်အတွက်သာ
အကြောက်အရွံကင်း စွာနဲ့ရင်ဆိုင်နိုင်အောင်သာ
စိတ်ထားကို မွေးမြူထားသင့်သည်။
ဝေဒနာမှ သက်သာရာရစေကြောင်း
မတောင်းဆိုချင်ပါ။
ဝေဒနာကို အောင်နိုင်အောင်
ခံနိုင်စွမ်းရည် စိတ်နှလုံးကိုသာ ရချင်ပါ၏။
ဖြစ်နိုင်လျှင် ပြဿနာအလုံးကို ရင်ဆိုင်ရဲတဲ့
သတ္တိ၊ ဇွဲ၊ တို့ရှိဖို့လိုအပ်ပါသည်။
မဖြစ်မနေကြုံတွေ့ရမည့် လောကဓံရဲ့
အလည့် အတောင်းကိုရင်နာနာနဲ့ခံနိုင်ရည်ရှိအောင်
ကိုယ့်ဘက်က အတတ်နိုင်ဆုံး
ခံနိုင်ရည်ရှိအောင်ပြင်ဆင်ထားရမည်။

ခေါင်းစဉ်မရှိ..........

စာမေးပွဲကလည်းနီးလာပြီ စာတွေကလည်းကျက်လေမေ့လေဆိုတော့လည်း ဘယ်လိုလုပ်ရမလည်းမသိဘူးနော်။ အဲ့ဒါနဲ့ပဲ အချိန်လေးရတုန်းသတိရလို့ဆိုပြီးတော့ အရင်တင်ထားတဲ့ကဗျာအဟောင်းတွေပါ ကြာပါပြီတင်ထားတာ အဲ့ဒါလေးအခုပြန်တင်ပေးလိုက်တာပါ..... လောလောဆယ်တော့ စာမေးပွဲဖြေရအုံးမယ်........ စာတစ်လုံးမှာမရသေးတာတော့အမှန်ပါ။ မှန်သောစကားသာဆိုလို့စာမေးပွဲအောင်ပါစေသားဗျာ။
အချိန်လေးရတုန်း..
တက်လိုက်မယ် Online
စာကြည့်ချိန်လေး ..လုယက်ပြီး
ထိုင်ဦးမယ် Chatting
စာမေးပွဲကြီးနီးလာပြီ
ဘဲဥ မစား..
supply ကြောက်လို့ C plus လည်းရှောင် ။
တစ်နေ့ ဘုရား 10ခါရှိခိုးကာ
Gtalk တက်လို့ ညည်းချင်းရယ်ဆို ...။
စာမေးပွဲက မနက်ဖြန်
ဟိုစာရွက် ကူး .. ဒီစာရွက်လှန်
notes မရှိလို့ မိတ္တူဆိုင်ပြေး
one subject one night လုပ်တာ
စာကြည့်စားပွဲထိုင်..
ထိုင်မယ်ကြံယုံရှိသေး
ဟို့နေ့က ကြိုးစားထားသမျှ...
ဒီနေ့တော့ အိပ်ငိုက်နေပြီမို့
ခဏလေးတစ်ရေးမှေးမယ်ကြံ ။
ကြံယုံပဲ ရှိသေး အိပ်ပျော်သွားပြီမို့ ....
တစ်မိုးသောက်ခဲ့ပြန်ပြီ ။
ခြေဖျားတွေ လက်ဖျားတွေအေး..
အိမ်သာပြေးချင်သလိုလို
စိတ်ထဲရယ် ကတုန်ကရင်..
ဘယ်လိုဖြေရပါ့လိမ့် ။
စာမေးပွဲခန်းဝယ်...
ထိုင်ခုံမှာထိုင် မေးခွန်းကိုသေချာကြည့်
သေချာသိတာ ဘာမှာမရှိ။
အားမလျှော့လေနဲ့.....
ဘေးနားကလူကိုကြည့်
သူလည်းသိတာဘာမှာမရှိ။
အော်... ကိုယ်လို သူလို အတူတူမို့
ဖြီးဖြန်းဖို့ကိုပြင်
မေးခွန်းတောင် နားမလည်တော့
အကျိုးရှိရန် အိပ်ဖို့သာပြင်လေတော့
မျှော်လင့်ချက်ရယ် မရှိ
သစ္စာစကားသုံးခွန်းသာဆို
စာမကျက်ချင်တာအမှန်
chatting ထိုင်တာလည်း ဟုတ်၏
ဘာမှမရတာ သေချာပါသည် ။
ဤမှန်သောသစ္စာ စကားသုံးခွန်းကြောင့်
နောင်အခါတွင်...
ဘေးနားကလူ စာရပါစေသတည်း.....