Showing posts with label Other. Show all posts
Showing posts with label Other. Show all posts

စာမရေးဖြစ်ခြင်း

မနက်ဖြန်ဆိုရင်ပဲ ကျွန်တော့်ရဲ့မွေးနေ့ပါ မွေးနေ့မှာ အရင်တုန်းကလို ဘာမှလည်းမလုပ်နိုင်ပါဘူး ဘလော့နဲ့အဆက်ပြတ်နေတာလည်းကြာနေပါပြီ အလုပ်တွေလည်းများနေလို့ဆိုတော့ ဘလော့ဘက်ထဲလည်း လည့်မကြည့်နိုင်သလို ဘယ်သူ့ဘလော့ကိုမှလည်းသွားမလည်ဖြစ်ဘူးဖြစ်နေတယ်။ အခုတောင် အမှတ်ရလို့သူငယ်ချင်းတွေကို သတိရကြောင်းနဲ့ စာမရေးဖြစ်ကြောင်းတင်ပြခြင်းဖြစ်ပါတယ်။ နောက်မှ အလုပ်တွေပြီးသွားမှပဲ ဘလော့ကို အေးဆေးစွာနဲ့သူငယ်ချင်းတွေဆီကိုလာလည်ရင်း ဘလော့ပြန်ရေးဖို့စိတ်ကူးထားပါတယ် အခုတော့အချိန်မပေးနိုင်သေးလို့ပါ။ သူငယ်ချင်းများ ညီအကို မောင်နှစ်မ များအားလုံးကို အမြဲသတိရနေပါတယ်ခင်ဗျာ။

မြန်မာနိုင်ငံရဲ့တိုင်းရင်းသားဝတ်စုံနဲ့ရိုက်ထားတဲ့ပုံလေးတွေပါ

At 5th Surin International Folklore Festival

ဆိုတဲ့ပွဲလေးမှာ အကသွားကတုန်းကရိုက်ထားတဲ့ပုံလေးပါ......... နိုင်ငံတကာ ယဉ်ကျေးမှုအနေနဲ့ကပြရတဲ့ပွဲလေးပါ ကျွန်တော်တို့က ဘာမှမတတ်ပေမဲ့လို့လည်း မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဝတ်စုံလေးတွေနဲ့တော့ ဝတ်ပြီးတော့ကပြခဲ့ပါသေးတယ်......... အားလုံးကတော့ တော်တော်လေးစိတ်ဝင်စားကျတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဝတ်စုံနဲ့လှပတယ်ပြီးတော့ ဝတ်စုံတစ်ခုခြင်းစီရဲ့ဝတ်စင်ပုံလေးတွေနဲ့ ဘယ်လိုနေရာမျိုးဘယ်လိုပွဲမျိုးလေးတွေမှာဝတ်ဆင်တယ်ဆိုတာလေးတွေကိုပါ ပြောပြပြီးတော့ပြသခဲ့တဲ့ပွဲလေးမှာ အမှတ်တရအဖြစ်ရိုက်ထားတာလေးတွေကို အားလုံးကို ပြန်လည်ပြီးတော့မျှဝေပေးလိုက်ချင်းဖြစ်ပါတယ်ခင်ဗျာ။ အခုပွဲလေးမှာနိုင်ငံပေါင်း (၁၅ ) နိုင်ငံကလာရောက်ပြီးတော့ကပြကျပါတယ်။အဲ့ကနေပြန်လာတာ ၅ ရက်လောက်ရှိနေပါပြီ ပုံလေးတွေတင်မယ် တင်မယ်နဲ့ မတင်ဖြစ်လို့ အခုမှပဲတင်ဖြစ်တာပါ အားလုံးသောညီအကိုမောင်နှစ်မများအားလုံး ပျော်ရွှင်ခြင်းများစွာကိုပိုင်ဆိုင်နိုင်ပြီးတော့ ကျန်းမာကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Myanmar

Lao

Philippines

China

Cambodia

Vietnam

Thailand

Israel

Italy

Lithuania

Finland

Turkey

Sri Lanka

America

India

ညဏ်စမ်းလေးဖြေပေးကျပါအုံးနော်

သစ်ပင်တစ်ပင်က မီတာ ၂၀ မြင့်တယ် ခူရား တစ်ကောင်က နေ့ခင်းဘက်ကို သစ်ပင်ပေါ်ကို ၅ မီတာတက်တယ် ညဘက်ကို ၄ မီတာချောကျတယ်။ အဲ့ဒါ ဘယ်နှစ်ရက်နဲ့သစ်ပင်ပေါ်ကိုရောက်မလည်း။ သိတဲ့သူတွေ အဖြေပေးသွားကျပါနော်............ အားလုံးရဲ့ အဖြေမှန်ကိုသိမှာပဲ နောက်မှာပဲအဖြေပြောပြတော့မယ်။ အားလုံးပဲ အဆင်ပြေပါစေနော် မအားလို့ဘလော့လည်းမလည်ဖြစ်ဘူး ဘာပိုစ့်မှာလည်းမတင်ဖြစ်လို့ ဒီညဏ်စမ်းလေးပဲတင်ပေးလိုက်တာပါနော်။

အဖေများနေ့

သူများဘလော့တွေလိုက်ဖတ်တော့ အဖေများနေ့ရေးထားတာတွေ့တယ်။ ကိုယ်လည်းပဲ အဖေများနေ့မှာ ဘာရေးရရင်ကောင်းမလည်းဆိုပြီးတော့ အမဝါ ဘလော့ကို သွားလည်ရင်းကနေ စိတ်ကူးပြီးရေးလိုက်တာပါ။ လောကကြီးမှာ မိဘများသည်သာလျင် သားသမီးတို့၏ ဘဝအတွက် နားခိုရာအပင်ဖြစ်ပါတယ်။ အဖေ ဟူသည် နေပူ မိုးရွာ မနေသာပေ သားသမီးစားဖို့ ကြိုးပမ်းအားထုတ် မမောမပန်းနိုင် ရှာဖွေကျွေးမွေး တို့အဖေများသည် ထိုကမ္ဘာမှာရှိပါအုံးမလား။ နဖူးကချွေး ခြေမကျသည့်တိုင်အောင် မမောမပန်းနိုင်အား အပြုံးမပျက် အလုပ်လုပ်လျက်ပါ အဖေများသည် သားသမီးတို့အတွက်လုပ်ကိုင်ကျွေးမွေးလာသည်မှာ ခွန်အားများကုန်ခမ်းသည်ဟူ၍မရှိပါ သားသမီးများအတွက်အမြဲတမ်းခွန်အားတွေပြည့်နေပါတယ်။ သားသမီးတွေကို ပညာသင်ဖို့ ပညာတတ်ကြီးတွေဖြစ်၊ ထူးချွန်သူတွေဖြစ်ပြီးတော့ အားလုံးရဲ့အလည်မှာ ပြုံးရွှင်နေတဲ့ အဖေရဲ့မျက်နှာကို မြင်ယောင်မိပါတယ်အဖေ။........... အဖေများနေ့မှာ အဖေများအားလုံးကျန်းမာချမ်းသာကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မြတ်သောမိခင်

ကိုးလလွယ် ဆယ်လဖွား အသက်ကိုပင် ပဓာနမထားတဲ့ “အမေ”
ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ် ဝါးဖက်တော်က ဆီ၊နှစ်တွေနဲ့ နို့ချိုချိုပေး တိုက်ကျွေးခဲ့တဲ့“အမေ”
သားသမီး လူမမယ် ပညာတွေ ကြွယ်စေဖို့ ကျောင်းထားပေးခဲ့တာလည်း “အမေ”
ဈေးတောင်း ခေါင်းရွှက် အပြုံးမပျက်ဘဲ ကျွေးမွေးပြုစုခဲ့တာလည်း “အမေ”
ပင်ပန်းနည်းမျိုးစုံကြုံနေရသော်လည်း လောကဓံတရား နောက်တွန့်မသွားတဲ့ “အမေ”
အမောဝေးဒနာ ရင်မှာရှိသော်လည်း အပြောကတော့ မမောပါဘူးဆိုတဲ့ “အမေ”
သူမတူပါ လူတကာမှာ ရှာမတွေ့နိုင်တဲ့ မေတ္တာမျိုး နဲ့“အမေ”
အရွယ်ပင် အိုသော်လည်း မေတ္တာပင်ကြီး လဲပြိုမသွားအောင် စောင့်ရှောက်ထားနိုင်တဲ့ “အမေ”
သားသမီးတို့ရဲ့ ဘဝလှပအောင် ခြယ်မှုန်းနိုင်တာလည်း “အမေ”
တိတ်တိတ်လေး ချွေးခိုးသုတ် အမောရုပ်ကို ဟန်လုပ်နိုင်တဲ့ “အမေ”
သားသမီးတွေ အဝကျွေး ကျန်တာလေးနဲ့ တင်းတိမ်တဲ့ ”အမေ”
သားသမီးတွေကို အချောဆင် အကြမ်းဖျင်လေးနဲ့ ရောင့်ရဲ့တဲ့ “အမေ”
သားသမီးတို့၏ စိတ်စရိုက် မကြိုက်သော်လည်း မရိုက်ရက်တဲ့ “အမေ”
ရိုးရိုး အအ အကရာကျအောင် စာစီမပြနိုင်ပေမဲ့ ရင်ထဲမှာ အစိုင်အခဲ ယိုင်လဲမသွားတဲ့ ဂရုဏာ တရားနဲ့ “အမေ”
မကောင်းတာပြစ် ကောင်းရာဖြစ်ဖို့ ရှေ့ဆောင်နည်းပြ ဆုံးမသွန်သင် မြတ်မိခင်ကို အစဉ်သာရိုကျိုး လက်စုံမိုးလို့ ရှိခိုးလျက်ပါ “အမေ”
အသက်ကိုပေး ရဲရဲမွေးခဲ့တဲ့ မြတ်သောမိခင် ကျေးဇူးရှင်နှင့် အတူကမ္ဘာရှိငြား မိခင်များကို ရိုသေစွာ ဂါဝရဖြင့် ထာဝရ ဂုဏ်ပြုလျက်ပါ “အမေ”
မှတ်ချက်။ ဒီဟာလေးကိုရေးထားတာကြိုက်လို့တင်ပေးလိုက်တာပါ ကိုယ်တိုင်ရေးထားချင်းမဟုတ်ပါဘူးခင်ဗျာ။ ဘလော့ဂါ သူငယ်ချင်း ညီအကို မောင်နှစ်မ အားလုံး ကျန်းမာပျော်ရွှင်နိုင်ကျပါစေဗျာ။ အမေကိုသတိတရရှိနေစေချင်လို့ ကြိုက်လို့တင်ပေးလိုက်တာပါ။

အဖေ

အဖေအကြောင်းလေးရေးချင်လို့ပါ။ ဘလော့တော်တော်များများမှာ အဖေနဲ့ပတ်သတ်တဲ့အကြောင်းရေးတဲ့ဘလော့နည်းတယ်။ အမေအတွက်ရေးထားတာတွေက ပိုများပါတယ်။ ကျွန်တော်တို့တတွေကို အမေကမွေးပြီးတော့ အဖေက ကျွေးလို့ကြီးပြင်းလာရတာပါပဲ။ မိဘမေတ္တာနှိုင်းဆလို့ မကုန်ဆိုသလို့ ကျွန်တော်တို့ရဲ့ အဖေရဲ့မေတ္တာကလည်းနှိုင်းဆလို့ ကုန်နိုင်မှာမဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ ငယ်စဉ်တောင်ကျေး ခလေးဘဝထဲက နိုင်ရာတာဝန်ကိုထမ်းပြီး သားသမီးရှေ့ရေးအတွက်မျှော်တွေးပြီးတော့ မပင်ပန်းနိုင်အား ပင်ပန်းသောလည်း ငါ့သားသမီးအတွက်ဆိုပြီးတော့ ကျန်းမာရေးကိုအသာထားလို့ အဖေဆိုတဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့အဖေတွေပါ။ တစ်ချို့အဖေတွေကရှိတယ် တစ်နေကုန်တစ်နေခန်းအရက်သောက် ဖဲရိုက်နေတတ်တဲ့အဖေမျိုးတွေလည်းရှိပါတယ် ဒါပေမဲ့လို့ကျွန်တော်တို့ရဲ့ အဖေတွေက အဖေတွေပါပဲ အဖေဆိုတာ ဘယ်လိုပဲဖြစ်နေဖြစ်နေ အဖေဟာ အဖေပါပဲ။တစ်ချို့မိဘတွေကရှိကျမှာပါ အဖေက သားသမီးတွေကို တတ်စေချင်လို့ ငယ်ငယ်ကခိုင်းခဲ့ကျပါတယ်။ ငယ်ငယ်တုန်းကတော့ အဖေခိုင်းခဲ့တာကို ပင်ပန်းတယ်ဆိုပြီးတော့ အဖေကိုဒေါ်သဖြစ်ခဲ့ရတယ် အမှန်တော့လဒ်မြင်တဲ့အဖေက အထူးသဖြင့်ပေါ့ယောကျာင်္းလေးတွေအတွက်ပေါ့နော် သူတတ်ထားတဲ့ပညာပေါ့။ တောင်သူလုပ်ရင်တောင်သူလယ်သမားပညာ၊ ပန်းရံဆရာလုပ်ရင် ပန်းရံပညာသင်ပေးတယ်.... အဖေကသူတပ်ထားတဲ့အမွေလေးတွေကို ပေးလေ့ပေးထရှိပါတယ်။ အစကတော့မသိဘူးပေါ့ကိုယ်က ခပ်ငယ်ငယ်ဆိုတော့လေ။ အဖေအခုလိုပေးခဲ့တဲ့ပညာတွေက တစ်နေ့ဘယ်နေရာမှာအသုံးဝင်မလည်းဆိုတာကို ကိုယ်လည်းမသိဘူးလေ။ ဒါပေမဲ့ဘယ်ပညာဆိုတတ်ထားတာအကောင်းဆုံးပါပဲတဲ့ မလုပ်ချင်နေပါတတ်ထားတာ အကောင်းဆုံးပါပဲတဲ့။ ဒါပေမဲ့ မိဘတွေက သူတို့တတ်ထားတဲ့ပညာတွေကိုသာသင်ပေးတာပါ သားသမီးတွေကို တကယ်မလုပ်ခိုင်းပါဘူး သားသမီးတွေ ပင်ပန်းမှာကိုသူတို့မကြည့်ရက်ကျဘူးလေ။ အရမ်းနဲ့ဆင်းရဲနွမ်းပါးတဲ့ မိဘတွေဆိုရင်တော့ သားသမီးတွေကို ပညာအမွေလည်း မပေးနိုင်ပိုက်ဆံကလည်းမရှိတော့ သားသမီးတွေကို ငယ်ငယ်ကလေးတည်းက အလုပ်လုပ်ခိုင်းရပါတယ်။ အဲ့လိုအလုပ်လုပ်ခိုင်းပေမဲ့လည်း မိဘတွေရဲ့ စိတ်ထဲမှာတော့ သားသမီးပင်ပန်းတာကို ဘယ်ကြည့်ရက်မလည်း မတတ်သာတဲ့အခြေအနေကြောင့်သာ အလုပ်လုပ်ခိုင်းရတာပေါ့လေ။ ဘယ်မိဘကမှ ကိုယ့်သားသမီးကို ဆင်းရဲတာမမြင်ချင်ဘူးလေ ချမ်းချမ်းသာသာနဲ့ အဆင်ပြေတာကိုပဲမြင်ချင်ကျတာလေ။ ဒါပေမဲ့လည်း ဘဝဆိုတာကလည်း ကိုယ်ဖြစ်ချင်တိုင်းမှာဖြစ်ခွင့်မရှိတာလေ ဘဝဇတ်ဆရာရဲ့ အစီအစဉ်အတိုင်းလည်ပတ်နေကျတာလေ။
ငယ်စဉ်တောင်းကျေး ကျွေးမွေးစောင့်ရှောက် ပင်ပန်းမှုကိုဘေးမှာထား ငါ့သားသမီးရှေ့ရေး မျှော်ရေးတွေးလို့ နေ့စဉ်ညဆက် အလုပ်လုပ်က ကျွေးမွေးခဲ့တဲ့ အဖေ ပညာတွေစုံ သော်လည်း ကြင်ရာလေးပါရှာပေး မပင်ပန်းနိုင်အား စိတ်စွမ်းအားက ပိတီတွေဖြာ ချစ်သော သားသမီးတွေအတွက်ပါ ပိတီအပြုံးနဲ့ အဖေရဲ့ မျက်နှာကို ပြေးမြင်လည့်ပါ အဖေ။

Happy New Year 2009

မကြာတော့မဲ့အချိန်လေးမှာပဲ နှစ်ဟောင်းကိုစွန့်ပြီး နှစ်သစ်ကိုရောက်တော့မှာဖြစ်ပါတယ်။ အခုလိုနှစ်သစ်မှာ အားလုံးပဲပျော်ရွှင်ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ နေရစ်ခဲ့တော့ 2008 ရေ။ Happy New Year 2009 မှာအလားလုံးပဲပျော်ရွှင်ကျပါစေဗျာ။ happy new year 2009

သူငယ်ချင်းတစ်ယောက်ရေးပေးတာပါ

သူငယ်ချင်းတစ်ယောက်ပို့ပေးထားတာလေးကို အားလုံးကိုဖတ်စေချင်လို့မျှဝေပေးလိုက်တာပါ.......... အားလုံးအတွက် အသုံးဝင်မယ်လို့လည်းထင်ပါတယ်ဗျာ။ အဆင်မပြေလည်းသည်းခံပြီးဖတ်ပေးကျပါဗျာ။ လူဆိုတာ မနေ့ကထက်ဒီနေ့ ပညာပိုရှိလာရမယ်။အသက်ကြီးလာတာနှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမယ်။ဒါအတွက် ဘာလုပ်ရမလဲ။ စာဖတ်ပါ...နေ့စဉ်ဖတ်ပါ...စာကောင်းပေကောင်းတွေကိုရွေးဖတ်ပါ။ကိုယ့်အလုပ်အတွက် ကိုယ့်ဘ၀အတွက် အသုံးဝင်မည့်အရာကို ဦးစားပေးဖတ်ပါ။ အလုပ်တွေများလွန်းလို့ စာအုပ်ဆိုတာ ကောက်တောင်မကိုင်နိုင်ဘူး။ အချိန်မရှိဘူးဆိုတဲ့ ဆင်ခြေမျိုးမပေးပါနဲ့။ အနည်းဆုံး ညအိပ်ရာဝင်တော့မယ်ဆိုရင် အချိန်၁၅မိနစ်လောက် စာဖတ်တဲ့ အလေ့အကျင့် တစ်ခုကိုလုပ်ပါ၊ တစ်နေ့၁၅မိနစ်ဆိုလျှင် တစ်နှစ်မှာနာရီပေါင်း၉၀ ဖတ်ဖြစ်မယ်။ အိပ်ရာဝင်အဆင်မပြေလျှင် အိပ်ရာထ ဒါမှမဟုတ် နေ့လည်အဆင်ပြေတဲ့အချိန်မှာဖတ်ပါ။ ဖတ်မည့်စာအုပ်တွေကိုရွေးထားပါ။ လက်လှမ်းမီရာမှာထားပါ။ အိပ်ထဲဆောင်ထားလို့ရ လျှင်ဆောင်ထားပါ။ အဲဒီလိုလုပ်လျှင် တစ်နေ့ ၁၅မိနစ်ထက်ပိုရမှာသေခြာတယ်။တစ်ခု သတိထားဖို့က စာအုပ်ကောင်းတွေ ရွေးဖတ်ဖို့ဖြစ်တယ်။ နောက်ပြီး အလိမ္မာ စာမှာရှိတယ်ဆိုပေမယ့် အထဲကအလိမ္မာ လူဆီရောက်ဖို့ပိုအရေးကြီးတယ်ဆိုတဲ့ ဆရာတော် သျှင်သေဌိလ ဆုံးမစကားကိုမမေ့ပါနဲ။ ငါဘွဲ့လည်းရပြီးပြီ၊ နေရာကောင်း တစ်ခုလည်းရပြီ၊ ဆက်လေ့လာစရာ ဖတ်စရာမလိုပါဘူး ဆိုတဲ့ အယူအဆပြပြီး ပေါ့ပေါ့မနေပါနဲ့။ လွယ်တာကို လုပ်ချင်တဲ့သဘောတွေကို ဖျောက်ပါ။ဒါတွေဟာလေ့လာဖတ်ရှုမှုနှင့်ဘ၀တိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေတယ်။ ဘာကိုပဲဖြစ်ဖြစ် အရူးအမူး မစွဲလန်းပါစေနဲ့၊ လူကိုပဲဖြစ်ဖြစ်၊ ပစ္စည်းကိုပဲဖြစ်ဖြစ် ၊ ဖျော်ဖြေမှု တစ်ခုကိုပဲဖြစ်ဖြစ် အရူးအမူး မစွဲလန်းပါစေနဲ့။ ဒါဆိုဘ၀သေသူတစ်ယောက် ဖြစ်သွားနိုင်တယ်။ဘ၀ရှင်တက်ကြွနေဖို့အတွက် ဝေဖန်ပိုင်းခြားတွေးတောမှု (Critical thinking)၊ဖြန့်ကျက်တွေးတောနိုင်မှု (Lateral thinking) တွေရှိဖို့လိုတယ်။ အရာရာကို ခံစားမှုဖြင့် မဖြေရှင်းပါနဲ့။ဆင်ခြင်မှုဖြင့် ဖြေရှင်းပါ။ဂုဏ်သိက္ခာဖြင့် မိမိရဲ့မျှော်မှန်းချက်ပန်းတိုင်ရောက်အောင် ကိုယ့်ကိုယ်ကိုယ် ရိုသေလေးစားစေမည့် စည်းကမ်းထားရှိပြီး လုပ်ကိုင်ပါ။ ပျော်ရွှင်ချမ်းမြေ့ ငြိမ်းချမ်းတဲ့ ဘ၀ကို ထူထောင်နိုင်ဘို့ ကိုယ်ကျင့်သိက္ခာကို မြင့်မားအောင်ထိန်းသိမ်းစောင့်ရှောက်ပြီး၊စင်ကြယ်မြင့်မြတ်မှုကို တန်ဖိုးထားဖို့လိုပါတယ်။ ကိုယ့်အတွက် အကျိုးရှိတာလည်းလုပ်ရတယ်။အများနှင့်နိုင်ငံ အကျိုးရှိမည့် အလုပ်လည်းလုပ်ရမည်။ကိုယ်အဆင်ပြေနေပေမယ့် ကိုယ့်ဝန်းကျင်က လူတွေ အဆင်မပြေတာတွေများရင်၊ကိုယ်လည်းအဆင်မပြေဖြစ်လာမှာပဲ။ အိမ်ကောင်းကောင်း၊ ကားကောင်းကောင်း၊ အဖိုးတန် ပစ္စည်းကောင်းကောင်းတွေနဲ့ နေနိုင်ဖို့ အထိုက်အလျောက် လိုအပ်ပေမယ့်၊ အဲဒါတွေ ရှိရုံဖြင့် ဘ၀အဆင့်အတန်းမြင့်တယ်လို့မဆိုနိုင်ဘူး။ အဆင့်မြင့်တဲ့ ဘ၀ဆိုတာ အဆင့်အတန်းမြင့်တဲ့ ကောင်းမွန်တဲ့ စိတ်အရည်အသွေးကို ပြောတာဖြစ်တယ်။ စိတ်အရည်အသွေး တိုးတက် ကောင်းမွန်ဖို့ အတွက် ၊ဒါနသီလနဲ့ ဘာဝနာလိုတယ်။ဒါနထက် သီလက ပိုမြင့်မြတ်တယ်။သမာဓိကောင်းပြီး စိတ်ကိုကြည်လင်သန့်ရှင်းစေတဲ့ အသိဥာဏ်ဖြစ်စေတဲ့ ဘာဝနာက ပိုမိုမြင့်မားတယ်လို့ဆိုတယ်။ သမာဓိထူထောင်ပြီး စိတ်ကိုတည်ငြိမ်အေးချမ်းအောင် လုပ်တာဟာ ပညာရေးပိုင်းမှာအလွန်အထောက်အကူရတယ်။ စိတ်တည်ငြိမ်အေးချမ်းနေလျှင် ဘာပဲလုပ်လုပ်အချိန်ကုန် သက်သာတယ်။ မြန်မြန်ဆန်ဆန် အေးအေးဆေးဆေးနဲ့ ပြီးတယ်။အမှားအယွင်းနည်းတယ်။ ကိုယ့်ဘ၀ကိုယ် တကယ် အသက်ရှည်စေချင်တယ်ဆိုရင် မလုပ်မဖြစ်လုပ်ရမှာက သတိဖြင့်နေတာဖြစ်တယ်။ ဒါကြောင့်နေ့စဉ်တရားထိုင်ပါ။ အချိန် အနည်းငယ်ပဲ ဖြစ်ဖြစ်ထိုင်ဖြစ်အောင်ထိုင်ပါ။ ကုသိုလ်စိတ် ဖြစ်နေအောင်လုပ်ပြီး ၊ကုသိုလ်စိတ်ဖြစ်နေရင်လည်း သိရမယ်၊ကိုယ့်စိတ်မှ ကိုယ်မသိလျှင် တခြားဟိုအကြောင်း၊ဒီအကြောင်းတွေ သိနေရုံနဲ့ ပညာတတ်လို့ မဆိုနိုင်ဘူး၊ဒါကြောင့်ပညာတတ်ဖြစ်ချင်လျှင် တရားကိုလေ့ လာအားထုတ်ပါ။ အခုလုပ်နိုင်သလောက် လုပ်ပါ။သိပ်ကောင်းလွန်းအားကြီးပြီး သိပ်မြင့်လွန်းနေလို့ လိုက် မမီတာတွေကို ခုမလုပ်နိုင်သေးပေမယ့်၊ တစ်နေ့နေ့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါ။တစ်ကြိမ်တည်းနဲ့ ထိပ်ဆုံးရောက်အောင် မကြိုးစားပါနဲ့။ တစ်ကြိမ်ထက်တစ်ကြိမ်ပိုကောင်းအောင်သာ ကြိုးစားပါ။ကောင်းတာတွေကို ယခုလုပ်နိုင်သလောက် လုပ်ဖို့ အရေးကြီးတယ်။လုပ်လို့ဖြစ်တာကိုမလုပ်ပါ။ လုပ်နိုင်တာကိုမလုပ်ပဲ အကြီးအကျယ်လုပ်မည် လို့စဉ်းစားနေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။လောလောဆယ် တတ်နိုင်သလောက် အကောင်းဆုံးလုပ်ပါ။ နိုင်ငံအကျိုး၊ လူသားအကျိုးဆောင်ရွက်နိုင်တဲ့ အမျိုးကောင်းသား၊ သမီးများဖြစ်ကြပါစေ။

မိုင်တိုင် ၁၀၀

ကျွန်တော်က တစ်ခါတစ်လေကျရင်လေ ပေါက်ကရတွေ စိတ်ထဲရှိတာတွေ လျောက်လုပ်တတ်တယ်ဗျာ။ တစ်ခါ တစ်ခါကျရင်လည်း အကောင်းကိုယ့်ကိုကိုယ်တောင် ဘယ်လိုလူစားမျိုးဆိုတာကိုတောင်မသိတော့ဘူး........ တစ်ခုတော့ရှိတယ် စိတ်တိုလာရင်တော့ ကိုက်စားမတတ်ကို ဖြစ်တယ်ဗျာ..... အသားတွေတုန်ပြီးတော့ ဖြစ်လာတယ်......ငယ်ငယ်ကတည်းကအကျင့်ပေါ့နော်........ စာကျက်ရင်တော့ ကိုတိုးတို့များ ပြင်းလိုက်တာလွန်လို့........ စာအုပ်နဲ့မျက်နှာနဲ့တွေ့လိုက်တာနဲ့ အိပ်ငိုင်ပြီလော......... ကောင်းလိုက်တဲ့အကျင့်လေးနော်...........အိပ်ရေးဝတာပေါ့နော် မနက်ပိုင်းကျောင်းဖွင့်လို့ဆရာနဲ့စာသွားသင်ရင် ဆရာက ဘာပြောမှန်းမသိဘူး အိပ်ငိုက်တာလေ......သင်ရတာကလည်း ထိုင်းလိုဆိုတော့ ကိုတိုးလေးတို့ တစ်လုံးမှာကို နားမလည်ဘူးဗျာ။ ခင်မင်မှုအပြည့်နဲ့ နားလည်ပေးတတ်တဲ့ဘလော့မှာ ညီအကိုမောင်နှစ်များအားလုံးနဲ့............. ကျွန်တော့်ရဲ့ ပေါက်တတ်ကရရေးတဲ့ကဗျာလေးတွေကို ဖတ်ပေး ဝေဖန်ပေးတဲ့ ညီအကိုမောင်နှစ်မ များအားလုံးကို ကျွန်တော့်ရဲ့ မိုင်တိုင်၁၀၀ မြောက်ပိုစ့်လေးနဲ့ ကျေးဇူးတင်ကြောင်းပြောပါရစေဗျာ....... အစ်မသက်ဇင် အစ်မဝါဝါခိုင်မင်း အစ်မရွှေပြည်သူ မမေမိုး အစ်မကဗျာမလေး မမေ( မြန်မာပြည်ကိုလွမ်းသူ) အစ်မသက်တန့် မ Dream မပန်းခရေ မဖူးပွင့်အောင် ညီမ ဝေလေး အစ်ကိုကြီးကိုရင်ညိမ်း အကိုဝင်းဇော် ကိုစေတနာ ကိုမော်စီ ကိုတောင်ငူသား ကိုမင်းကျန်စစ် ကို အညတရ ကိုသုခရိပ် ကိုမောင်မျိုး ကိုသီဟညိမ်း ကိုတီး ကိုအနက်ရောင်မျက်လုံး ကိုညီနေမင်း စီဗောက်နဲ့ဘလော့မှာကျန်ရှိခဲ့တဲ့ သူငယ်ချင်းများရှိပါက နားလည်ပေးဖို့တောင်းခံအပ်ပါတယ်........ အားလုံးသောသူတွေကိုတော့ နာမည် မမှတ်မိတော့လို့ပါ... အခုလိုလာရောက်အားပေးကျတဲ့ သူငယ်ချင်းများနဲ့ ညီအကိုမောင်နှစ်မများအားလုံးပျော်ရွှင်ကျပါစေ...... ကျွန်တော်အားငယ်နေတဲ့အချိန် ဖုန်းဆက်ပြီးအားပေးတတ်တဲ့ တစ်နိုင်ငံတည်းနေတဲ့သူငယ်ချင်းများဖြစ်တဲ့ ကိုမောင်မျိုး နဲ့ ကိုညီနေမင်း ကျွန်တော့်ရဲ့ ဘလော့လေးကို လာရောက်အားပေးကျတဲ့ သူငယ်ချင်းအပေါင်းကျန်းမာ ချမ်းသာ သုခအပေါင်းနဲ့ပြည့်စုံကျပါစေလို့...... ကျွန်တော်ကိုတိုးလေး ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

လွယ်ကူခြင်း Vs ခက်ခဲခြင်း

လူတစ်ယောက်ရဲ. Address book မှာ နေရာ တနေရာစာရဖို. လွယ်ကူပါတယ်။ လူတစ်ယောက်ရဲ. နှလုံးသား မှာ နေရာတနေရာ ရဖို. ခက်ခဲပါတယ်။ သူများ အမှား၊အပြစ် ကို ရှာ ဖို. အင်မတန်လွယ်ကူပါတယ်။ မိမိ အမှားကို မှတ်ယူ၊ ရှောင်ကျဉ် ဖို. ခက်ခဲပါတယ်။ မစဉ်းစားပဲ စကား လျှောက်ပြောဖို. လွယ်ကူပါတယ်။ အမှားကင်း အောင် စကားပြောဖို. ခက်ခဲပါတယ်။ မိမိကို ချစ်ခင်တဲ. လူကို စိတ်နာကျင်အောင်လုပ်ဖို.လွယ်ကူပါတယ်။ ထိုစိတ်နာကျင် မူကို ပြန်လည်ကုစားဖို. ခက်ခဲလှပါတယ်။ တပါးသူကို မိမိက ခွင့်လွတ်ဖို့လွယ်ကူပါတယ်။ တပါးသူ ကို မိမိအား ခွင့်လွတ်ဖို့ တောင်းဆိုရတာ ခက်ခဲပါတယ်။ စည်းကမ်း၊မျဉ်း တွေ ချမှတ်ရတာ လွယ်ကူပါတယ်။ လိုက်နာ ဖို. ခက်ခဲပါတယ်။ အောင်နိုင်သူ ဖြစ်ရတာ လွယ်ကူပါတယ်။ သိက္ခာရှိရှိ ရှူံး နိမ့် သူ ဖြစ်ဖို. ခက်ခဲပါတယ်။ ကျောက်တုံး နှင့် ခလုတ် တိုက်မိဖို. လွယ်ကူပါတယ်။ ပြန်ထ ရတာ ခက်ခဲပါတယ်။ နေ့တိုင်း ဘ၀ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရတာ လွယ်ကူပါတယ်။ တန်ဖိုးရှိရှိ ဖြတ်သန်းဖို. ခက်ခဲပါတယ်။ ဂတိ တခု လွတ်ခနဲ ပေးဖို. လွယ်ကူပါတယ်။ ဂတိ အတိုင်းလိုက်လုပ် ဖို. ခက်ခဲပါတယ်။ ချစ်တယ် လို ပြောရတာ လွယ်ကူပါတယ်။ အမြဲတမ်း ချစ်ပြနေဖို. ခက်ခဲပါတယ်။ သူများကို ဝေဖန် ရတာ လွယ်ကူပါတယ်။ မိမိကိုယ်ကို တိုးတက်အောင် လုပ်ရာမှာ ခက်ခဲပါတယ်။ အမှားတခု လုပ်ရတာ လွယ်ကူပါတယ်။ အဲဒီ အမှားကနေ သင်ယူကို ခက်ခဲပါတယ်။ ပြီးဆုံးသွားတဲ. အချစ်ဇာတ်လမ်းကို ပူဆွေး တောင့်တ ရတာလွယ်ပါတယ်။ အဲ့လို ပြီးဆုံးမသွားအောင် လုပ်ဖို.က ခက်ခဲပါတယ်။ တိုးတက်ကြီးပွားဖို. စဉ်းစားရတာ လွယ်ပါတယ်။ စဉ်းစားတာတွေ ရပ်ပြီး လက်တွေ.အကောင်အထည်ဖော်ဖို. က ခက်ခဲပါတယ်။ ချစ်သူငယ်ချင်းရေ လို. နူတ်ကပြောရတာလွယ်ပါတယ်။ ထိုကဲ့သို. ချစ်ချစ်ခင်ခင် ပေါင်းသင်းဖို. ခက်ခဲပါတယ်။

ထိုသို့သောသူငယ်ချင်း

လောကကြီးတွင် လူတစ်မျိုးရှိသည် ...။
တစ်ခြားလူ မသိသော ကိုယ်၏ လျှို့ဝှက်ချက်များကို သူသိသည် ။
ကို ယ် စာမရသော အချိန်များတွင်ရှင်းပြတက်ပြီး ကိုအမှား လုပ်မိသောအချိန်တွင်
ကိုယ့်ဘက်မှရပ်တည်ပြီးဖြေရှင်းပေးတက်သည် ။အားငယ်သောအချိန်တွင်အားပေးတက်ပြီး
ဝမ်းနည်းနေသည့်အချိန်တွင် နှစ်သိမ့်တက်သည်။ ကိုယ် အဆင်ပြေနေလျှင်မေ့နေတက်ပြီး
အဆင်မပြေသော အချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည် နားထောင်ပေးတက်သည် ။
ကိုယ်နှင့်အတူရှိသောအချိန်များက ချစ်သူတစ်ယောက်ထက်ပင်ကြာရှည်ခိုင်မြဲတက်သည် ။
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည် ။ လောကတွင်သူငယ်ချင်းအမျိုးမျိုးရှိကျပါတယ်........။
အားလုံးသောသူများကိုသူငယ်ချင်းပါပဲ။ ဒါပေမဲ့ကိုယ့်အပေါ်တစ်ကယ်ကောင်းတဲ့သူငယ်ချင်းဆိုတာက ရှားတယ်လေ
သူငယ်ချင်းကောင်းကိုငွေပေးဝယ်လို့မရပါဘူး.....။ သူငယ်ချင်းကောင်းကိုတန်ဖိုးထားပါလေးစားပါ ချစ်ခင်ပါ။
အားလုံးသောသူငယ်ချင်းများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကျပါစေဗျာ..........။

အမေတစ်ယောက်ရဲ့ ချစ်ခြင်းအတွက်အမှတ်တရ

ဘာရယ်တော့မဟုတ်ပါဘူး။ တိုက်ဆိုင်မှုလေးရှိလို့ရေးဖြစ်သွားတာပါ။ ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံမှာလိုပဲ.......ထိုင်းနိုင်ငံမှာလည်း ချစ်စရာကောင်းတဲ့ယဉ်ကျေးမှုလေးတွေရှိပါတယ်........12/8/2008 ရက်နေ့မှာဆိုရင်လည်းအခုဆိုရင် အမေများနေ့အဖြစ်သတ်မှတ်ထားပါတယ်...။ မိဘနဲ့ဝေးနေတဲ့သူတွေတိုင်း တိုင်ဆိုင်မှုတွေနဲ့ ကြုံရင်ပဲဖြစ်ဖြစ်ပေါ့လေ။ မိဘကို မလွမ်းတဲ့သူဆိုတာ မရှိပါဘူး။ အထူးသဖြင့် သားတွေက အမေကို ပိုချစ်ကျမယ်လို့ ထင်ပါတယ်။ ကျွန်တော်ထင်တာကို ပြောတာနော်...... ကျွန်တော်ထင်တာမှားရင် လည်းခွင့်လွတ်ပေးကျပါနော်။ ကျွန်တော်က အမေကို ပိုချစ်တဲ့ သူဆိုတော့ လည်း အမေအကြောင်းလေး တိုက်ဆိုင်တုန်း ရေးလိုက်တာပါ။ ဒီနေ့မှာ ဆိုရင် အားလုံးက အမေကို ကန်တော့ကျတယ် ကျွန်တော့်မှာ တော့ စိတ်ထဲက တမ်းတပြီးတော့ ပဲ အမေရေ သားဒီနေရာကနေကန်တော့ပါတယ်ဆိုတာလေးနဲ့ပဲ လက်အုပ်ကလေးချီ ပြီးတော့ပဲ ကန်တော့ရပါတော့တယ်။ အမေ့ကိုချစ်တဲ့သားကြီးအဝေးတစ်နေရာက နေကန်တော့လိုက်ပါတယ်။ အမေကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ချစ်သောမေမေ။ သူငယ်ချင်းများအားလုံးနဲ့ ဘလော့မှာ ညီအစ်ကို မောင်နှစ်မများအားလုံး သိစရာလေး ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုလေးတွေ ကို သိရှိအောင်လို့ ပိုစ့်လေးတစ်ခုအဖြစ်တင်ပေးလိုက်တာ။ ဘလော့ဂါ ညီအစ်ကို မောင်နှစ်မများအားလုံး ကျန်းမာပျော်ရွှင်ပါစေဗျာ။

ကိုယ့်ကိုကိုယ်မုန်းတဲ့အချက် ၁၀ ချက်

ကိုယ်ကိုကိုယ်မုန်းမိတဲ့ အချက် ၁၀ ချက်ကို အမဝါဝါခိုင်မင်း (အမဝါ)က Tag ထားလို့ရေးပေးတာပါ။ ကိုယ့်မှာမကောင်းတဲ့ အချက်တွေကတော့ အကုန်ပေါ်ကုန်တော့မှာပါပဲဗျာ။ အခုမှာတော့လည်းမထူးပါဘူး ကိုယ့်မကောင်းတဲ့ အချက်တွေကို ပြောပြရတော့မှာပေါ့လေ........... (တစ်) ကိုယ့်ကို မချစ်ဘူးလို့ထင်ရင် ကိုယ့်ကိုကိုယ်မုန်းတယ် (နှစ်) သူများကို ကိုယ်ကဒေါသထွက်မိရင် ကိုယ့်ကိုကိုယ်မုန်းတယ် (သုံး) စာကျက်တိုင်း စာလုံးတွေကိုမြင်တိုင်း အိပ်ငိုက်တာကိုလည်းမုန်းတယ် (လေး) သူငယ်ချင်းတွေကို စိတ်မကောင်းအောင်လုပ်မိတဲ့ ကိုယ့်ကိုကိုယ်မုန်းတယ် (ငါး) ကောင်မလေးမြင်တိုင်း မျက်စိကမခွါချင်တာကိုလည်းမုန်းတယ် တော်ကြာနေကောင်မလေးတွေဘယ်သူမှာအနားမကပ်ပဲနေအုံးမယ် ချွင်းချက်အားလုံးသောသူကိုမဆိုလိုပါ လူတဲ့သူလေးတွေ တွေ့ရင်တော့ငေးတယ်ဗျာ (ခြောက်) အလုပ်လုပ်ရင် မလုပ်ချင်တဲ့စိတ်ကိုမုန်းတယ် ( ခုနှစ်) သူများအကြောင်းကို အရေမရအဖတ်မရပြောဖြစ်ရင်လည်း မုန်းတယ် (ရှစ်) အလိုလိုနေရင်း စိတ်တိုတတ်တဲ့ ကိုယ့်ကိုကိုယ်မုန်းတယ် (ကိုး) ဘ၀အတွက် တိုးတက်အောင်လုပ်နေပါရဲ့ လောကဓံတရားကို မရင်ဆိုင်ဘဲ ဖြစ်သလို ရှောင်လွဲနေရင်လည်း ကိုယ့်ကိုကိုယ်မုန်းတယ် (တစ်ဆယ်) အမှားတစ်ခုကို လုပ်လို့ တောင်ပန်သင့်ရဲ့သားနဲ့မတောင်းပန်တဲ့ကိုယ့်ကိုကိုယ်မုန်းတယ် အမဝါ ကျွန်တော်ရေးထားတာလေးကို အမဝါသဘောကျလိမ့်မယ်လို့ထင်ပါတယ်အမဝါ။ ကျွန်တော်လည်းမရေးတတ်ပေမဲ့ အကောင်းဆုံးဖြစ်အောင်ရေးထားပါတယ် အမဝါ ။ ကျွန်တော်လည်း Tag ပိုစ့်တစ်ခါမှာမရေးဘူးတော့ သိပ်မရေးတတ်ဘူးဗျာ။ အစ်မဝါကျေနပ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်အမဝါ။ အဆင်ပြေပျော်ရွှင်ပါစေအစ်မဝါဝါခိုင်မင်း

နောက်ဆုံးနှုတ်ဆက်

ပျားရည်ဆမ်းသောလမ်းကို အခုကျွန်တော်မလျောက်ရသေးပါဘူးဗျာ။ ဆူးတွေခင်းနေတဲ့လမ်းကိုသာလျောက်နေရတာပါဗျာ။ ဖြစ်ချင်တာက ဆန္ဒ ဖြစ်နေတာကဘဝ............ ဆန္ဒနဲ့ဘဝက ဘယ်တော့များမှာတစ်ထပ်တည်းကျမယ်ဆိုတာ မသိဘူးဗျာ။ လောလောဆယ်တော့ ဘဝနဲ့ဆန္ဒတစ်ထပ်တည်းမကျတဲ့ကျွန်တော် ဘလော့ကလေးကိုတော့လေ တစ်သက်လုံးဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်.............. တစ်ခဏတာအတွက်လည်းဖြစ်ချင်ဖြစ်မယ်ပေါ့နော်။ အားလုံးပဲပေါ့နော် တစ်ချိန်က ဘလော့မှာကဗျာလေးတွေရေးတဲ့ကိုတိုးလေးဆိုတာရှိနေသေးတယ်ဆိုတာကို အားလုံးပဲအမှတ်တရရှိနေကျမယ်ထင်ပါတယ်နော်။ အားလုံးကိုလည်းပျော်ရွှင်စွာနဲ့ပဲ ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်ဗျာ. နောက်ဆုံးအနေနဲ့ကျွန်တော်ရေးထားတာလေးပေါ့နော် တင်ပေးမယ်ဗျာ။ ဘယ်လိုလည်းဆိုတာတော့ ကျွန်တော်ကိုတိုင်လည်းမသိဘူးဗျာ။ အိုသူငယ်ချင်း . . သူမင်းကို ပြန်မချစ်တာဟာ သူ့ ရဲ့လွတ်လပ်ခွင့်ဖြစ်ပါရဲ့ . . သူ မချစ်ချင်တာကြီးကို မင်းက အတင်းပြန်ချစ်ခိုင်းနေမယ်ဆိုရင် ဒါမင်း အကြမ်းဖက်နေတာပဲကွ . . အိုသူငယ်ချင်း အကြမ်းဖက်သမားတော့ မဖြစ်ပါစေနဲ့ ဟီဟီး . . . အိုသူငယ်ချင်း . . သူမဘက်မှာ တခြားတယောက်ကို မျှော်လင့်နေတာ . . နို့မဟုတ် သူမမှာ ချစ်သူရည်းစားရှိနေငြားကလည်း မင်းဟာ သူမရဲ့ စည်းကမ်းကို အနှောင့်အယှက်ပေးသူ ဖြစ်အံ့ . . ဟီဟီး . . အိုသူငယ်ချင်း . . ပိုပီးမျှော်လင့်ခြင်းဟာ ပိုပီးဆုံးရှုံးခြင်းမည်၏ ။ မမျှော်လင့်နေပါနဲ့တော့ . . တော်နေကြာ ချစ်သူတစ်ယောက်မရရှိတာထက် သူငယ်ချင်းအစစ်တစ်ယောက်ဆုံးရှုံးရတာက ပိုဆိုးနေလိမ့်မယ် . . ဟီဟီး . . အိုသူငယ်ချင်း . . ငိုကွာ အကြီးအကျယ်ငိုချပစ်လိုက် . . ငိုပစ်လိုက်စမ်းကွာ . . ဟီးဟီး . . ရော့တစ်ရှူး . . ကမူရှူးထိုးတွေတော့ မလုပ်နဲ့ကွာ . . ငြိမ်ငြိမ်လေးကွဲလည်း အသည်းကွဲတာပဲလေ . . ဟီဟီး . . နောက်ဆုံးအနေနဲ့နှုတ်ဆက်ခဲ့တယ်နော်။ ဘလော့မှာခင်ရတဲ့ အကိုတွေ အမတွေ သူငယ်ချင်းတွေအားလုံးပျော်ရွှင်ပါစေလို့ ကျွန်တော်အမြဲဆုတောင်းပေးနေပါတယ်ဗျာ။ ဒီတင်ထားတဲ့ပိုစ့်လေးက နောက်ဆုံးဖြစ်မှာပါဗျာ။ အားလုံးပဲကျန်းမာပျော်ရွှင်ကျပါစေဗျာ။

အခင်ရဆုံးသူငယ်ချင်းတစ်ယောက်အတွက်ပါ

ခင်မင်ရတဲ့သူငယ်ချင်းပေါ့နော် ဆရာလို့ပြောရမလား အကိုလို့ပြောရမလားမသိဘူး အသက်အရွယ်ချင်းကတော့ အတူတူဆိုတော့လည်း ကြုံသလိုပဲ “ကို“လို့တပ်ပြီးခေါ်လိုက်တာပဲ ဘလော့မှာတော့ သူလိုလူမျိုးကို မတွေ့ဘူးဘူးဗျာ။ ကျွန်တော်ဘလော့စာရေးခါစကပေါ့နော် ဘယ်မှာလည်းသွားမလည်တတ်ဘူး ဒီလိုပဲ ကိုယ်ရေးချင်တာလေးရေးပြီးနေလိုက်တာပေါ့နော်။ မှတ်မှတ်ရရဗျာ ကျွန်တော်တင်ထားတဲ့ ပိုစ့် ၃ ခုမြောက်မှာ ကွန်မန့်လေး တစ်ခုလာရေးသွားတာတွေ့လိုက်ရတယ် အဲ့ဒါနဲ့ ကိုယ်လည်းအရမ်းပျော်သွားတယ်ဗျာ....... ပြီးတော့မှာ သူဘလော့ကို မလည်ခင်မှာပဲ သူက gmail နဲ့ Invite လုပ်သွားတယ်။ အော် ကိုယ့်ဘလော့ကိုပေါ့လေ လာဖတ်မဲ့သူလေး တစ်ယောက်ရှိသေးတယ်ဆြို့ပီးတော့ပျော်သွားတာပါပဲ။ နောက်ပိုင်းမှာတော့ သူပြောတဲ့အတိုင်းပဲလေ ဘလော့တွေ လျောက်လည် လင့်တွေထားခဲ့နဲ့ပဲ သူငယ်ချင်းတွေရခဲ့တာပါ အစက သူများဘလော့ကို ဘယ်လိုလည်ရမယ်ဆိုတာလည်းမသိဘူး ပြီးတော့ ဘယ်လိုတွေ ကွန်မန့်ပေးရမလည်းဆိုတာလည်းမသိခဲ့ဘူးလေ။ သူပြောပြတဲ့အတွက်ကြောင့်ဘလော့မှာလည်း သူငယ်ချင်းတွေရခဲ့တယ် ပျော်လည်းပျော်ရွှင်ခဲ့ပါတယ်....။ နောက်ပိုင်းကျတော့ ဖုန်းနဲ့အဆက်အသွယ်လုပ်ပါတယ် တစ်နိုင်ငံတည်းရောက်နေတဲ့သူဆိုတော့ သူအားရင်လည်း ကျွန်တော့်ဆီကို ဖုန်းဆက်တယ် ကျွန်တော်အားလည်း သူ့ဆီကိုဖုန်းဆက်တယ်။ ဆိုးတိုင်ပင် ကောင်းတိုင်ပင်းနဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပါပဲ..... ဘလော့မှာ သူ့စာလေးတွေ့ကိုမဖတ်ရရင် ခေတ်မမီဘူးလို့ပြောတယ်ဗျာ......။ ဘလော့လောကမှာ သူလောက်နာမည်ကြီးတဲ့သူမရှိဘူး အရမ်းလည်းပျော်တတ်တယ် စိတ်ညစ်ရင်လည်း အရမ်းနဲ့ကိုစိတ်ညစ်တတ်တယ်ဗျာ။ ပြီးတော့လည် သူရေးတဲ့ကဗျာလေးတွေ စာလေးတွေက အရမ်းကောင်းတယ်ဗျာ။ အရမ်းလည်းခင်ဖို့ကောင်းတယ်ဗျာ။ ဘလော့လောကမှာတော့ သူ့ကိုလူတော်တော်များများချစ်ကျ ခင်ကျပါတယ်........ အခုတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြန်တော့မယ်ဆိုတော့လည်း ဝမ်းနည်းမိပါတယ်....။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် တွေ့ဆုံခဲ့ရတဲ့ ခဏတာလေးမှာ သူငယ်ချင်းအဖြစ်နဲ့အကောင်းဆုံးနေသွားပေးတဲ့အတွက်လည်းဝမ်းသာမိပါတယ်။ သူမရှိတော့ အခုကျွန်တော်လည်း စကားပြောမဲ့သူငယ်ချင်းတစ်ယောက်လျော့သွားတာတော့ အမှန်ပါပဲဗျာ........။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် တစ်သက်တာပဲဖြစ်ဖြစ် တစ်ခဏတာပဲ ဖြစ်ဖြစ် ညီအကိုလို သူငယ်ချင်းလိုခင်ခဲ့ရတဲ့သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်ဆိုတာလေးကို သတိရနေပါတယ်ဗျာ....... အဲ့ဒီလူကတော့လေ ကျွန်တော်နဲ့ပေါ့ဗျာ ရင်ဖွင့်ပြီးတော့ ညဉ်းတွားတတ်တဲ့ သူငယ်ချင်းလေးတစ်ယောက်ပေါ့နော်လို့မဆိုလိုပါဘူး။ သူစိတ်ရင် ကျွန်တော့်ကိုရင်ဖွင့်တတ်တယ်ဗျာ အလုပ်ထဲမှာ အဆင်မပြေတာတွေ ရှိရင် ရင်ဖွင့်ပြီးပြောတတ်တယ်ဗျာ.......။ အဲ့လိုခင်မင်တဲ့ တစ်ဦးတည်းသော သူငယ်ချင်းကတော့ ကိုမောင်မျိုးပဲဖြစ်ပါတယ်ဗျာ.......... ခင်မင်ရတဲ့ ကိုမောင်မျိုးရေ မိဘတွေနဲ့ပျော်ရွှင်စွာနေနိုင်ပါစေဗျာ။

ကျွန်တော်တက်နေတဲ့ကျောင်း

အခုရေးတာကတော့ ကျွန်တော်အခုတက်နေတဲ့ ကျောင်းအကြောင်းပါပဲခင်ဗျာ။ ကျွန်တော်တက်နေတဲ့ကျောင်းကို အင်္ဂလိပ်လို Kamphaeng Phet Rajabhat University(มหาวิทยาลัยราชภัฏกำแพงเพชร) လို့ခေါ်ပါတယ်။ ကျောင်းမှာတော့လေ 1. Faculty of Education 2. Faculty of Industrial Techology 3. Faculty of Science and Technology 4. Faculty of Humanities and Social Sciences 5. Faculty Science Administration ........ရယ်ဆိုပြီး ၅ ခုရှိတယ် တစ်ခုစီမှာတော့ မေဂျာတွေ အများကြီးရှိပါတယ်။ ကျွန်တော်အခုသင်နေတာက ထိုင်းဘာသာနဲ့သင်ကြားနေတာပါ အင်္ဂလိပ်စာနဲ့ သင်ကြားနေတာမဟုတ်ပါဘူး......... ကျွန်တော်သင်နေတဲ့ဌာနကတော့ Faculty of Science and Technology ပါပဲဗျာ။ ပျော်စရာလည်းကောင်းပါတယ် ထိုင်းလူမျိုးတွေနဲ့နေရတော့ ထိုင်းစာနဲ့ ထိုင်းစကားတော့ တတ်တာပေါ့နော်။ ထိုင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှု လူနေမှုတွေကိုလည်း လေ့လာလို့ရတာပေါ့။ အားလုံးကိုသိစေချင်တဲ့ စိတ်လေးနဲ့ ဝေမျှပေးလိုက်တာပါဗျာ အားလုံးသော ညီအကို မောင်နှစ်မများ ပျော်ရွှင် ကျန်းမာကျပါစေဗျာ.

သူငယ်ချင်းတစ်ယောက်ရေးပေးလိုက်တာပါ

မြန်မာပြည်မာ H5N1 ဖြစ်တုန်းက ငါဟာမကြောက်ရွံခဲ့ပါဘူး ။ ။ ကြက်သားကိုရှောင် ဆေးစစ်အောင်ခဲ့ပါတယ် ချစ်သူ.................. ဘတ်(စ်)ကားခတွေဈေးတက်လို့ လည်း စိတ်မပျက်ခဲ့ပါဘူး ။ ။ တက်ပြီးပြန်မကျ ဘတ်(စ်)ကားခဆိုပြီး နှလုံးသွင်းနိုင်ခဲ့ပါတယ် ချစ်သူ............. gtalk banned ခံရလို့ လည်း နောက်မဆုတ်ခဲ့ပါဘူး ။ ။ ကွေ့ ပတ်ရှောင်ရှား freedom အားနဲ့  chatting စွမ်းအားတက်စေခဲ့ပါတယ် ချစ်သူ................ chatting အမျိုးမျိုးနဲ့  နေ့ မအားညမအား အလုပ်များနေတဲ့နင့်ကို ဘ၀တူဆိုတဲ့ခံစားချက်နဲ့  လျစ်လျူရှုနိုင်ခဲ့ပါတယ် ချစ်သူ....................... နင် online မှာရှိနေမယ်ဆို power တွေတက်ခါးတွေမျက်နေလည်း အငတ်ငတ်အပြတ်ပြတ်နဲ့  ဆက် chat နေပါ့မယ် ချစ်သူ..................... မ chat ရင် မနေနိုင်တာကလွဲလို့  မကောင်းမှုဟူသမျှအကုန်လုပ်တတ်တဲ့ငါ့ကို နင့်ရဲ့ဘ၀ထဲက ဆွဲမထုတ်လိုက်ပါနဲ့ ချစ်သူ.............. chatting thesis နဲ့  Internet course မှာ solid distinction ရခဲ့တဲ့ နင်ရဲ့ကျွမ်းကျင်မှုကို account အမျိုးမျိုးနဲ့ စမ်သပ်ခဲ့မိတဲ့ ငါ့ရဲ့ IP address ကို ရက်ရက်စက်စက်နဲ့ မစစ်ဆေးချင်ပါနဲ့  ချစ်သူ................ နင့်ကို chat ပြီးချစ်ခဲ့တာပါ နှပ်ပြီးချစ်ခဲ့တာမဟုတ်လို့  နင့်ရဲ့ talkey တွေအောက် ပြားပြားမှောက်ခဲ့တဲ့ ငါ့ရဲ့နှလုံးသားကို ဒုတိယအကြိမ် ပြန်အသက်သွင်းပေးပါအုံး ချစ်သူ................ မထွက်ချင်ပေမဲ့ အသက်ငင်နေတဲ့ ငါ့ရဲ့နှလုံးသားကို အလျင်စလို delete မခေါက်လိုက်ပါနဲ့  ချစ်သူ............... ငါဟာငါ register လုပ်ခဲ့ပြီး ငါဟာငါမေ့နေတဲ့ ငါ့နှလုံးသား password ကို နင်တစ်ယောက်ထဲသိပါတယ် ချစ်သူ..................... ကျေးဇူးရှင် chat senior များရဲ့ သွန်သင်ဆုံးမမှုကိုနားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့ နင့်ရဲ့နှလုံးသားကိုလည်း ငါ hack လုပ်လို့ မရခဲ့ပါဘူး ချစ်သူ.............. ချစ်သူ.............. တကယ်တော့.............. ငါဟာနင့်ရဲ့ဘ၀ထဲကို လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို့ ကြိုးစားခဲ့တဲ့လူလေ ။ ။

သူငယ်ချင်းတစ်ယောက်ရဲ့ Forward mail ကရတာလေးတင်ပေးတာပါ

(၁) ရည်းစားဟောင်းနဲ့တွေ့ရင် မသိချင်ယောင်ဆောင်နေပါ။ (၂) အလိုက်မသိ စကားလာပြောပါက ပါးပိတ်ရိုက်ပါ။ (၃) ပြန်ပြီးဆက်သွယ်မယ့် အရိပ်အယောင်တွေ့ရင် စေ့စေ့ကြည့်ပြီး အရှက်နည်းလှချည်လားဟု ပိတ်ပြောပစ်ပါ။ (၄) ရည်းစားဟောင်းအကြောင်း လာပြောသူများရှိရင် သူ့ထိုက်နဲ့သူ့ကံပဲဟု သနားသောလေသံဖြင့်ပြောပါ။ (၅) ရည်းစားဟောင်းကို တစ်ခါတစ်လေအိပ်မက်မက်ပါက ငါကံဆိုးလိုက်လေခြင်းဟု ညီးတွားပါ။ (၆) ရည်းစားဟောင်းအိမ်နားမှ မတတ်သာ၍ ဖြတ်သွားရရင်တောင် ဆိုးလိုက်တဲ့လမ်းဟု သုံးခါတိတိ ရေရွတ်ပါ။ (၇) ရည်းစားဟောင်းကို ပြန်ပြီးစိတ်ဝင်စားချင်လာပါက ငါစိတ်ကစားတာနေမှာပါလေဟု ကိုယ့်ကိုယ်ကို ပြန်ဆုံးမပါ။ (၈) ရည်းစားဟောင်းနှင့် သွားခဲ့ဖူးသောနေရာများရောက်မိ၍ သတိရချင်သလိုလိုဖြစ်လာပါက ၀ဋ်ကြွေးတွေ ပြေပါစေတော့ဟု ထပ်ခါတလဲလဲ ဆုတောင်းပါ။ (၉) ရည်းစားဟောင်းဆီမှ လက်ဆောင်ပစ္စည်းအချို့ လက်ခံရရှိပါက သြော်…. တစ်ခါတစ်လေတော့လည်း ရှိပါစေတော့ဟု စဉ်းစားပြီး ခပ်တည်တည်လက်ခံထားလိုက်ပါ။ (၁၀) ရည်းစားဟောင်းကို အခုထိချစ်နေမိတုန်းပဲဟု သေချာသွားပါက တိန်..တိန်.. တိန် ဟု သုံးခါအော်၍ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။

သူငယ်ချင်း

သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ်ဘဲ ကောက်တွေ့ခဲ့ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ လူချင်းလည်းမမြင်ဘူးပဲနဲ့ အင်တာနက်နဲ့ ဖုန်းနဲ့ဆက်သွယ်ပြီး သူငယ်ချင်းတွေလည်းရှိတယ်။ လူချင်းမြင်ဖူးပြီး အရမ်းကောင်းတဲ့သူငယ်ချင်းတွေဖြစ်ခဲ့တာလည်းရှိတယ်။ မတော်တဆတိုက်မိပြီး ခင်သွားတဲ့သူငယ်ချင်းတွေလည်းရှိတယ်။ ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ အတူနေခဲ့တဲ့သူငယ်ချင်းတွေက ကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကိုရှာကြရင်း တကွဲတပြားစီဖြစ်ပြီး အဆက်အသွယ်က နည်းသထက်နည်းလာခဲ့တယ်။ သူငယ်ချင်းတွေမှာ အသက်အပိုင်းအခြားမရှိဘူး။ ကိုယ်နဲ့ရွယ်တူလည်းရှိတယ်။ ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့သူလည်းရှိတယ်။ ကြီးတဲ့သူငယ်ချင်းတွေကနေ ကိုယ့်မှာ မရှိသေးတဲ့အတွေ့အကြုံတွေယူတယ်။ ငယ်တဲ့သူငယ်ချင်းတွေဆီကနေ ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကို ပြန်ရှာတယ်။ သူငယ်ချင်းတွေမှာ အသက်အရွှယ်၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။ သူငယ်ချင်းတွေဟာ နွေ၊မိုး၊ဆောင်း ပြောင်းနေတဲ့ရာသီတွေနဲ့တူတယ်။ တချို့က ပူပြင်းတဲ့နွေနဲ့တူတယ်။ တချို့က နွေရဲ့အပူဒဏ်ကို လျော့ပေးတဲ့မိုးနဲ့တူတယ်။ တစ်ချို့က အေးမြတဲ့ဆောင်းနဲ့တူတယ်။ မတူညီတဲ့ ရာသီရဲ့ အလှအပတွေကို ခံစားရင်း ကိုယ့်ဘဝကို ဖြတ်သန်းခဲ့တယ်။ သူတို့နဲ့ ကိုယ်ဘယ်လိုစသိ စခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ဝမ်းနည်းစရာ၊ဝမ်းသာစရာတွေနဲ့ကြုံတိုင်း သူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကိုမြင်တိုင်း သူတို့နဲ့ ကိုယ်မျှဝေချင်ခဲ့တယ်။ ကွန်ပျူတာရဲ့ တစ်ဖက်မှာထိုင်ပြီး ကိုယ်မျှဝေတဲ့ အရာတွေကို သူတို့ကြည့်ပြီး ပျော်နေသလား................ ကိုယ့်စာကြောင့်စိတ်ပျက်ပျက်နဲ့ ငြီးငြူနေသလား............ ဘာတွေရေးနေလည်းဆိုပြီးမဲ့နေမလား................. သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော်မပြောပြတတ်လို့ ဒီကနေတစ်ဆင့် ထောင့်တစ်နေရာမှရှိတဲ့ သူငယ်ချင်းတွေ ပျော်ရွင်နွေးထွေးတဲ့ ကိုယ့်မေတ္တာနဲ့ တောင်းဆုပြုလိုက်ပါတယ်။............ အားလုံးသော သူငယ်ချင်းများ ညီအစ်ကိုမောင်နှစ်မများအားလုံးကျန်းမာပျော်ရွှင်စွာနေနိုင်ကျပါစေဗျာ။ ဘာကိုမှာရည်ရွှယ်ပြီးရေးခြင်းမဟုတ်ပါခင်ဗျာ တိုက်ဆိုင်မှုလေးများရှိရင် ခွင့်လွတ်ပေးကျပါခင်ဗျာ။

အမျိုးသားမှတ်ပုံတင်

တစ်ခါတုန်းက အလုပ်သမား လျောက်လွှာ မှတ်ပုံတင်တဲ့ ဋ္ဌာနတစ်ခုမှာ မထွေးဆိုတဲ့ အမျိုးသမီးတစ်ယောက် သုံးနှစ်အရွယ် သမီးနှင့်အတူ အလုပ်လုပ်ရန် မှတ်ပုံတင်ဖို့ ရုံးကို ရောက်လာခဲ့တယ်၊ မှတ်ပုံတင်လက်ခံတဲ့ စာရေးလေးက စားပွဲမှာ လူများနေတော့ မထွေးက မလှမ်းမကမ်းမှာရှိတဲ့ ထိုင်ခုံမှာ သမီးနှင့်အတူ ထိုင်စောင့်နေတယ်၊ စာရေးလေးက စားပွဲမှာ လူရှင်းတော့ မထွေးက စာရေးလေးစားပွဲထံ ထလာခဲ့တယ်၊ စာရေးလေးက နာမည်ပြောလို့ မေးတော့ မထွေးက မထွေးပါလို့ ဖြေလိုက်တယ်၊ ပြီးတော့ စာရေးလေးက အမျိုးသားမှတ်ပုံတင် ပါလားလို့ မေးတော့ မထွေးက ဟော့တော့ သူက မနေ့တုန်းကမှ ခရီးထွက်သွားတော့ ယူမထားလိုက်ရဘူးလို့ ဖြေပါတယ်။ ဒါနဲ့ စာရေးလေးက ထပ်မေးတယ်၊ မထွေးရဲ့ အမျိုးသားမှတ်ပုံတင်ကို ပေးပါလို့ ပြောတယ်၊ မထွေးကလည်း ဘာပြန်ပြောလဲဆိုတော့ စောစောက ပြောတဲ့ သူဆိုတာ ကျွန်မယောက်ျားပါ၊ တကယ်ခရီးထွက်သွားလို့ အိမ်စောင့်မရှိလို့ တောင်မှ သူနဲ့ရတဲ့ သမီးလေးကို ခေါ်လာခဲ့ရတယ်၊ ဟိုခုံမှာထိုင်နေတဲ့ကလေးမလေးပဲ၊ ဒီအချိန်မှာ စာရေးလေးက စိတ်ပျက်သော အမူအယာဖြင့် ကုလားထိုင် နောက်မှီကို မှီပြီး ခေါင်းကုတ်နေမိတယ်၊ ခဏနေတော့ ကုလားထိုင် နောက်မှီမှ ခွာပြီး ခါးကို ရှေ့စားပွဲသို့ ကုန်းခါ မထွေးကို ပြောလိုက်ပုံက “ဒီမှာ မထွေး ကျွန်တော် တောင်းနေတာက မထွေးနာမည်ပါတဲ့ မှတ်ပုံတင်ကိုပြောတာ” ဒီတော့မှ မထွေးဖြေလိုက်ပုံက “အော်ဒါလား”ဆိုပြီး သူမ၏ပိုက်ဆံအိတ်ထဲမှ သူမ ၏မှတ်ပုံတင်ကို ထုတ်ပေး လိုက်သတဲ့။ မြန်မာစကားများသေချာနားထောင်မှာနော်မဟုတ်ရင်နားကြားလွဲတတ်တယ်။