Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts
ခေါင်းစဉ်မရှိတဲ့ ကဗျာ
သမားရိုးကျဘ၀ထဲကနေ
စာရေးနေရင်း..အလုပ်..လုပ်နေရင်း
ပြင်းပြင်းထန်ထန်..ဖျတ်ခနဲ..
သတိရလိုက်တယ်...
ချစ်သူရေ..နင်ကပဲ သတိရလိုက်တာလား
ငါကိုကပဲ..အဖြစ်သည်းလွန်းတာလား....
မျှော်စင်ကျွန်းထဲက ရင်ခုန်သံတွေအကြောင်း.
......ဆွေးနွေးရင်းးးးးးးးးးးးး
ငါတို့တွေရဲ့ ရင်ခုန်သံတွေကို
မဆွေးနွေးဖြစ်ခဲ့ကြဘူးနော်
ဘ၀မှာ ကိုယ့်ကိုကိုယ်ညာရတာ
များလွန်းတော့လည်း.....
ဘယ်ဟာက အစစ်အမှန်..ဆိုတာတောင်
(မသိတော့ပါဘူးးးးးးးးးးးး)
ဒါပေမဲ့.....
တကယ့်ကို `.........................´ လို့
ငါ..၀န်..ခံ..ပါ..တယ်....
သံယောဇဉ်တွေ.. အမြစ်တွယ်နေတာ
ထွက်ခွာသွားတဲ့ နင့်ခြေရာပေါ်..
တမ်းတခြင်းတွေ ပြိုလဲကျမှ
(တအံ့တသြ...ငါသိခဲ့ရတယ်..)
အခုရေးနေတဲ့ ဒီကဗျာကို..
လုံးခြေပစ်ဖို့..............
ငါ့လက်က စာရွက်ကို ထိမိချိန်....
အေးစက်...စွတ်စို...လို့
အေး...စက်...စွတ်...စို.....လို့.......။
စာရေးနေရင်း..အလုပ်..လုပ်နေရင်း
ပြင်းပြင်းထန်ထန်..ဖျတ်ခနဲ..
သတိရလိုက်တယ်...
ချစ်သူရေ..နင်ကပဲ သတိရလိုက်တာလား
ငါကိုကပဲ..အဖြစ်သည်းလွန်းတာလား....
မျှော်စင်ကျွန်းထဲက ရင်ခုန်သံတွေအကြောင်း.
......ဆွေးနွေးရင်းးးးးးးးးးးးး
ငါတို့တွေရဲ့ ရင်ခုန်သံတွေကို
မဆွေးနွေးဖြစ်ခဲ့ကြဘူးနော်
ဘ၀မှာ ကိုယ့်ကိုကိုယ်ညာရတာ
များလွန်းတော့လည်း.....
ဘယ်ဟာက အစစ်အမှန်..ဆိုတာတောင်
(မသိတော့ပါဘူးးးးးးးးးးးး)
ဒါပေမဲ့.....
တကယ့်ကို `.........................´ လို့
ငါ..၀န်..ခံ..ပါ..တယ်....
သံယောဇဉ်တွေ.. အမြစ်တွယ်နေတာ
ထွက်ခွာသွားတဲ့ နင့်ခြေရာပေါ်..
တမ်းတခြင်းတွေ ပြိုလဲကျမှ
(တအံ့တသြ...ငါသိခဲ့ရတယ်..)
အခုရေးနေတဲ့ ဒီကဗျာကို..
လုံးခြေပစ်ဖို့..............
ငါ့လက်က စာရွက်ကို ထိမိချိန်....
အေးစက်...စွတ်စို...လို့
အေး...စက်...စွတ်...စို.....လို့.......။
ခံစားမှု............
ခံစားမှုဆိုတာ
ခုသောက်နေတဲ့ ဆေးလိပ်မီးခိုးငွေ့တွေလိုပဲ
လေထဲပျောက်ကွယ်သွားရင် ကောင်းမယ်..
ရင်နာတယ်..တဲ့
ဘာမှန်းတော့မသိဘူး.......
ခံစားရတာတော့ တော်တော်ခက်တယ်
မင်းပေးတဲ့ ဆေးပေါလိပ်ကို အခါခါဖွာလို့
မင်းအကြောင်း တွေးနေမိတယ်..။
ပထမဆုံးအကြိမ်....
ဆေးလိပ်တစ်လိပ် ကုန်အောင်သောက်မိသွားတယ်
မျက်လုံးတွေ ကျိန်းစပ်နေတယ်...
ဒါပေမဲ့ မင်းအကြောင်းတွေးတာ မရပ်သေးဘူး။
ချစ်တယ်ဆိုတာ ငါ...မသိဘူး
ဆုံဆည်းခွင့် ဘယ်တော့လဲဆိုတာ ငါမသိဘူး
ဘာလို့ဝေးကွာရတာလဲ ဆိုတာ ငါ..မသိဘူး
လွမ်းတာတစ်ခုတော့ သိတယ်....
လွမ်းတော့ လွမ်းတတ်တယ် ကောင်လေးရဲ့....
ငါ့အတွက်တော့ သံယောဇဉ်ဆိုတာ
မင်း...အကြည့်တစ်ခုနဲ့တင်....
.....လုံလောက်ပါပြီ.................
သေချာတာကတော့ ဒီည အိပ်မပျော်ဘူး..။
ကဗျာဆရာ အေးချမ်းရဲ့ကဗျာလေးပါပဲခင်ဗျာ အခုလောလောဆယ် စာမေးပွဲတွေဖြေနေရတာ ဒီနေ့မှာပြီးတော့ ပြီးပြန်တော့လည်း မအားသေးဘူးရယ် လေ့လာရေးခရီးထွက်ဖို့အတွက်ရှိသေးတယ် အဲ့တော့အခုအားနေတုန်းလေး စာကလည်းရေးလို့မရဘူးရယ် အချိန်ကလည်းမပေးနိုင်လို့လေ အခုကတော့ကဗျာဆရာ အေးချမ်းရဲ့ကဗျာလေးကိုတင်လိုက်ပါတယ်။ အားလုံးသောညီ အကိုမောင်နှစ်မများအားလုံးပျော်ရွှင်ချမ်းမြေ့စွာနဲ့ အဆင်ပြေနိုင်ကျပါစေခင်ဗျာ။
ခုသောက်နေတဲ့ ဆေးလိပ်မီးခိုးငွေ့တွေလိုပဲ
လေထဲပျောက်ကွယ်သွားရင် ကောင်းမယ်..
ရင်နာတယ်..တဲ့
ဘာမှန်းတော့မသိဘူး.......
ခံစားရတာတော့ တော်တော်ခက်တယ်
မင်းပေးတဲ့ ဆေးပေါလိပ်ကို အခါခါဖွာလို့
မင်းအကြောင်း တွေးနေမိတယ်..။
ပထမဆုံးအကြိမ်....
ဆေးလိပ်တစ်လိပ် ကုန်အောင်သောက်မိသွားတယ်
မျက်လုံးတွေ ကျိန်းစပ်နေတယ်...
ဒါပေမဲ့ မင်းအကြောင်းတွေးတာ မရပ်သေးဘူး။
ချစ်တယ်ဆိုတာ ငါ...မသိဘူး
ဆုံဆည်းခွင့် ဘယ်တော့လဲဆိုတာ ငါမသိဘူး
ဘာလို့ဝေးကွာရတာလဲ ဆိုတာ ငါ..မသိဘူး
လွမ်းတာတစ်ခုတော့ သိတယ်....
လွမ်းတော့ လွမ်းတတ်တယ် ကောင်လေးရဲ့....
ငါ့အတွက်တော့ သံယောဇဉ်ဆိုတာ
မင်း...အကြည့်တစ်ခုနဲ့တင်....
.....လုံလောက်ပါပြီ.................
သေချာတာကတော့ ဒီည အိပ်မပျော်ဘူး..။
ကဗျာဆရာ အေးချမ်းရဲ့ကဗျာလေးပါပဲခင်ဗျာ အခုလောလောဆယ် စာမေးပွဲတွေဖြေနေရတာ ဒီနေ့မှာပြီးတော့ ပြီးပြန်တော့လည်း မအားသေးဘူးရယ် လေ့လာရေးခရီးထွက်ဖို့အတွက်ရှိသေးတယ် အဲ့တော့အခုအားနေတုန်းလေး စာကလည်းရေးလို့မရဘူးရယ် အချိန်ကလည်းမပေးနိုင်လို့လေ အခုကတော့ကဗျာဆရာ အေးချမ်းရဲ့ကဗျာလေးကိုတင်လိုက်ပါတယ်။ အားလုံးသောညီ အကိုမောင်နှစ်မများအားလုံးပျော်ရွှင်ချမ်းမြေ့စွာနဲ့ အဆင်ပြေနိုင်ကျပါစေခင်ဗျာ။
ဝေဒနာ
ဝေဒနာ...
ပျော်ဝင်မိခဲ့သမျှ...
နီးစပ်မှုတွေကြောင့်....မဟုတ်ဘူး ...................
ရည်းစားစာသီချင်းတစ်ပုဒ်ကြောင့်
...မဟုတ်ဘူး ..........
ငါဖျော်ခဲ့တဲ့ ကော်ဖီတစ်ခွက်ကြောင့်လည်း မဟုတ်ဘူး ...............
သေချာတာကတော့....
ဘယ်အရာကြောင့်....
ဘယ်အတွက်ကြောင့်....
ဘာအကျိုးအမြတ်ကြောင့်မှ...မပါဝင်ခဲ့ဘူးးးးး
ငါ့နှလုံးသားတစ်ခုလုံး....
ရုတ်တရက်ခွဲခွာရမယ်ဆိုတဲ့..အသိကြောင့်..
အလွမ်းတွေ..ပွင့်ထွက်ကုန်တယ်
စွဲလမ်းမိခဲ့သမျှ..အကြည့်တစ်ချက်တည်းရယ်ပါ
ငါ့အနာဂတ်အတွက် ရွက်လွှင့်ရဦးမယ်လေ..
မင်း..မလိုက်ချင်မှတော့....
ငါ..အတင်းအကြပ်..ဘယ်ခေါ်ရက်ပါ့မလဲကွယ်
ကိုယ့်ဝေဒနာ..ကိုယ်ထုပ်ပိုးလို့..
ငါ..ရိုရိုကျိုးကျိုးလေး...ထွက်ခွာသွားပါ့မယ်
နင်ပေးခဲ့သမျှ..စေတနာ..လို့
ခံယူပြီး လိုက်ကောက်ခဲ့တာပါ
တချို့စေတနာတွေက ခါးသက်တယ်
မနေ့တနေ့ကမှ သိလိုက်ရတယ်
အလွမ်း...ဆိုတာလည်း........မချိုဘူး ..............
ကျွန်တော်ရေးထားတဲ့ကဗျာ မဟုတ်ပါဘူး ကျွန်တော့်မေးလ်ထဲကို "အေးချမ်း "ဆိုတဲ့ တစ်ယောက်ပို့ပေးထားတာပါလေ ကဗျာလေးကတော်တော်လေးဖတ်လို့လည်းကောင်းပါတယ် အားလုံးပဲ စိတ်ဝင်စားကျမယ်လို့ထင်ပါတယ်။ ဟုတ်ကဲ့ခင်ဗျာ ကဗျာဆရာ အေးချမ်း ရဲ့ ကဗျာလေးကို အားပေးလိုက်ကျပါအုံးနော် အဆင်ပြေပျော်ရွှင်နိုင်ကျပါစေခင်ဗျာ။
ပျော်ဝင်မိခဲ့သမျှ...
နီးစပ်မှုတွေကြောင့်....မဟုတ်ဘူး ...................
ရည်းစားစာသီချင်းတစ်ပုဒ်ကြောင့်
ငါဖျော်ခဲ့တဲ့ ကော်ဖီတစ်ခွက်ကြောင့်လည်း မဟုတ်ဘူး ...............
သေချာတာကတော့....
ဘယ်အရာကြောင့်....
ဘယ်အတွက်ကြောင့်....
ဘာအကျိုးအမြတ်ကြောင့်မှ...မပါ
ငါ့နှလုံးသားတစ်ခုလုံး....
ရုတ္တရက္ခြဲခြာရမယ္ဆိုတဲ့..အသိေ
အလွမ်းတွေ..ပွင့်ထွက်ကုန်တယ်
စွဲလမ်းမိခဲ့သမျှ..အကြည့်တစ်ချ
ငါ့အနာဂတ်အတွက် ရွက်လွှင့်ရဦးမယ်လေ..
မင်း..မလိုက်ချင်မှတော့....
ငါ..အတင်းအကြပ်..ဘယ်ခေါ်ရက်ပါ့
ကိုယ့်ဝေဒနာ..ကိုယ်ထုပ်ပိုးလို့
ငါ..ရိုရိုကျိုးကျိုးလေး...ထွက်
နင်ပေးခဲ့သမျှ..စေတနာ..လို့
ခံယူပြီး လိုက်ကောက်ခဲ့တာပါ
တချို့စေတနာတွေက ခါးသက်တယ်
မနေ့တနေ့ကမှ သိလိုက်ရတယ်
အလွမ်း...ဆိုတာလည်း........မချိုဘူး ..............
ကျွန်တော်ရေးထားတဲ့ကဗျာ မဟုတ်ပါဘူး ကျွန်တော့်မေးလ်ထဲကို "အေးချမ်း "ဆိုတဲ့ တစ်ယောက်ပို့ပေးထားတာပါလေ ကဗျာလေးကတော်တော်လေးဖတ်လို့လည်းကောင်းပါတယ် အားလုံးပဲ စိတ်ဝင်စားကျမယ်လို့ထင်ပါတယ်။ ဟုတ်ကဲ့ခင်ဗျာ ကဗျာဆရာ အေးချမ်း ရဲ့ ကဗျာလေးကို အားပေးလိုက်ကျပါအုံးနော် အဆင်ပြေပျော်ရွှင်နိုင်ကျပါစေခင်ဗျာ။
ရင်တွင်း..........................
ရင်မှာအကြင်နာ တကယ်ချစ်တော့
တကယ်ခံစားရ
ခံစားရတဲ့အသည်းနှလုံး
မွန်းထားလုမတတ်ကြေကွဲနေပေမဲ့
ငါချစ်တဲ့အချစ်
ထာဝရအချစ်တွေနဲ့
မင်းကို ငါဆက်ချစ်နေမှာပါ။
အချိန်တွေများစွာ ချစ်လာရတဲ့
ငါ့ရဲ့အသည်းနှလုံးက
နုနယ်ပေမဲ့ မစိမ်းကားရက်ပါဘူး
မရက်စက်တတ်ဘူးချစ်သူ
ပျော့ညံ့နေတဲ့ငါ့နှလုံးသားနဲ့
ငါ့ရဲ့ပျော့ကွက်ထဲကို မင်းဝင်တိုးလို့
ငါ့ကို အမျိုးမျိုးမင်း ပြောခဲ့ပေမဲ့
ငါ့ရဲ့ ချစ်တဲ့စိတ်နဲ့ မင်းကို
ဘယ်လိုမှာမမုန်းရက်ဘူး
နာကြည်းခံစား
ငါ့နှလုံးသားကို
တစ်စစီကြေမွအောင်ပြောသွားလည်းပဲ
ငါမင်းကို ဆက်ချစ်နေမှာပါချစ်သူ
ထာဝရမပြောင်းလဲတဲ့ ထာဝရချစ်ခြင်းတွေနဲ့
အမြဲတမ်းလက်တွဲဖော်အဖြစ်ဆက်ချစ်နေပါ့မယ်ချစ်သူ။
မင်းပါးစပ်က ဖွင့်ထွက်ကျလာ
သည်စကားတစ်ခွန်းသာ
ငါကြားယောင်နေဆဲပါ
ထာဝရတစ်ယောက်တည်းချစ်သွားပါမယ်ဆိုတဲ့............
စကားလေးတစ်ခွန်းတည်းနဲ့
ငါက ထာဝရပျော်ရွှင်နေရတဲ့သူပါချစ်သူ
တစ်နေ့တော့ မင်းနားလည်မှာပါ။
ငါအချစ်က
တောင်လေပွေလို လေယူရာမယိမ်းနိုင်သိလို
သူသူငါငါပြောင်းချစ်ဖို့လည်းမဖြစ်နိုင်ပါ
အချစ်ဆိုတာ ရင်မှာပေါက်ဖွား
ခံစားချက်တို့နဲ့အတူ
နှလုံးသားက ဆင်းသက်လာတဲ့
အနှုးညံ့ဆုံးသော
ရင်တွင်း အစိတ်အပိုင်းလေးပါ
ချစ်သူ။
တကယ်ခံစားရ
ခံစားရတဲ့အသည်းနှလုံး
မွန်းထားလုမတတ်ကြေကွဲနေပေမဲ့
ငါချစ်တဲ့အချစ်
ထာဝရအချစ်တွေနဲ့
မင်းကို ငါဆက်ချစ်နေမှာပါ။
အချိန်တွေများစွာ ချစ်လာရတဲ့
ငါ့ရဲ့အသည်းနှလုံးက
နုနယ်ပေမဲ့ မစိမ်းကားရက်ပါဘူး
မရက်စက်တတ်ဘူးချစ်သူ
ပျော့ညံ့နေတဲ့ငါ့နှလုံးသားနဲ့
ငါ့ရဲ့ပျော့ကွက်ထဲကို မင်းဝင်တိုးလို့
ငါ့ကို အမျိုးမျိုးမင်း ပြောခဲ့ပေမဲ့
ငါ့ရဲ့ ချစ်တဲ့စိတ်နဲ့ မင်းကို
ဘယ်လိုမှာမမုန်းရက်ဘူး
နာကြည်းခံစား
ငါ့နှလုံးသားကို
တစ်စစီကြေမွအောင်ပြောသွားလည်းပဲ
ငါမင်းကို ဆက်ချစ်နေမှာပါချစ်သူ
ထာဝရမပြောင်းလဲတဲ့ ထာဝရချစ်ခြင်းတွေနဲ့
အမြဲတမ်းလက်တွဲဖော်အဖြစ်ဆက်ချစ်နေပါ့မယ်ချစ်သူ။
မင်းပါးစပ်က ဖွင့်ထွက်ကျလာ
သည်စကားတစ်ခွန်းသာ
ငါကြားယောင်နေဆဲပါ
ထာဝရတစ်ယောက်တည်းချစ်သွားပါမယ်ဆိုတဲ့............
စကားလေးတစ်ခွန်းတည်းနဲ့
ငါက ထာဝရပျော်ရွှင်နေရတဲ့သူပါချစ်သူ
တစ်နေ့တော့ မင်းနားလည်မှာပါ။
ငါအချစ်က
တောင်လေပွေလို လေယူရာမယိမ်းနိုင်သိလို
သူသူငါငါပြောင်းချစ်ဖို့လည်းမဖြစ်နိုင်ပါ
အချစ်ဆိုတာ ရင်မှာပေါက်ဖွား
ခံစားချက်တို့နဲ့အတူ
နှလုံးသားက ဆင်းသက်လာတဲ့
အနှုးညံ့ဆုံးသော
ရင်တွင်း အစိတ်အပိုင်းလေးပါ
ချစ်သူ။
မြူမှုန်လေး တစ်မှုန်......
ငါဟာ…..
လေနှင်ရာ လူးလွင့်နေတဲ့
ငှက်တစ်ကောင်လို
ပျံသန်းချင်ရာ ပျံသန်း
ပျော်ပါးချင်ရာ ပျော်ပါး
အတောင်ညောင်းချိန်
ခဏတာ ပြန်လာနားခိုရာဖြစ်တဲ့
မင်းရဲ့ သစ်ပင်အိုမှ မဟုတ်တာလေ….။
ငါဟာ…..
လေပြေနဲ့အတူ
ကျီ်စယ် ဆော့ကစားခံရပြီး
မုန်တိုင်းဝင်မွှေ့ခံရတဲ့
မင်းရဲ့ ကမ်းနားသစ်ပင်မှ မဟုတ်တာလေ…။
ငါဟာ…..
မင်းရွှေ့ကစားချင်တိုင်းကစား
ထားချင်တိုင်းထားခံရတဲ့
နယ်ရုပ်လေး တစ်ရုပ်မှ မဟုတ်တာလေ…။
ဒီကဗျာလေးကတော့ကျွန်တော်ဘလော့တစ်ခုကနေယူထားတာပါ အဲ့ဘလော့ရဲ့မှုရင်းလိပ်စာလေးကိုပါတွဲပြီးတော့တင်ပေးလိုက်ပါတယ်ခင်ဗျာ စာမေးပွဲတွေဖြေနေလို့ပြီးတော့လည်း စာသင်ချိန်တွေများနေလို့ ဘယ်ဘလော့မှာမလည်နိုင်ဘူးဖြစ်နေတယ်။ အဲ့လိုကြောင့်အခုကဗျာလေးကိုယူပြီးတင်ပေးလိုက်တာပါခင်ဗျာ ဘလော့ရဲ့လိပ်စာကတော့ ဒီမှာပါခင်ဗျာ
အောင်မြင်သူဖြစ်ပါစေ။
အချစ်အမုန်းနဲ့
အချိန်မဖြန်းသင့်တော့ဘူး
ငိုင်တိငိုင်တိုင်နဲ့
ယိမ်းယိုင်မနေသင့်တော့ဘူး
အဟောင်းအသစ်တွေ
ပြောင်းချစ်နေဖို့လည်းမဟုတ်ဘူး
မသေခင်
ဆင်ခြင်တုံတရားနဲ့
အမှားကင်းအောင်နေရမယ်။
အများက အားကိုးတဲ့
တန်ဖိုးရှိသူဖြစ်ရမယ်။
သူတစ်ပါးအကျိုးဆောင်
အောင်မြင်သူဖြစ်ပါစေ။
စိတ်ထဲရှိတာစပ်မိရင်းနဲ့အဲ့လိုလေးတွေထွက်လာလို့တင်ပေးလိုက်တာပါ။ တော်ကြာနေကိုတိုးလေးတန်ဖိုးရှိတဲ့သူဖြစ်အောင်နေနေတာမဟုတ်ပါဘူးခင်ဗျာ။ အခုမှာကိုယ့်ကိုကိုယ်ကောင်းအောင်ကြိုးစားဆဲပါပဲဗျာ။ သူများတကာအားကိုးလောက်တဲ့အရည်အချင်းလည်းမရှိပါဘူးဦးနှောက်ကထွက်လာတာကို ကဗျာတစ်ပိုဒ်အဖြစ်နဲ့စပ်မိပြီးရေးလိုက်မိခြင်းဖြစ်ပါသည်ခင်ဗျာ။ ညီအကိုမောင်နှစ်မများအားလုံးပဲ ပျော်ရွှင်အဆင်ပြေကျပါစေခင်ဗျာ။
အချိန်မဖြန်းသင့်တော့ဘူး
ငိုင်တိငိုင်တိုင်နဲ့
ယိမ်းယိုင်မနေသင့်တော့ဘူး
အဟောင်းအသစ်တွေ
ပြောင်းချစ်နေဖို့လည်းမဟုတ်ဘူး
မသေခင်
ဆင်ခြင်တုံတရားနဲ့
အမှားကင်းအောင်နေရမယ်။
အများက အားကိုးတဲ့
တန်ဖိုးရှိသူဖြစ်ရမယ်။
သူတစ်ပါးအကျိုးဆောင်
အောင်မြင်သူဖြစ်ပါစေ။
စိတ်ထဲရှိတာစပ်မိရင်းနဲ့အဲ့လိုလေးတွေထွက်လာလို့တင်ပေးလိုက်တာပါ။ တော်ကြာနေကိုတိုးလေးတန်ဖိုးရှိတဲ့သူဖြစ်အောင်နေနေတာမဟုတ်ပါဘူးခင်ဗျာ။ အခုမှာကိုယ့်ကိုကိုယ်ကောင်းအောင်ကြိုးစားဆဲပါပဲဗျာ။ သူများတကာအားကိုးလောက်တဲ့အရည်အချင်းလည်းမရှိပါဘူးဦးနှောက်ကထွက်လာတာကို ကဗျာတစ်ပိုဒ်အဖြစ်နဲ့စပ်မိပြီးရေးလိုက်မိခြင်းဖြစ်ပါသည်ခင်ဗျာ။ ညီအကိုမောင်နှစ်မများအားလုံးပဲ ပျော်ရွှင်အဆင်ပြေကျပါစေခင်ဗျာ။
စိတ်ကိုပျော်အောင်ထား
သူငယ်ချင်းတို့ရေ
ဘယ်သူမှ အမြဲထာဝစဉ် အသက်မရှင်ကြပါဘူး။
ဘယ်အရာမှလည်း ကာလမြင့်ရှည်
မတည်မြဲကြပါဘူး။
ဒါတွေကို စိတ်ထဲမှာထားပြီး ပျော်ပျော်နေပါ။
ကျွန်တော်တို့ဘဝတွေဟာ
ဟောင်းနွမ်းနေတဲ့ ဝန်ထပ်ဝန်ပိုးတစ်ထုပ်လည်းမဟုတ်ပါဘူး။
ကျွန်တော်တို့ သွားမယ့် လမ်းကလေးဟာလည်း
အရှည်ကြီးတစ်ခုလည်း မဟုတ်ပါဘူး။
တစ်ဦးတည်းသာရှိတဲ့ ကဗျာစာဆိုတစ်ယောက်က
အိုဟောင်းနေတဲ့သီချင်းတစ်ပိုဒ်ကိုသာ
သီဆိုဖွဲ့နေရမှာ မဟုတ်ပါဘူး။
ပန်းဆိုတာ ရင့်ရော်နွမ်းလျ ကြေကွဲရစမြဲပါ။
ပန်းပန်တဲ့သူက အဲဒီအတွက်
ထာဝရဝမ်းနည်းပူဆွေးနေရမှာ မဟုတ်ပါဘူး။
သူငယ်ချင်းတို့ရေ
ဒါတွေကို စိတ်ထဲမှာထားပြီး ပျော်ပျော်နေပါ။
ပြီးပြည့်စုံခြင်းကို တေးဂီတအဖြစ်သီဖွဲ့ဖို့
ပြည့်ပြည့်ဝဝ ရပ်နားချိန်
ရောက်လာစေရမယ်။
ဘဝက ရွှေရောင်အရိပ်တွေထဲမှာ
နစ်မြုပ် ပျောက်ဆုံး သွားစေဖို့
သူ့ရဲ့နေဝင်ဆည်းဆာဆီသို့ ဦးညွတ်ထားတယ်။
ကြေကွဲဝမ်းနည်းမှုတွေ သောက်သုံးဖို့
မျက်ရည်ကောင်းကင်ဘုံမှာ ပြန်လည်မွေးဖွားစေဖို့
ချစ်ခြင်းမေတ္တာကို
သူရောက်နေတဲ့နေရာကနေ ပြန်ခေါ်ရမယ်။
သူငယ်ချင်းတို့ရေ
ဒါတွေကို စိတ်ထဲမှာထားပြီး ပျော်ပျော်နေကြည့်စမ်းပါ။
ကျွန်တော်တို့ပန်းတွေကို ကပျာကယာခူးရတယ်။
ဖြတ်သန်းတိုက်ခတ်သွားတဲ့ လေတွေက
လုယူသွားမှာစိုးလို့လေ။
နှောင့်နှေးတုံဆိုင်းနေရင်
ပျောက်ပျက်သွားနိုင်တဲ့ အနမ်းတွေကို
အခွင့်အခါရှိတုန်း ရယူထားလိုက်ဖို့
ကျွန်တော်တို့ရဲ့ သွေးခုန်နှုန်းတွေ မြန်လာတယ်။
ကျွန်တော်တို့ မျက်လုံးတွေ
အရောင်တောက်လာခဲ့တယ်လေ။
ကျွန်တော်တို့ဘဝတွေကလည်း
စိတ်ထက်သန်နေပြီး
ကျွန်တော်တို့ရဲ့ ဆန္ဒတွေကလည်း ပြင်းပြခဲ့ပါတယ်။
ဒါဟာ............. အချိန်က
ခွဲခွာခြင်းဆိုတဲ့ခေါင်းလောင်းကို ထိုးနေသလိုပဲပေါ့။
ကျွန်တော်တို့မှာ အရာဝတ္ထုတစ်ခုခုကို
ပွေ့ဖက်နေဖို့ ဖဲ့ခြေပြီး အမှိုက်တွေထဲကို
လွင့်ပစ်ဖို့အချိန်မရှိပါဘူး။
အချိန်နာရီတွေဟာ သူတို့ရဲ့အိမ်မက်တွေကို
သူတို့ရဲ့ဝတ်ရုံစတွေနဲ့ ကွယ်ဝှက်ပြီး
မြန်မြန်သွက်သွက် ထွက်ခွာသွားခဲ့ကြပါတယ်။
ကျွန်တော်တို့ရဲ့ဘဝ တာဟာ
တိုတောင်းပါတယ်
ဘဝဟာ ကြီးထားဖွံ့ဖြိုးတယ်ဆိုပေမယ့်
အချစ်အတွက် ရက်အနည်ငယ်ပဲရှိပါတယ်။
ငြီးငွေ့ဖွယ်ရာအလုပ်ကို
တကုတ်ကုတ်လုပ်နေရမယ်ဆိုရင်
အဆုံးမဲ့ ရှည်ကြာနေတော့မှာပေါ့။
အလှအပဟာ ကျွန်တော်တို့ကိုချိမြစေပါတယ်။
ဘာကြောင့်လဲဆိုတော့
သူမဟာ ကျွန်တော့်ဘဝနဲ့အတူ
တေးသွားတစ်ခုတည်းမှာပဲ
ကခုန်မြူးထူးနေခဲ့လို့ပါပဲ။
အသိပညာဟာ ကျွန်တော်တို့အတွက်
အဖိုးတန်ပါတယ်။
ဘာကြောင့်လည်းဆိုတော့
ပြည့်စုံလုံလောက်အောင် ဆည်းပူးနိုင်ဖို့
ကျွန်တော်တို့ဟာ ဘယ်တော့မှာအချိန်မရခဲ့လို့ပါပဲ။
အရာအားလုံးဟာ ထာဝရကောင်းကင်ဘုံမှာသာ
ပြုလုပ်ပြီးဆုံးသွားပါတယ်။
ဒါပေမဲ့
အာရုံတွေကို မှောက်မှားစေတတ်တဲ့
ကမ္ဘာမြေပေါ်က ပန်းကလေးတွေကိုတော့
သေခြင်းတရားက ထာဝရလန်းဆန်းစေခဲ့ပါတယ်။
အဲ့အရာတွေအားလုံးကို
စိတ်ထဲမှာထားပြီးတော့
ပျော်အောင်နေလိုက်ပါနော်။
ဘယ်သူမှ အမြဲထာဝစဉ် အသက်မရှင်ကြပါဘူး။
ဘယ်အရာမှလည်း ကာလမြင့်ရှည်
မတည်မြဲကြပါဘူး။
ဒါတွေကို စိတ်ထဲမှာထားပြီး ပျော်ပျော်နေပါ။
ကျွန်တော်တို့ဘဝတွေဟာ
ဟောင်းနွမ်းနေတဲ့ ဝန်ထပ်ဝန်ပိုးတစ်ထုပ်လည်းမဟုတ်ပါဘူး။
ကျွန်တော်တို့ သွားမယ့် လမ်းကလေးဟာလည်း
အရှည်ကြီးတစ်ခုလည်း မဟုတ်ပါဘူး။
တစ်ဦးတည်းသာရှိတဲ့ ကဗျာစာဆိုတစ်ယောက်က
အိုဟောင်းနေတဲ့သီချင်းတစ်ပိုဒ်ကိုသာ
သီဆိုဖွဲ့နေရမှာ မဟုတ်ပါဘူး။
ပန်းဆိုတာ ရင့်ရော်နွမ်းလျ ကြေကွဲရစမြဲပါ။
ပန်းပန်တဲ့သူက အဲဒီအတွက်
ထာဝရဝမ်းနည်းပူဆွေးနေရမှာ မဟုတ်ပါဘူး။
သူငယ်ချင်းတို့ရေ
ဒါတွေကို စိတ်ထဲမှာထားပြီး ပျော်ပျော်နေပါ။
ပြီးပြည့်စုံခြင်းကို တေးဂီတအဖြစ်သီဖွဲ့ဖို့
ပြည့်ပြည့်ဝဝ ရပ်နားချိန်
ရောက်လာစေရမယ်။
ဘဝက ရွှေရောင်အရိပ်တွေထဲမှာ
နစ်မြုပ် ပျောက်ဆုံး သွားစေဖို့
သူ့ရဲ့နေဝင်ဆည်းဆာဆီသို့ ဦးညွတ်ထားတယ်။
ကြေကွဲဝမ်းနည်းမှုတွေ သောက်သုံးဖို့
မျက်ရည်ကောင်းကင်ဘုံမှာ ပြန်လည်မွေးဖွားစေဖို့
ချစ်ခြင်းမေတ္တာကို
သူရောက်နေတဲ့နေရာကနေ ပြန်ခေါ်ရမယ်။
သူငယ်ချင်းတို့ရေ
ဒါတွေကို စိတ်ထဲမှာထားပြီး ပျော်ပျော်နေကြည့်စမ်းပါ။
ကျွန်တော်တို့ပန်းတွေကို ကပျာကယာခူးရတယ်။
ဖြတ်သန်းတိုက်ခတ်သွားတဲ့ လေတွေက
လုယူသွားမှာစိုးလို့လေ။
နှောင့်နှေးတုံဆိုင်းနေရင်
ပျောက်ပျက်သွားနိုင်တဲ့ အနမ်းတွေကို
အခွင့်အခါရှိတုန်း ရယူထားလိုက်ဖို့
ကျွန်တော်တို့ရဲ့ သွေးခုန်နှုန်းတွေ မြန်လာတယ်။
ကျွန်တော်တို့ မျက်လုံးတွေ
အရောင်တောက်လာခဲ့တယ်လေ။
ကျွန်တော်တို့ဘဝတွေကလည်း
စိတ်ထက်သန်နေပြီး
ကျွန်တော်တို့ရဲ့ ဆန္ဒတွေကလည်း ပြင်းပြခဲ့ပါတယ်။
ဒါဟာ............. အချိန်က
ခွဲခွာခြင်းဆိုတဲ့ခေါင်းလောင်းကို ထိုးနေသလိုပဲပေါ့။
ကျွန်တော်တို့မှာ အရာဝတ္ထုတစ်ခုခုကို
ပွေ့ဖက်နေဖို့ ဖဲ့ခြေပြီး အမှိုက်တွေထဲကို
လွင့်ပစ်ဖို့အချိန်မရှိပါဘူး။
အချိန်နာရီတွေဟာ သူတို့ရဲ့အိမ်မက်တွေကို
သူတို့ရဲ့ဝတ်ရုံစတွေနဲ့ ကွယ်ဝှက်ပြီး
မြန်မြန်သွက်သွက် ထွက်ခွာသွားခဲ့ကြပါတယ်။
ကျွန်တော်တို့ရဲ့ဘဝ တာဟာ
တိုတောင်းပါတယ်
ဘဝဟာ ကြီးထားဖွံ့ဖြိုးတယ်ဆိုပေမယ့်
အချစ်အတွက် ရက်အနည်ငယ်ပဲရှိပါတယ်။
ငြီးငွေ့ဖွယ်ရာအလုပ်ကို
တကုတ်ကုတ်လုပ်နေရမယ်ဆိုရင်
အဆုံးမဲ့ ရှည်ကြာနေတော့မှာပေါ့။
အလှအပဟာ ကျွန်တော်တို့ကိုချိမြစေပါတယ်။
ဘာကြောင့်လဲဆိုတော့
သူမဟာ ကျွန်တော့်ဘဝနဲ့အတူ
တေးသွားတစ်ခုတည်းမှာပဲ
ကခုန်မြူးထူးနေခဲ့လို့ပါပဲ။
အသိပညာဟာ ကျွန်တော်တို့အတွက်
အဖိုးတန်ပါတယ်။
ဘာကြောင့်လည်းဆိုတော့
ပြည့်စုံလုံလောက်အောင် ဆည်းပူးနိုင်ဖို့
ကျွန်တော်တို့ဟာ ဘယ်တော့မှာအချိန်မရခဲ့လို့ပါပဲ။
အရာအားလုံးဟာ ထာဝရကောင်းကင်ဘုံမှာသာ
ပြုလုပ်ပြီးဆုံးသွားပါတယ်။
ဒါပေမဲ့
အာရုံတွေကို မှောက်မှားစေတတ်တဲ့
ကမ္ဘာမြေပေါ်က ပန်းကလေးတွေကိုတော့
သေခြင်းတရားက ထာဝရလန်းဆန်းစေခဲ့ပါတယ်။
အဲ့အရာတွေအားလုံးကို
စိတ်ထဲမှာထားပြီးတော့
ပျော်အောင်နေလိုက်ပါနော်။
အဖေကျေးဇူး
အဖေ
ငယ်စဉ်တောင်ကျေး ခလေးဘဝကစလို့
ငါ့သားသမီးစားဖို့အရေး
တာဝန်တကြီးနဲ့ကြိုးစားရရှာတဲ့ အဖေ
ပင်ပန်းရကောင်းသည် မရှိ
နေပူမရှောင် မိုးရွာလည်းမနေသာပါ
လုပ်ကိုင်ကျွေးမွေး သားမောင်လူလေးနဲ့ သမီးအတွက်တဲ့
ရှေ့က ရုန်းကန်လုပ်နေရသလောက်
သားနဲ့သမီးက မလိမ်မာ
လိုချင်တာမရသောကြောင့်
အဖေကိုပူဆာ
အဖေခမျာ မဝယ်ပေးနိုင်ရှာ
ဝမ်းစာအရေးအနိုင်နိုင်တွေးလို့
မိသားစုတာဝန်ထမ်းဆောင်နေတဲ့အဖေ
သားသမီးပူဆာလို့ မဝယ်ပေးနိုင်တော့
အဖေ့မျက်နှာညိုးငယ်စွာနဲ့
နောက်တော့အဖေဖြစ်အောင်ဝယ်ပေးပါ့မယ်သားရယ်တဲ့
ဝမ်းနည်းစွာနဲ့ပြောလိုက်တဲ့အသံ
အဲ့အချိန်မှာအဖေရင်ခွင်ဘယ်လောက်ပူလောင်ရလိမ့်မလည်းဆိုတာမသိခဲ့ရဘူးနော်။
သားနဲ့သမီးပညာရေးအတွက် ကြိုးစားရှာဖွေနေတဲ့အဖေ
ဝမ်းစာအရေးကို အနိုင်နိုင်လေးတွေးပြီးတော့
ငါ့သားသမီး ငါလိုမဖြစ်စေရဘူးဆိုတဲ့စိတ်နဲ့
သားသမီးကိုကျောင်းထား
အဖေကတော့ ငါးပိဖုတ်နဲ့စားခဲ့ရတယ်ဆိုတာလည်းမသိခဲ့ရဘူးနော်။
သားသမီးများ ပညာစုံ အရွယ်ရောက်တော့
အဖေကိုလည့်မကြည့် ခြေစုံကန်ထွက်သွားတတ်တယ်ဆိုတာသိနေပေမဲ့
အဖေဟာ ငါ့သားဘာဖြစ်နေတယ် သမီးက ဘယ်လိုဖြစ်တယ်ဆိုတာလည်း တစ်ခွန်းမှာမပြော
အပြုံးမျက်နှာလေးနဲ့ အေးငြိမ်းခံပြီးနေနေတဲ့အဖေမျက်နှာ
တစ်ရက်မှာ တစ်ခါမတွေးရဲပါ
သားသမီးလုပ်စာ အဖေတို့အမေတို့ မမျှော်ကိုးပါဆိုတဲ့စကား
နှုတ်အားသံစဉ်နေ့တိုင်းကြားရလို့ ရင်တောင်နာရတယ်အဖေ
သားသမီးများစားဖို့အရေး
အဖေတစ်ယောက် တောထဲထွက်လို့
မိုးချုပ်နေဝင် အရှက်ဆိုတာ မရှိပါ
ငါးဖမ်းလုပ်ကျွေး မြွေမကြောက် ကင်းမကြောက်
ညကြီး အခါမမြင်သာပဲ ရှာဖွေကျွေးမွေး
ငါ့သားသမီးစားဖို့အရေးဆိုတဲ့စိတ်နဲ့ အဖေခဏ
တစ်နေ့တစ်ည မနားရပဲ လုပ်ကိုင်ကျွေးမွေးရှာတယ်အဖေ
အဲ့လိုအချိန်တုန်းကပေါ့
အဖေအဲ့လောက်ဆင်းရဲဒုတ်ခ တွေများနေလိမ့်မယ်ဆိုတာ အမှန်ကိုမသိခဲ့ရပါ။
အဖေ အဝေးတစ်နေရာကနေ သိလိုက်ရတဲ့
တစ်ချိန်က အဖေလုပ်ကိုင်ကျွေးမွေးလာတဲ့
အဖြစ်တွေကို မြင်စိထဲမြင်ယောင်မိရင်း
ငါ့အဖေနဲ့အမေဆိုတာ ငါ့ဘဝရဲ့ အလေးအထားရဆုံး
သူရဲကောင်းတွေပါလားဆိုတာပိုပိုပြီးသိလာတယ်
အဖေနဲကအမေကျန်းမာပါစေကြောင်း ဆုတောင်းပေးပါတယ်။
မှတ်မှတ်ရရပဲဒီနေ့ဟာလည်းပဲ ထိုင်းနိုင်ငံဘုရင်ရဲ့ ၈၂ နှစ်မြောက်မွေးနေ့ပါပဲ။ ထိုင်းနိုင်ငံမှာတော့ အဖေများနေ့အဖြစ်သတ်မှတ်ထားပါခင်ဗျာ။ အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ။
ငယ်စဉ်တောင်ကျေး ခလေးဘဝကစလို့
ငါ့သားသမီးစားဖို့အရေး
တာဝန်တကြီးနဲ့ကြိုးစားရရှာတဲ့ အဖေ
ပင်ပန်းရကောင်းသည် မရှိ
နေပူမရှောင် မိုးရွာလည်းမနေသာပါ
လုပ်ကိုင်ကျွေးမွေး သားမောင်လူလေးနဲ့ သမီးအတွက်တဲ့
ရှေ့က ရုန်းကန်လုပ်နေရသလောက်
သားနဲ့သမီးက မလိမ်မာ
လိုချင်တာမရသောကြောင့်
အဖေကိုပူဆာ
အဖေခမျာ မဝယ်ပေးနိုင်ရှာ
ဝမ်းစာအရေးအနိုင်နိုင်တွေးလို့
မိသားစုတာဝန်ထမ်းဆောင်နေတဲ့အဖေ
သားသမီးပူဆာလို့ မဝယ်ပေးနိုင်တော့
အဖေ့မျက်နှာညိုးငယ်စွာနဲ့
နောက်တော့အဖေဖြစ်အောင်ဝယ်ပေးပါ့မယ်သားရယ်တဲ့
ဝမ်းနည်းစွာနဲ့ပြောလိုက်တဲ့အသံ
အဲ့အချိန်မှာအဖေရင်ခွင်ဘယ်လောက်ပူလောင်ရလိမ့်မလည်းဆိုတာမသိခဲ့ရဘူးနော်။
သားနဲ့သမီးပညာရေးအတွက် ကြိုးစားရှာဖွေနေတဲ့အဖေ
ဝမ်းစာအရေးကို အနိုင်နိုင်လေးတွေးပြီးတော့
ငါ့သားသမီး ငါလိုမဖြစ်စေရဘူးဆိုတဲ့စိတ်နဲ့
သားသမီးကိုကျောင်းထား
အဖေကတော့ ငါးပိဖုတ်နဲ့စားခဲ့ရတယ်ဆိုတာလည်းမသိခဲ့ရဘူးနော်။
သားသမီးများ ပညာစုံ အရွယ်ရောက်တော့
အဖေကိုလည့်မကြည့် ခြေစုံကန်ထွက်သွားတတ်တယ်ဆိုတာသိနေပေမဲ့
အဖေဟာ ငါ့သားဘာဖြစ်နေတယ် သမီးက ဘယ်လိုဖြစ်တယ်ဆိုတာလည်း တစ်ခွန်းမှာမပြော
အပြုံးမျက်နှာလေးနဲ့ အေးငြိမ်းခံပြီးနေနေတဲ့အဖေမျက်နှာ
တစ်ရက်မှာ တစ်ခါမတွေးရဲပါ
သားသမီးလုပ်စာ အဖေတို့အမေတို့ မမျှော်ကိုးပါဆိုတဲ့စကား
နှုတ်အားသံစဉ်နေ့တိုင်းကြားရလို့ ရင်တောင်နာရတယ်အဖေ
သားသမီးများစားဖို့အရေး
အဖေတစ်ယောက် တောထဲထွက်လို့
မိုးချုပ်နေဝင် အရှက်ဆိုတာ မရှိပါ
ငါးဖမ်းလုပ်ကျွေး မြွေမကြောက် ကင်းမကြောက်
ညကြီး အခါမမြင်သာပဲ ရှာဖွေကျွေးမွေး
ငါ့သားသမီးစားဖို့အရေးဆိုတဲ့စိတ်နဲ့ အဖေခဏ
တစ်နေ့တစ်ည မနားရပဲ လုပ်ကိုင်ကျွေးမွေးရှာတယ်အဖေ
အဲ့လိုအချိန်တုန်းကပေါ့
အဖေအဲ့လောက်ဆင်းရဲဒုတ်ခ တွေများနေလိမ့်မယ်ဆိုတာ အမှန်ကိုမသိခဲ့ရပါ။
အဖေ အဝေးတစ်နေရာကနေ သိလိုက်ရတဲ့
တစ်ချိန်က အဖေလုပ်ကိုင်ကျွေးမွေးလာတဲ့
အဖြစ်တွေကို မြင်စိထဲမြင်ယောင်မိရင်း
ငါ့အဖေနဲ့အမေဆိုတာ ငါ့ဘဝရဲ့ အလေးအထားရဆုံး
သူရဲကောင်းတွေပါလားဆိုတာပိုပိုပြီးသိလာတယ်
အဖေနဲကအမေကျန်းမာပါစေကြောင်း ဆုတောင်းပေးပါတယ်။
မှတ်မှတ်ရရပဲဒီနေ့ဟာလည်းပဲ ထိုင်းနိုင်ငံဘုရင်ရဲ့ ၈၂ နှစ်မြောက်မွေးနေ့ပါပဲ။ ထိုင်းနိုင်ငံမှာတော့ အဖေများနေ့အဖြစ်သတ်မှတ်ထားပါခင်ဗျာ။ အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ။
အမေ့အိမ်လေး
ကြေးငှက်တေးသံသာတဲ့ လေပြေအေးတဲ့
ဆောင်းမနက်ခင်းမှာ
နှင်းပွင့်တွေဖြူဖွေးအောင်ကျနေတဲ့
စိမ်းစိုနေတဲ့မြင်ခင်းပြင်ပေါ် လမ်းလျောက်ရင်းနဲ့
အမေ့အိမ်လေးကိုလွမ်းဆွတ်ခဲ့ရ
အေးရကောင်းမှန်းမသိ
သား သမီးများအတွက် မိုးမလင်းခင်
ဟင်းချက်ပြင်ဆင် ချက်ပြုတ်ရင်းနဲ့
ကြွေးမွေးလာတဲ့ အမေ
သားသမီးရှေ့ရေးမျှော်ကာတွေးလို့
မငြိုးမငြူ လုပ်ပေးရှာတဲ့အမေ
အမေက ပြုလုပ်ပေးသမျှသားသမီးကအလိုမကျ
အပြစ်တင်ခံရတာလည်းအမေပါပဲလေ
ဟိုဟာအလိုမကျ ဒါအလိုမကျနဲ့ပြန်အော်လိုက်သေး
အမေ့ရုပ်ရည်လေးကို ပြေးမြင်မိတယ်အမေ
အဲ့လိုအချိန်လေး အမေ့စိတ်လေး ပြုံးရွင်နေပေး
သားမောင်လူလေး စိတ်ပြေဖို့အရေး
အပြုံးမျက်နှာရွှင်လန်းစွာနဲ့ ဝေဆာစကားလုံး
ထုတ်ကာသုံးလို့ စိတ်ပြေအောင်ပြောတတ်တဲ့အမေ
မရှိတာလေး ကြံဖန်ကာချက်ကျွေးလို့
ငါ့သားသမီးစားဖို့အရေး ရှေ့ရေးကိုတွေးကာ
အိပ်မရတဲ့ညပေါင်းတွေများလို့ အမေမျက်နှာလည်း
ပင်ပန်းနွမ်းနယ်နေရပြီပေါ့အမေ
သားသမီးစားဖို့ ဟင်းတစ်ခွက်ဖြစ်ရေး
ခေါင်းပူအောင်တွေးလို့ ချက်ပြုတ်ရှာကျွေးတဲ့
အမေ့လက်ရာလေးကို မမေ့သေးပါဘူးအမေ
အမေရှက်ကျွေးတဲ့ဒီဟင်းလေးကို မကောင်းပြန်ဘူးလို့ပြောထွက်ခဲ့တယ်နော်
အဲ့အချိန်က အမေ့မျက်နှာလေးငြိုးငယ်စွာနဲ့
သား သမီးတို့စားဖို့အရေး အမေအငတ်ခံကာ သားသမီးအတွက်
အဝစားပြီးကျန်တာလေးတွေကိုမှာ အမေစားရတယ်ဆိုတာကိုမသိခဲ့ရဘူးနော်
ဟိုအရင်တစ်ချိန်က ပြုံးရွင်နေတဲ့ အမေ့မျက်နှာလေး
တွေးရောင်ကာ လွမ်းနေမိတယ်အမေ
အမေနဲ့အတူရှိနေခဲ့တဲ့ ဆောင်းတစ်နံခင်းမှာပေါ့
ပဲပြုတ်လေးနဲ့ ထမင်းကြော်ကျွေးတဲ့ အေးချမ်းလှတဲ့
ဆောင်းနံနက်ခင်းတစ်ခုမှာ အမေလက်ရာလေးကို
ပြန်လည်သတိရမိတယ်အမေ။
အမေနေကောင်းပါစေကြောင်းအမြဲတမ်းဆုတောင်းပေးနေပါတယ်
အမေ။
ကျန်းမာပါစေ အမေရေ။
ဆောင်းမနက်ခင်းမှာ
နှင်းပွင့်တွေဖြူဖွေးအောင်ကျနေတဲ့
စိမ်းစိုနေတဲ့မြင်ခင်းပြင်ပေါ် လမ်းလျောက်ရင်းနဲ့
အမေ့အိမ်လေးကိုလွမ်းဆွတ်ခဲ့ရ
အေးရကောင်းမှန်းမသိ
သား သမီးများအတွက် မိုးမလင်းခင်
ဟင်းချက်ပြင်ဆင် ချက်ပြုတ်ရင်းနဲ့
ကြွေးမွေးလာတဲ့ အမေ
သားသမီးရှေ့ရေးမျှော်ကာတွေးလို့
မငြိုးမငြူ လုပ်ပေးရှာတဲ့အမေ
အမေက ပြုလုပ်ပေးသမျှသားသမီးကအလိုမကျ
အပြစ်တင်ခံရတာလည်းအမေပါပဲလေ
ဟိုဟာအလိုမကျ ဒါအလိုမကျနဲ့ပြန်အော်လိုက်သေး
အမေ့ရုပ်ရည်လေးကို ပြေးမြင်မိတယ်အမေ
အဲ့လိုအချိန်လေး အမေ့စိတ်လေး ပြုံးရွင်နေပေး
သားမောင်လူလေး စိတ်ပြေဖို့အရေး
အပြုံးမျက်နှာရွှင်လန်းစွာနဲ့ ဝေဆာစကားလုံး
ထုတ်ကာသုံးလို့ စိတ်ပြေအောင်ပြောတတ်တဲ့အမေ
မရှိတာလေး ကြံဖန်ကာချက်ကျွေးလို့
ငါ့သားသမီးစားဖို့အရေး ရှေ့ရေးကိုတွေးကာ
အိပ်မရတဲ့ညပေါင်းတွေများလို့ အမေမျက်နှာလည်း
ပင်ပန်းနွမ်းနယ်နေရပြီပေါ့အမေ
သားသမီးစားဖို့ ဟင်းတစ်ခွက်ဖြစ်ရေး
ခေါင်းပူအောင်တွေးလို့ ချက်ပြုတ်ရှာကျွေးတဲ့
အမေ့လက်ရာလေးကို မမေ့သေးပါဘူးအမေ
အမေရှက်ကျွေးတဲ့ဒီဟင်းလေးကို မကောင်းပြန်ဘူးလို့ပြောထွက်ခဲ့တယ်နော်
အဲ့အချိန်က အမေ့မျက်နှာလေးငြိုးငယ်စွာနဲ့
သား သမီးတို့စားဖို့အရေး အမေအငတ်ခံကာ သားသမီးအတွက်
အဝစားပြီးကျန်တာလေးတွေကိုမှာ အမေစားရတယ်ဆိုတာကိုမသိခဲ့ရဘူးနော်
ဟိုအရင်တစ်ချိန်က ပြုံးရွင်နေတဲ့ အမေ့မျက်နှာလေး
တွေးရောင်ကာ လွမ်းနေမိတယ်အမေ
အမေနဲ့အတူရှိနေခဲ့တဲ့ ဆောင်းတစ်နံခင်းမှာပေါ့
ပဲပြုတ်လေးနဲ့ ထမင်းကြော်ကျွေးတဲ့ အေးချမ်းလှတဲ့
ဆောင်းနံနက်ခင်းတစ်ခုမှာ အမေလက်ရာလေးကို
ပြန်လည်သတိရမိတယ်အမေ။
အမေနေကောင်းပါစေကြောင်းအမြဲတမ်းဆုတောင်းပေးနေပါတယ်
အမေ။
ကျန်းမာပါစေ အမေရေ။
ချစ်နေလျက်ပါ
မင်းနဲ့ငါ ရှိနေစဉ်အခါမှာ
ကမ္ဘာပေါ်မှာ အပျော်ဆုံးလူဟာ
ငါ.......ပါ။
မင်းအနားက
ဝေးကွာသွားရတဲ့အခါမှာတော့
မင်းအကြောင်းကိုတွေးပြီး
လွမ်းဆွတ်နေမိတာပေါ့။
ဒါပေမဲ့
မင်းနဲ့အတူရှိမနေလည်း
အကြောင်းတော့မဟုတ်ပါ
မင်းကို........ငါ
အမြဲတမ်းချစ်နေမှာပါချစ်သူ။
ထာဝရတစ်သက်စာအတွက်ပါ။
ကမ္ဘာပေါ်မှာ အပျော်ဆုံးလူဟာ
ငါ.......ပါ။
မင်းအနားက
ဝေးကွာသွားရတဲ့အခါမှာတော့
မင်းအကြောင်းကိုတွေးပြီး
လွမ်းဆွတ်နေမိတာပေါ့။
ဒါပေမဲ့
မင်းနဲ့အတူရှိမနေလည်း
အကြောင်းတော့မဟုတ်ပါ
မင်းကို........ငါ
အမြဲတမ်းချစ်နေမှာပါချစ်သူ။
ထာဝရတစ်သက်စာအတွက်ပါ။
အတွေးနဲ့စိတ်ကူး
ငှက်ဇင်ယော်လေထဲမှာပျော်ပြီး
ဝေယင်မှာ ဝဲပျံနေတဲ့ငှက်လေးတွေက
ချစ်သူရှိရာလိုက်လို့ရှာသလို
ငါလည်းပဲ ချစ်သူရှိတဲ့နေရာကိုလိုက်ရှာနေမိတယ်
တစ်နေ့တစ်ည အတွေးစက
အာရုံထဲလည်း လွမ်းမိုးနေတာ မင်းရဲ့အရိပ်တွေပါ
လွမ်းရဆွေးရ ဖျောက်ဖျက်မရတဲ့
ငါ့ရဲ့ရင်တွင်းအချစ်
မင်းအတွက်နဲ့ ဘဝတစ်သက်တာ
လက်တွဲရပါစေကြောင်း
ငါဆုတောင်းတယ်ချစ်သူ
ရင်မှာခံစား ငါရဲ့အချစ်အား
အဘယ်မှာဆေးရှိပါမည်နည်း
ကုစားမှုတစ်ပါး မင်းအပါးမှာ
တစ်ဖဝါးမှာ မခွာလိုပါချစ်သူ
ပြုံးရွင်နေတဲ့ မင်းမျက်နှာကို
စက္ကန့်မလပ် မြင်ချင်နေမိတာငါပါ။
ချစ်သူအနားခစားထားတဲ့
ငါ့အား အရိပ်လေးအဖြစ်
ထာဝရမင်းအနားရှိပါရစေ။
ဝေယင်မှာ ဝဲပျံနေတဲ့ငှက်လေးတွေက
ချစ်သူရှိရာလိုက်လို့ရှာသလို
ငါလည်းပဲ ချစ်သူရှိတဲ့နေရာကိုလိုက်ရှာနေမိတယ်
တစ်နေ့တစ်ည အတွေးစက
အာရုံထဲလည်း လွမ်းမိုးနေတာ မင်းရဲ့အရိပ်တွေပါ
လွမ်းရဆွေးရ ဖျောက်ဖျက်မရတဲ့
ငါ့ရဲ့ရင်တွင်းအချစ်
မင်းအတွက်နဲ့ ဘဝတစ်သက်တာ
လက်တွဲရပါစေကြောင်း
ငါဆုတောင်းတယ်ချစ်သူ
ရင်မှာခံစား ငါရဲ့အချစ်အား
အဘယ်မှာဆေးရှိပါမည်နည်း
ကုစားမှုတစ်ပါး မင်းအပါးမှာ
တစ်ဖဝါးမှာ မခွာလိုပါချစ်သူ
ပြုံးရွင်နေတဲ့ မင်းမျက်နှာကို
စက္ကန့်မလပ် မြင်ချင်နေမိတာငါပါ။
ချစ်သူအနားခစားထားတဲ့
ငါ့အား အရိပ်လေးအဖြစ်
ထာဝရမင်းအနားရှိပါရစေ။
ကိုယ့်အချစ် ကိုယ်တေးသံတစ်ခုတည်းပါကွယ်
သူမလည်း ကိုယ့်နှလုံးသားနဲ့ နီးနေခဲ့တယ်။
အိပ်စက်ခြင်းဟာ ပင်ပန်းနွမ်းလျနေတဲ့
ကိုယ်လက်အင်္ဂါတွေ အပန်းပြေစေသလို
သူမက ကိုယ့်ကိုချိုမြိုန်စေခဲ့ပါတယ်။
သူမအပေါ်ထားတဲ့ ကိုယ့်အချစ်က
ကိုယ့်ဘဝပါပဲကွယ်။
ကြည်လင်အေးချမ်းမှုတွေကို
စွန့်လွတ်ပေးဆပ် ပြေးလွားသွားခဲ့ရတဲ့
ဆောင်းဦးရာသီ ရေလျှံမြစ်ကဲ့သို့
အားအင်အပြည်နဲ့
စီးဆင်းသွားခဲ့ရသလို ဘဝမျိုးပါကွယ်။
ရေလှိုင်းတွေ ရေစီးတွေနဲ့
တေးဆိုညည်းတတ်တဲ့
စမ်းရေစီးသံပမာ
ကိုယ့်ရဲ့တေးသံသာတွေဟာ
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာနဲ့
တစ်ခုတည်းပါပဲကွယ်။
ပန်းဥယျာဉ်လမ်းလေးဆီ လာခဲ့ကွယ်
အချစ်ရယ်
ကိုယ့်ပန်းဥယျာဉ်လမ်းကလေးဆီ လာခဲ့ကွယ်
မင်းရဲ့မြင်ကွင်းထဲကို မြင်သာအေင်ပြဖို့
စိတ်အားထက်သန်နေတဲ့
ပန်းကလေးတွေကို ဖြတ်ကျော်လာခဲ့ပါ
နေဝင်ဆည်းဆာ တောက်ပမှုရဲ့
ရုတ်တရက်အံ့ဖွယ်ရာလိုပေါ်လာပြီး
ပျောက်ကွယ်သွားတတ်တဲ့
အမှတ်မထင် ပျော်ရွှင်မှုလေးအချို့ကို
ရပ်တန့်ငေးမောပြီး ဖြတ်ကျော်လာခဲ့ပေါ့။
ချစ်သူလက်ဆောင်ဆိုတာ ရှက်စရာကွဲ့
သူ့နာမည်ကို ဘယ်တော့မှ ပြောလိမ့်မယ်မဟုတ်
ဖုန်တောတစ်လျှောက် ပျော်ရွင်မှုအစအနတွေကို
ကြဲဖြန့်ရင်း အရိပ်ထဲက
လှစ်ခနဲ ထွက်ပြေးသွားတတ်တယ်
သည်ချစ်သူလက်ဆောင်ကို အရယူလိုက်ပါ
မဟုတ်ရင် တစ်သက်လုံးဆုံးရှုံးသွားရမှာ
ဒါပေမဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့
လက်ဆောင်ဆိုတာကတော့ နှုးညံ့တဲ့ပန်းလေးတစ်ပွင့်
ဒါမှမဟုတ် လင်းလက်တောက်ပနေတဲ့
မီးညွန့်ကလေးနဲ့ မီးအိမ်လေးတစ်လုံးပါပဲကွယ်။
ကိုယ့်ပန်းဥယျာဉ်လမ်းကလေးဆီ လာခဲ့ကွယ်
မင်းရဲ့မြင်ကွင်းထဲကို မြင်သာအေင်ပြဖို့
စိတ်အားထက်သန်နေတဲ့
ပန်းကလေးတွေကို ဖြတ်ကျော်လာခဲ့ပါ
နေဝင်ဆည်းဆာ တောက်ပမှုရဲ့
ရုတ်တရက်အံ့ဖွယ်ရာလိုပေါ်လာပြီး
ပျောက်ကွယ်သွားတတ်တဲ့
အမှတ်မထင် ပျော်ရွှင်မှုလေးအချို့ကို
ရပ်တန့်ငေးမောပြီး ဖြတ်ကျော်လာခဲ့ပေါ့။
ချစ်သူလက်ဆောင်ဆိုတာ ရှက်စရာကွဲ့
သူ့နာမည်ကို ဘယ်တော့မှ ပြောလိမ့်မယ်မဟုတ်
ဖုန်တောတစ်လျှောက် ပျော်ရွင်မှုအစအနတွေကို
ကြဲဖြန့်ရင်း အရိပ်ထဲက
လှစ်ခနဲ ထွက်ပြေးသွားတတ်တယ်
သည်ချစ်သူလက်ဆောင်ကို အရယူလိုက်ပါ
မဟုတ်ရင် တစ်သက်လုံးဆုံးရှုံးသွားရမှာ
ဒါပေမဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့
လက်ဆောင်ဆိုတာကတော့ နှုးညံ့တဲ့ပန်းလေးတစ်ပွင့်
ဒါမှမဟုတ် လင်းလက်တောက်ပနေတဲ့
မီးညွန့်ကလေးနဲ့ မီးအိမ်လေးတစ်လုံးပါပဲကွယ်။
နားလည်ပေးပါ
ကိုယ့်ကို နားလေည်ပေးပါဦးကွယ်။
မင်းက သဘောမကျဘူးဆိုရင်တောင်
ကျေးဇူးပြုပြီး ကိုယ့်ကိုအမှားပြုမိအောင်
မလုပ်လိုက်ပါနဲ့။
ကိုယ့်ရင်ထဲမှာ
ကြီးကျယ်မြင့်မြတ်မှုတွေ ရှိနေတယ်ဆိုတာ
အသိအမှတ်ပြုပေးပါလား။
ကိုယ့်ရဲ့ ချစ်ခင်နှစ်သက်စရာ
ရည်ရွှယ်ချက်ကောင်းလေးတွေကို
စူးစမ်းရှာဖွေဖို့ သတိရပေးပါဦး။
စာနာထောက်ထားမှုနဲ့ ကိုယ့်ကို
အမှန်တရားတွေကိုပဲ
ပြောပြပေးပါဦးလားကွယ်။
စကားမဆိုဘဲ ကိုယ်တမ်းတတယ်
ငြိမ်သက်တိတ်ဆိတ်တဲ့ အတွေးရိပ်အောက်မှာ
တစ်ယောက်တည်းထိုင်ပြီး
မင်းနာမည်ကို တသသလွမ်းနေမိတယ်။
ရည်ရွယ်ချက်မရှိဘဲ
နှုတ်ကမမြွတ်ဆိုဘဲ
မင်းကို တရော်ရော် ခေါ်နေမိမှာပါပဲကွယ်။
ဘာနဲ့တူသလည်းဆိုရင် လေ.....
“မေမေ”လို့တီတီတာတာခေါ်တတ်စ
ကလေးငယ်လေးဟာ ဝမ်းသာပီတိတွေဖြာဝေပြီး
“မေမေ........မေမေ အို မေမေ”ရယ်လို့
အကြိမ်တစ်ရာအထိ ခေါ်ကြည့်နေသလိုပဲပေါ့
အချစ်ရယ်။
ဟန်ဆောင်ကောင်းကင်
တကယ်ကောချစ်ရဲ့လား
ဟန်ဆောင်ခြင်းဆိုရင်
လမင်းကရော လင်းလက်ဦးမှာလား
ဖုံးကွယ်ထားလိုက်ပါ
ကောင်းကင် မင်းရင်ထဲမှာလည်း
ငါ့ချစ်ခြင်းတွေ လင်းလက်နိုင်ပါ့မလား
ဟန်ဆောင်ခြင်းတွေနဲ့
နှစ်သိမ့်ပေးနေတယ်ဆိုရင်လည်း
မင်းရဲ့ဥပက္ခာပြုမှုတွေကိုပဲ
ကျေနပ်စွာခံယူလိုက်ပါ့မယ်
အဲဒါ
ကမ္ဘာပျက်မှာထက်
မင်းရဲ အမုန်းတွေကို
ငါပိုကြောက်နေလို့ ချစ်သူ....။
အချစ်ကဗျာ
ကဗျာကောင်းတစ်ပုဒ်တစ်လေတော့ ဖတ်ဘူးမှာပေါ့
ကဗျာရဲ့အဆုံးမှာ ဖြစ်ပေါ်လာတဲ့ခံစားမှူ
ကြည်နှူးမှူ၊ လွမ်းဆွတ်မှူ၊ ချိုမြိန်မှူတွေ
စားသုံးဖူးကြပါလိမ့်မယ်
အချစ်ဆိုတာလဲ ကဗျာတစ်ပုဒ်ပါပဲတဲ့ပြောလေရဲ့
ဟုတ်မဟုတ်ဆန်းစစ်ကြည့်ကြစမ်းပါ
အချစ်နဲ့တွေ့တဲ့ နောက်ဖြစ်ပေါ်လာတဲ့ခံစားမှူ
ကြည်နှူးမှူ၊ လွမ်းဆွတ်မှူ၊ ချိုမြိန်မှူတွေ
စားသုံးဘူးလား?
ငါ့ကိုယ်ငါပြန်မေးကြည့်တော့အဖြေက
'' ငါလဲအချစ်တွေကိုစားသုံးပြီး
ဒီကဗျာကိုရေးစပ်နေပါသတဲ့''
(အချစ်ဆိုတာလှပတဲ့ကဗျာ တစ်ပုဒ်ပါပဲဆိုတဲ့ စာသားလေးကိုဖတ်ပြီး ရေးဖြစ်ခဲ့တာပါ)
သံယောဇဉ် အရှိဆုံးဆိုတာက
ပူလိုက်တာလေ
'နေ'တဲ့။
အေးတော့ အေးပါရဲ့..
ကိုယ်ပိုင်အလင်းနဲ့ မဟုတ်
ဆုတ်တခါ ဆန်းတခါ
သာတလှည့် မသာတလှည့်
မာယာနဲ့ ဟန်ပြ
'လ'တဲ့။
ကမ္ဘာက ကုန်းချော
ပြောရင် မောရုံ
စကြာဝဠာရဲ့ ပတ်လမ်းတွေထဲ
သမုဒယဆွဲအားတွေနဲ့ လွင့်မျော
သံယောဇဉ်အရှိဆုံးဆိုတာက ချစ်သူတွေပါကွယ်။
ရင်တွင်းအချစ်
ဟောင်းလေသည့်ဝသန်
နှောင်းလေသည့် ဂိန်မာန်
အခါခါ အလီလီရာသီတွေ
ဘယ်လိုပဲပြောင်းရွေ့သွားပါစေ
မင်းကို ချစ်မြဲချစ်လျက်ပါချစ်သူ
အချစ်ဆိုတာ
ရင်မှာခံစားရင်း
ဝေဒနာများလို
လှုပ်ရှားလှိုင်းထ
တုနိုင်းမရတဲ့ အပြင်းစား
ဒဏ်ရာလေးပါတစ်ခုပါလားချစ်သူ
ထာဝရချစ်ခြင်း..................
ညအချိန်မှာတော့
မင်းရှိရင် အရာရာပြည့်စုံခဲ့တယ်။
အတွေးတွေနယ်ချဲ့ပြီး
အိပ်မရတဲ့ညတွေများလို့
ကြောင်တောင်တောင်ဖြစ်နေပေမဲ့လည်း
ငါ့အတွေးစိတ်ထဲမှာတော့
မင်းရဲ့ပုံရိပ်တွေကစိုးမိုးဆဲပါ။
ချစ်သူရေ
ငါ့ဘဝမှာ မင်းထာဝရရှိနေဖို့အတွက်
ငါအစစအရာရာလိုက်လျောပြီးတော့
ဆက်ချစ်သွားမှာပါ။
Subscribe to:
Posts (Atom)