ငှက်ဇင်ယော်လေထဲမှာပျော်ပြီး
ဝေယင်မှာ ဝဲပျံနေတဲ့ငှက်လေးတွေက
ချစ်သူရှိရာလိုက်လို့ရှာသလို
ငါလည်းပဲ ချစ်သူရှိတဲ့နေရာကိုလိုက်ရှာနေမိတယ်
တစ်နေ့တစ်ည အတွေးစက
အာရုံထဲလည်း လွမ်းမိုးနေတာ မင်းရဲ့အရိပ်တွေပါ
လွမ်းရဆွေးရ ဖျောက်ဖျက်မရတဲ့
ငါ့ရဲ့ရင်တွင်းအချစ်
မင်းအတွက်နဲ့ ဘဝတစ်သက်တာ
လက်တွဲရပါစေကြောင်း
ငါဆုတောင်းတယ်ချစ်သူ
ရင်မှာခံစား ငါရဲ့အချစ်အား
အဘယ်မှာဆေးရှိပါမည်နည်း
ကုစားမှုတစ်ပါး မင်းအပါးမှာ
တစ်ဖဝါးမှာ မခွာလိုပါချစ်သူ
ပြုံးရွင်နေတဲ့ မင်းမျက်နှာကို
စက္ကန့်မလပ် မြင်ချင်နေမိတာငါပါ။
ချစ်သူအနားခစားထားတဲ့
ငါ့အား အရိပ်လေးအဖြစ်
ထာဝရမင်းအနားရှိပါရစေ။
ငါးမွေးကန်များနှင့် မွေးမြူရေးတိရစ္ဆာန်များအတွက်
အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနည်းလမ်းကောင်းများ
-
* ငါးမွေးကန်များနှင့် မွေးမြူရေးတိရစ္ဆာန်များအတွက်
အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနည်းလမ်းကောင်းများ *
မြန်မာနိုင်ငံအရပ်ရပ်တွ...
1 day ago
4 comments:
ချစ်သူနား အမြန်ဆုံးရောက်ပါစေ
ချစ်သူအနားခစားထားတဲ့
ငါ့အား အရိပ်လေးအဖြစ်
ထာဝရမင်းအနားရှိပါရစေ။
ချစ်နိုင်ပါစေ
ကဗျာတွေလာဖတ်ပါတယ်ဗျာ
ထာဝရရှိလာမှာပါ
အကိုတိုလေး ကဗျာအရမ်းကောင်းတယ်သိလား
Post a Comment