စာမရေးဖြစ်ခြင်း

မနက်ဖြန်ဆိုရင်ပဲ ကျွန်တော့်ရဲ့မွေးနေ့ပါ မွေးနေ့မှာ အရင်တုန်းကလို ဘာမှလည်းမလုပ်နိုင်ပါဘူး ဘလော့နဲ့အဆက်ပြတ်နေတာလည်းကြာနေပါပြီ အလုပ်တွေလည်းများနေလို့ဆိုတော့ ဘလော့ဘက်ထဲလည်း လည့်မကြည့်နိုင်သလို ဘယ်သူ့ဘလော့ကိုမှလည်းသွားမလည်ဖြစ်ဘူးဖြစ်နေတယ်။ အခုတောင် အမှတ်ရလို့သူငယ်ချင်းတွေကို သတိရကြောင်းနဲ့ စာမရေးဖြစ်ကြောင်းတင်ပြခြင်းဖြစ်ပါတယ်။ နောက်မှ အလုပ်တွေပြီးသွားမှပဲ ဘလော့ကို အေးဆေးစွာနဲ့သူငယ်ချင်းတွေဆီကိုလာလည်ရင်း ဘလော့ပြန်ရေးဖို့စိတ်ကူးထားပါတယ် အခုတော့အချိန်မပေးနိုင်သေးလို့ပါ။ သူငယ်ချင်းများ ညီအကို မောင်နှစ်မ များအားလုံးကို အမြဲသတိရနေပါတယ်ခင်ဗျာ။

ခေါင်းစဉ်မရှိတဲ့ ကဗျာ

သမားရိုးကျဘ၀ထဲကနေ
စာရေးနေရင်း..အလုပ်..လုပ်နေရင်း
ပြင်းပြင်းထန်ထန်..ဖျတ်ခနဲ..
သတိရလိုက်တယ်...
ချစ်သူရေ..နင်ကပဲ သတိရလိုက်တာလား
ငါကိုကပဲ..အဖြစ်သည်းလွန်းတာလား....
မျှော်စင်ကျွန်းထဲက ရင်ခုန်သံတွေအကြောင်း.
......ဆွေးနွေးရင်းးးးးးးးးးးးး
ငါတို့တွေရဲ့ ရင်ခုန်သံတွေကို
မဆွေးနွေးဖြစ်ခဲ့ကြဘူးနော်
ဘ၀မှာ ကိုယ့်ကိုကိုယ်ညာရတာ
များလွန်းတော့လည်း.....
ဘယ်ဟာက အစစ်အမှန်..ဆိုတာတောင်
(မသိတော့ပါဘူးးးးးးးးးးးး)
ဒါပေမဲ့.....
တကယ့်ကို `.........................´ လို့
ငါ..၀န်..ခံ..ပါ..တယ်....
သံယောဇဉ်တွေ.. အမြစ်တွယ်နေတာ
ထွက်ခွာသွားတဲ့ နင့်ခြေရာပေါ်..
တမ်းတခြင်းတွေ ပြိုလဲကျမှ
(တအံ့တသြ...ငါသိခဲ့ရတယ်..)
အခုရေးနေတဲ့ ဒီကဗျာကို..
လုံးခြေပစ်ဖို့..............
ငါ့လက်က စာရွက်ကို ထိမိချိန်....
အေးစက်...စွတ်စို...လို့
အေး...စက်...စွတ်...စို.....လို့.......။

အဖေနဲ့အမေ

ကျွန်တော်ဆိုတဲ့ကောင်က
ဝမ်းတစ်ထွာအတွက်
နိုင်ငံခြားထွက်ခဲ့တာပါအဖေနဲ့အမေ
မိသားစုနဲ့ဝေးရာ
အကြင်နာတွေနဲ့ဝေးရာမှာ
ရှာဖွေခြင်းဆိုတဲ့ဒုက္ခတွေနဲ့
ချွေးသုတ်ဖို့အချိန်လုရင်း
ဟောဒီလောကကြီးထဲမှာ
အမေချစ်တဲ့ကျွန်တော်ဟာ
အမိ အဖနဲ့အဝေးဆုံးနေရာကိုရောက်နေတယ် အဖေနဲကအမေ
အဖေနဲ့အမေတို့ပြောသလို အမေ့အနားမှာ
ဘိုးဘွားပိုင်လယ်ယာနဲ့
ပဲစိုက်၊ ပြောင်းစိုက်၊ ပျိုးထောင် ပျိုးနှုတ်
အလုပ်မှန်သမျှ ကျွန်တော်လုပ်နိုင်ပေမယ့်
ရာသီဥတုကိုတော့ မယုံတော့ဘူးအမေ
နှမ်းခင်းဆိုလည်း နှစ်တိုင်းလိုလို
ပိုးကနှိပ်စက်၊ ပဲခင်းဆိုလည်း ပိုးကဖျက်နဲ့
လယ်ခင်းဆိုတော့ ကြွက်ကကိုက်နဲ့
လုပ်စားမရတဲ့နှစ်တွေ များခဲ့ရပြီ မဟုတ်လား အဖေနဲ့အမေ
ဒါပေမဲ့ အဖေနဲ့အမေရယ်
နယ်မြေချစ်တဲ့စိတ်ကတော့
တစ်စက်လေးမှ လျှော့မသွားပါဘူး။
အခုချိန်မှာတော့ အမေ့သား ကျွန်တော်က
မျှော်လင့်ချက် တိမ်တိုက်ကို မသိုက်လုပ်ပြီး
ဝေးဝေးမြင်ဖို့ မြင့်မြင့်ပျံ
လေဆန်ကို အန်ခဲလို့
ဘဝထဲကို ပျံသန်းနေတာပါ အဖေနဲ့အမေ
တစ်နေ့နေ့တစ်ချိန်ချိန်မှာ
ကျွန်တော်ဟာ ဘာဖြစ်မလဲမသိပေမဲ့
တရားချစ်တဲ့ အမေနဲ့အမေ၊ သားကိုချစ်တဲ့ အဖေနဲ့အမေကို
သားလုပ်အားနဲ့
လက်တွေ့ကျေးဇူးဆပ်ဖူးချင်တယ် အဖေနဲ့အမေရယ်။
သူငယ်ချင်းတစ်ယောက်မေးလ်ကနေပို့လို့ရတဲ့ကဗျာလေးကနေပြီးတော့ကဗျာလေးကို ကြိုက်လို့ကောက်တင်လိုက်တာပါ။ ရေးသားသူကဘယ်သူလည်းဆိုတာမဖော်ပြထားတော့ ကျွန်တော်လည်းမသိလို့ရေးသားသူအမည်ကိုရေးမပေးတော့ပါဘူး။ ဘလော့ဂါညီအကိုမောင်နှစ်မများအားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ကျပါစေခင်ဗျာ။ ကိုတိုးလေးအင်တာနက်နဲ့ဝေးနေပြီးကျောင်းစာတွေနဲ့အလုပ်တွေများနေလို့ ဘလော့ဂါကိုမသုံးဖြစ်လို့ ဒီကဗျာလေးနဲ့ပဲစပြီးတော့ပဲကိုတိုးလေးအလည်တစ်ခေါက်ပြန်ရောက်လာပါတော့တယ်။ အားလုံးပဲ အဆင်ပြေပျော်ရွှင်ခြင်းများစွာကိုပိုင်ဆိုင်နိုင်ကျပါစေခင်ဗျာ။

ခံစားမှု............

ခံစားမှုဆိုတာ
ခုသောက်နေတဲ့ ဆေးလိပ်မီးခိုးငွေ့တွေလိုပဲ
လေထဲပျောက်ကွယ်သွားရင် ကောင်းမယ်..
ရင်နာတယ်..တဲ့
ဘာမှန်းတော့မသိဘူး.......
ခံစားရတာတော့ တော်တော်ခက်တယ်
မင်းပေးတဲ့ ဆေးပေါလိပ်ကို အခါခါဖွာလို့
မင်းအကြောင်း တွေးနေမိတယ်..။
ပထမဆုံးအကြိမ်....
ဆေးလိပ်တစ်လိပ် ကုန်အောင်သောက်မိသွားတယ်
မျက်လုံးတွေ ကျိန်းစပ်နေတယ်...
ဒါပေမဲ့ မင်းအကြောင်းတွေးတာ မရပ်သေးဘူး။
ချစ်တယ်ဆိုတာ ငါ...မသိဘူး
ဆုံဆည်းခွင့် ဘယ်တော့လဲဆိုတာ ငါမသိဘူး
ဘာလို့ဝေးကွာရတာလဲ ဆိုတာ ငါ..မသိဘူး
လွမ်းတာတစ်ခုတော့ သိတယ်....
လွမ်းတော့ လွမ်းတတ်တယ် ကောင်လေးရဲ့....
ငါ့အတွက်တော့ သံယောဇဉ်ဆိုတာ
မင်း...အကြည့်တစ်ခုနဲ့တင်....
.....လုံလောက်ပါပြီ.................
သေချာတာကတော့ ဒီည အိပ်မပျော်ဘူး..။
ကဗျာဆရာ အေးချမ်းရဲ့ကဗျာလေးပါပဲခင်ဗျာ အခုလောလောဆယ် စာမေးပွဲတွေဖြေနေရတာ ဒီနေ့မှာပြီးတော့ ပြီးပြန်တော့လည်း မအားသေးဘူးရယ် လေ့လာရေးခရီးထွက်ဖို့အတွက်ရှိသေးတယ် အဲ့တော့အခုအားနေတုန်းလေး စာကလည်းရေးလို့မရဘူးရယ် အချိန်ကလည်းမပေးနိုင်လို့လေ အခုကတော့ကဗျာဆရာ အေးချမ်းရဲ့ကဗျာလေးကိုတင်လိုက်ပါတယ်။ အားလုံးသောညီ အကိုမောင်နှစ်မများအားလုံးပျော်ရွှင်ချမ်းမြေ့စွာနဲ့ အဆင်ပြေနိုင်ကျပါစေခင်ဗျာ။

ဝေဒနာ

ဝေဒနာ...
ပျော်ဝင်မိခဲ့သမျှ...
နီးစပ်မှုတွေကြောင့်....မဟုတ်ဘူး ...................
ရည်းစားစာသီချင်းတစ်ပုဒ်ကြောင့်
...မဟုတ်ဘူး ..........
ငါဖျော်ခဲ့တဲ့ ကော်ဖီတစ်ခွက်ကြောင့်လည်း မဟုတ်ဘူး ...............
သေချာတာကတော့....
ဘယ်အရာကြောင့်....
ဘယ်အတွက်ကြောင့်....
ဘာအကျိုးအမြတ်ကြောင့်မှ...မပါဝင်ခဲ့ဘူးးးးး
ငါ့နှလုံးသားတစ်ခုလုံး....
ရုတ်တရက်ခွဲခွာရမယ်ဆိုတဲ့..အသိကြောင့်..
အလွမ်းတွေ..ပွင့်ထွက်ကုန်တယ်
စွဲလမ်းမိခဲ့သမျှ..အကြည့်တစ်ချက်တည်းရယ်ပါ
ငါ့အနာဂတ်အတွက် ရွက်လွှင့်ရဦးမယ်လေ..
မင်း..မလိုက်ချင်မှတော့....
ငါ..အတင်းအကြပ်..ဘယ်ခေါ်ရက်ပါ့မလဲကွယ်
ကိုယ့်ဝေဒနာ..ကိုယ်ထုပ်ပိုးလို့..
ငါ..ရိုရိုကျိုးကျိုးလေး...ထွက်ခွာသွားပါ့မယ်
နင်ပေးခဲ့သမျှ..စေတနာ..လို့
ခံယူပြီး လိုက်ကောက်ခဲ့တာပါ
တချို့စေတနာတွေက ခါးသက်တယ်
မနေ့တနေ့ကမှ သိလိုက်ရတယ်
အလွမ်း...ဆိုတာလည်း........မချိုဘူး ..............
ကျွန်တော်ရေးထားတဲ့ကဗျာ မဟုတ်ပါဘူး ကျွန်တော့်မေးလ်ထဲကို "အေးချမ်း "ဆိုတဲ့ တစ်ယောက်ပို့ပေးထားတာပါလေ ကဗျာလေးကတော်တော်လေးဖတ်လို့လည်းကောင်းပါတယ် အားလုံးပဲ စိတ်ဝင်စားကျမယ်လို့ထင်ပါတယ်။ ဟုတ်ကဲ့ခင်ဗျာ ကဗျာဆရာ အေးချမ်း ရဲ့ ကဗျာလေးကို အားပေးလိုက်ကျပါအုံးနော် အဆင်ပြေပျော်ရွှင်နိုင်ကျပါစေခင်ဗျာ။

မြန်မာနိုင်ငံရဲ့တိုင်းရင်းသားဝတ်စုံနဲ့ရိုက်ထားတဲ့ပုံလေးတွေပါ

At 5th Surin International Folklore Festival

ဆိုတဲ့ပွဲလေးမှာ အကသွားကတုန်းကရိုက်ထားတဲ့ပုံလေးပါ......... နိုင်ငံတကာ ယဉ်ကျေးမှုအနေနဲ့ကပြရတဲ့ပွဲလေးပါ ကျွန်တော်တို့က ဘာမှမတတ်ပေမဲ့လို့လည်း မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဝတ်စုံလေးတွေနဲ့တော့ ဝတ်ပြီးတော့ကပြခဲ့ပါသေးတယ်......... အားလုံးကတော့ တော်တော်လေးစိတ်ဝင်စားကျတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဝတ်စုံနဲ့လှပတယ်ပြီးတော့ ဝတ်စုံတစ်ခုခြင်းစီရဲ့ဝတ်စင်ပုံလေးတွေနဲ့ ဘယ်လိုနေရာမျိုးဘယ်လိုပွဲမျိုးလေးတွေမှာဝတ်ဆင်တယ်ဆိုတာလေးတွေကိုပါ ပြောပြပြီးတော့ပြသခဲ့တဲ့ပွဲလေးမှာ အမှတ်တရအဖြစ်ရိုက်ထားတာလေးတွေကို အားလုံးကို ပြန်လည်ပြီးတော့မျှဝေပေးလိုက်ချင်းဖြစ်ပါတယ်ခင်ဗျာ။ အခုပွဲလေးမှာနိုင်ငံပေါင်း (၁၅ ) နိုင်ငံကလာရောက်ပြီးတော့ကပြကျပါတယ်။အဲ့ကနေပြန်လာတာ ၅ ရက်လောက်ရှိနေပါပြီ ပုံလေးတွေတင်မယ် တင်မယ်နဲ့ မတင်ဖြစ်လို့ အခုမှပဲတင်ဖြစ်တာပါ အားလုံးသောညီအကိုမောင်နှစ်မများအားလုံး ပျော်ရွှင်ခြင်းများစွာကိုပိုင်ဆိုင်နိုင်ပြီးတော့ ကျန်းမာကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Myanmar

Lao

Philippines

China

Cambodia

Vietnam

Thailand

Israel

Italy

Lithuania

Finland

Turkey

Sri Lanka

America

India

ရင်တွင်း..........................

ရင်မှာအကြင်နာ တကယ်ချစ်တော့
တကယ်ခံစားရ
ခံစားရတဲ့အသည်းနှလုံး
မွန်းထားလုမတတ်ကြေကွဲနေပေမဲ့
ငါချစ်တဲ့အချစ်
ထာဝရအချစ်တွေနဲ့
မင်းကို ငါဆက်ချစ်နေမှာပါ။
အချိန်တွေများစွာ ချစ်လာရတဲ့
ငါ့ရဲ့အသည်းနှလုံးက
နုနယ်ပေမဲ့ မစိမ်းကားရက်ပါဘူး
မရက်စက်တတ်ဘူးချစ်သူ
ပျော့ညံ့နေတဲ့ငါ့နှလုံးသားနဲ့
ငါ့ရဲ့ပျော့ကွက်ထဲကို မင်းဝင်တိုးလို့
ငါ့ကို အမျိုးမျိုးမင်း ပြောခဲ့ပေမဲ့
ငါ့ရဲ့ ချစ်တဲ့စိတ်နဲ့ မင်းကို
ဘယ်လိုမှာမမုန်းရက်ဘူး
နာကြည်းခံစား
ငါ့နှလုံးသားကို
တစ်စစီကြေမွအောင်ပြောသွားလည်းပဲ
ငါမင်းကို ဆက်ချစ်နေမှာပါချစ်သူ
ထာဝရမပြောင်းလဲတဲ့ ထာဝရချစ်ခြင်းတွေနဲ့
အမြဲတမ်းလက်တွဲဖော်အဖြစ်ဆက်ချစ်နေပါ့မယ်ချစ်သူ။
မင်းပါးစပ်က ဖွင့်ထွက်ကျလာ
သည်စကားတစ်ခွန်းသာ
ငါကြားယောင်နေဆဲပါ
ထာဝရတစ်ယောက်တည်းချစ်သွားပါမယ်ဆိုတဲ့............
စကားလေးတစ်ခွန်းတည်းနဲ့
ငါက ထာဝရပျော်ရွှင်နေရတဲ့သူပါချစ်သူ
တစ်နေ့တော့ မင်းနားလည်မှာပါ။
ငါအချစ်က
တောင်လေပွေလို လေယူရာမယိမ်းနိုင်သိလို
သူသူငါငါပြောင်းချစ်ဖို့လည်းမဖြစ်နိုင်ပါ
အချစ်ဆိုတာ ရင်မှာပေါက်ဖွား
ခံစားချက်တို့နဲ့အတူ
နှလုံးသားက ဆင်းသက်လာတဲ့
အနှုးညံ့ဆုံးသော
ရင်တွင်း အစိတ်အပိုင်းလေးပါ
ချစ်သူ။