ခေါင်းစဉ်မရှိတဲ့ ကဗျာ

သမားရိုးကျဘ၀ထဲကနေ
စာရေးနေရင်း..အလုပ်..လုပ်နေရင်း
ပြင်းပြင်းထန်ထန်..ဖျတ်ခနဲ..
သတိရလိုက်တယ်...
ချစ်သူရေ..နင်ကပဲ သတိရလိုက်တာလား
ငါကိုကပဲ..အဖြစ်သည်းလွန်းတာလား....
မျှော်စင်ကျွန်းထဲက ရင်ခုန်သံတွေအကြောင်း.
......ဆွေးနွေးရင်းးးးးးးးးးးးး
ငါတို့တွေရဲ့ ရင်ခုန်သံတွေကို
မဆွေးနွေးဖြစ်ခဲ့ကြဘူးနော်
ဘ၀မှာ ကိုယ့်ကိုကိုယ်ညာရတာ
များလွန်းတော့လည်း.....
ဘယ်ဟာက အစစ်အမှန်..ဆိုတာတောင်
(မသိတော့ပါဘူးးးးးးးးးးးး)
ဒါပေမဲ့.....
တကယ့်ကို `.........................´ လို့
ငါ..၀န်..ခံ..ပါ..တယ်....
သံယောဇဉ်တွေ.. အမြစ်တွယ်နေတာ
ထွက်ခွာသွားတဲ့ နင့်ခြေရာပေါ်..
တမ်းတခြင်းတွေ ပြိုလဲကျမှ
(တအံ့တသြ...ငါသိခဲ့ရတယ်..)
အခုရေးနေတဲ့ ဒီကဗျာကို..
လုံးခြေပစ်ဖို့..............
ငါ့လက်က စာရွက်ကို ထိမိချိန်....
အေးစက်...စွတ်စို...လို့
အေး...စက်...စွတ်...စို.....လို့.......။

2 comments:

poemflower said...

မမြင်နိုင်သော မျက်ရည်များလို့ ပေးလိုက် ကိုတိုးလေး :)

ကဗျာမလေး said...

မောင်လေး
ခေါင်းစဉ်မရှိတဲ့ ကဗျာ က ... အေး စက် စွတ် စို လို့ ပါလား...။
ပျော်ရွှင်ပါစေ မောင်လေး :)