Showing posts with label Photo. Show all posts
Showing posts with label Photo. Show all posts

ဖတ်ကြည့်လိုက်ပါအုံးနော်

တစ်နေ့က အင်တာနက်မှာလျောက်မွေရင်းနဲ့ ကဗျာလေးတွေနဲ့ပုံလေးတွေတွေ့လို့တင်ပေးလိုက်တာပါ။ ကူးလာတဲ့ ဆိုဒ်ကိုတော့ မမှတ်မိလို့ ရေးမပေးလိုက်တော့ဘူးနော်။ မှတ်ညဏ်မကောင်းတော့ ဘယ်ဆိုဒ်ကကူးလာတယ်ဆိုတာ မမှတ်ထားလိုက်ရဘူး။ သိပြီးသားတွေလည်းဖြစ်ချင်ဖြစ်မှာပါ မသိသေးတဲ့သူများအတွက်ပေါ့နော်။ ကဗျာလေးတွေက ခံစားလို့တော့တော်တော်လေးကောင်းပါတယ်ခင်ဗျာ။ အားလုံးပဲ အဆင်ပြေပျော်ရွှင်နိုင်ကျပါစေခင်ဗျာ။

သဘာဝအလှ

่အရင်တစ်ပတ်က ကျောင်းကလေ့လာလေးလိုက်ပို့လို့ ကျွန်တော့်မွေးနေ့လေးမှာတောင် မရှိပါဘူး။ မွေးနေ့လေးမှာ လာရောက်လည်ပတ်ကျတဲ့သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။ အခုလည်း ကျွန်တော်တို့နဲ့အနီးနားမှာရှိတဲ့ TAK ဆိုတဲ့မြို့နားလေးမှာ အလွန်လှပတဲ့ရေတံခွန်တွေ အများကြီးရှိပါတယ်။ ထိုင်း၊ မြန်မာနိုင်ငံနယ်စပ်မှာဆိုရင်တော့ အရှေ့တောင်အာရှမှာအလှဆုံးဖြစ်တဲ့ရေတံခွန်ရှိတယ်။ အဲ့ကိုတော့မရောက်သေးဘူး သွားရင်လည်း ၅ ရက်လောက်ကြာမယ်ဆိုလို့မသွားဖြစ်တာပါ။ အခုတင်ပေးတဲ့ ရေတံခွန်ကတော့ Khlong Lan ဆိုတဲ့ရေတံခွန်လေးပါပဲ တော်တော်လေးလှတယ်မိုးတွင်းမိုလို့လားတော့မသိဘူး ရေတွေလည်းအရမ်းများပြီးတော့ ပျော်စရာကောင်းပါတယ်။ တကယ်လို့ထိုင်းနိုင်ငံကို အလည်အပတ်ရောက်လာရင် သွားလည်ဖြစ်အောင်လည်ဖို့ပြောချင်ပါတယ်။ သူငယ်ချင်းများအားလုံးအဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ။

Merry Christmas

အားလုံးသောညီအကိုမောင် နှစ်မများအားလုံး ပျော်ရွှင်ဖွယ်ရာ Christmas နေ့လေးဖြစ်ပါစေဗျာ။ အားလုံးပဲနှစ်သစ်မှာပျော်ရွှင်ကြပါစေဗျာ။

အမေတစ်ယောက်ရဲ့ ချစ်ခြင်းအတွက်အမှတ်တရ

ဘာရယ်တော့မဟုတ်ပါဘူး။ တိုက်ဆိုင်မှုလေးရှိလို့ရေးဖြစ်သွားတာပါ။ ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံမှာလိုပဲ.......ထိုင်းနိုင်ငံမှာလည်း ချစ်စရာကောင်းတဲ့ယဉ်ကျေးမှုလေးတွေရှိပါတယ်........12/8/2008 ရက်နေ့မှာဆိုရင်လည်းအခုဆိုရင် အမေများနေ့အဖြစ်သတ်မှတ်ထားပါတယ်...။ မိဘနဲ့ဝေးနေတဲ့သူတွေတိုင်း တိုင်ဆိုင်မှုတွေနဲ့ ကြုံရင်ပဲဖြစ်ဖြစ်ပေါ့လေ။ မိဘကို မလွမ်းတဲ့သူဆိုတာ မရှိပါဘူး။ အထူးသဖြင့် သားတွေက အမေကို ပိုချစ်ကျမယ်လို့ ထင်ပါတယ်။ ကျွန်တော်ထင်တာကို ပြောတာနော်...... ကျွန်တော်ထင်တာမှားရင် လည်းခွင့်လွတ်ပေးကျပါနော်။ ကျွန်တော်က အမေကို ပိုချစ်တဲ့ သူဆိုတော့ လည်း အမေအကြောင်းလေး တိုက်ဆိုင်တုန်း ရေးလိုက်တာပါ။ ဒီနေ့မှာ ဆိုရင် အားလုံးက အမေကို ကန်တော့ကျတယ် ကျွန်တော့်မှာ တော့ စိတ်ထဲက တမ်းတပြီးတော့ ပဲ အမေရေ သားဒီနေရာကနေကန်တော့ပါတယ်ဆိုတာလေးနဲ့ပဲ လက်အုပ်ကလေးချီ ပြီးတော့ပဲ ကန်တော့ရပါတော့တယ်။ အမေ့ကိုချစ်တဲ့သားကြီးအဝေးတစ်နေရာက နေကန်တော့လိုက်ပါတယ်။ အမေကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ချစ်သောမေမေ။ သူငယ်ချင်းများအားလုံးနဲ့ ဘလော့မှာ ညီအစ်ကို မောင်နှစ်မများအားလုံး သိစရာလေး ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုလေးတွေ ကို သိရှိအောင်လို့ ပိုစ့်လေးတစ်ခုအဖြစ်တင်ပေးလိုက်တာ။ ဘလော့ဂါ ညီအစ်ကို မောင်နှစ်မများအားလုံး ကျန်းမာပျော်ရွှင်ပါစေဗျာ။

forward mail ကရတဲ့ပုံလေးတွေပါ

ဘာတင်ရမှန်းလည်းမသိသေးတာနဲ့ Foeward မေးလ်ကရတာလေးတင်ပေးထားတာပါ။ အခုလိုမေးလ်ပို့ပေးတဲ့ အမ မဝါကိုလည်းကျေးဇူးတင်ပါတယ်ဗျာ။

ဒီနေ့ဖွင့်ပွဲကပုံလေးတွေပါ

အခုရိုက်လာတဲ့ပုံတွေအားလုံးက ဒီနေ့ကျောင်းမှာအားကစားဖွင့်ပွဲအခမ်းအနားမှာရိုက်လာတဲ့ပုံတွေပါ။ ပုံတွေက နည်းနည်းဝေးတယ်ဗျာ သိပ်တော့ကြည့်လို့မရှင်းဘူးနဲ့တူတယ်နော်။ အားကစားပွဲက ဒီနေ့မှာစတာပါဗျာ။ ပြောရအုံးမယ်ဗျာ စင်ပေါ်မှာရိုက်ထားတာကို ၁၉ ရက်နေ့ညကဗျာ အဲ့နေညက မအားလို့ဗျာမတင်ဖြစ်တာ ထိုင်းနိုင်ငံမှာ အခြောက်တွေ တော်တော်များတာပဲ အခြောက်ဆိုတာက မိန်းမလျှာကိုပြောတာနော် ယောကျာ်းကြီးတွေတန်မဲ့မိန်းမစိတ်ပေါက်နေတဲ့သူတွေ တော်တော်များတယ်ဗျာ။ တစ်ချို့ဆိုရင် ပြောရအုံးမယ်ဗျာ.... ကန်တော့နော် ပြောရရင်နည်းနည်းရိုင်းသွားမှာဆိုးလို့ အတင်းပြောတာမဟုတ်ဘူးဗျာ အင်္ဂါ အစိတ်အပိုင်းက အစအားလုံးကို မိန်းမလိုပြောင်းထားတာဗျာ။ ဒီမှာက ယောကျာ်းချင်းယူလို့ရတဲ့ဥပဒေထုတ်ထားတယ်ဗျာ ယူလို့လည်းရတယ်ဗျာ။ ကဲဘာမှာလည်းတင်စရာမရှိလို့ပုံလေးတွေပဲတင်ပေးလိုက်ရတာပါဗျာ။ အားလုံးသော ညီအစ်ကိုမောင်နှစ်မများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။