Showing posts with label တာရာမင်းဝေ (ကဗျာများ). Show all posts
Showing posts with label တာရာမင်းဝေ (ကဗျာများ). Show all posts

ချစ်သူသို့

သံချေးတစ်ထပ် ရွှံတစ်ထပ်မို့
သူတို့ရဲ့ စိတ်အတင်အချကို
မင်း ဘယ်လိုမှ ဖတ်လို့ ရမှာ မဟုတ်ဘူး။
အာငွေ့မှုတ်သံတွေ ကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် အိပ်ပစ်လိုက်ကွယ်..
ချစ်သူရေ
လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ ဂီတပါပဲ။
စစ်တုရင် တစ်ပွဲလုံးကို
ဆွဲမှောက် ခံလိုက်ရပေမယ့်
.. ဘာဖြစ်လဲ
ဝမ်းမနည်းကြေး
တို့တွေ ရွာသွန်းကြရုံပေါ့။
ယုံကြည်ထားစမ်း
ရေခိုးရေငွေ့ကလည်း
ပင်လယ်ကို ပစ်ပေါက် စိုက်ပျိုး နိုင်တယ်ဆိုတာ။
စာမရေးတာကြာတော့ ဘယ်က စရေးရမှန်းမသိတာက တစ်ကြောင်းပြီးတော့ အခုက ကဗျာဆရာတာရာမင်းဝေရဲ့ ကဗျာလေးတွေကို ကြိုက်လို့ပြန်လည်ဝေမျှလိုက်ခြင်းဖြစ်ပါတယ်............။