ညဏ်စမ်းလေးဖြေပေးကျပါအုံးနော်

သစ်ပင်တစ်ပင်က မီတာ ၂၀ မြင့်တယ် ခူရား တစ်ကောင်က နေ့ခင်းဘက်ကို သစ်ပင်ပေါ်ကို ၅ မီတာတက်တယ် ညဘက်ကို ၄ မီတာချောကျတယ်။ အဲ့ဒါ ဘယ်နှစ်ရက်နဲ့သစ်ပင်ပေါ်ကိုရောက်မလည်း။ သိတဲ့သူတွေ အဖြေပေးသွားကျပါနော်............ အားလုံးရဲ့ အဖြေမှန်ကိုသိမှာပဲ နောက်မှာပဲအဖြေပြောပြတော့မယ်။ အားလုံးပဲ အဆင်ပြေပါစေနော် မအားလို့ဘလော့လည်းမလည်ဖြစ်ဘူး ဘာပိုစ့်မှာလည်းမတင်ဖြစ်လို့ ဒီညဏ်စမ်းလေးပဲတင်ပေးလိုက်တာပါနော်။

5 comments:

ArrrLuu said...

It take 16 days.

ဂေါက်သီးနဲ့ရှောက်သီး said...

16 ရက်နေ့မြောက်မှာ အပေါ်ရောက်သွားလိမ့်မယ်..

Anonymous said...

ညဘက်မှာ ၄မီတာပြန်ချောကျတယ်ဆိုတော့ ဒီခူရား ကောင်အရက်သမားများလားဗျ.. မူးမူးနဲ့ ပြန်ချောကျတာနေမှာပေါ့။ ကြည့်ရတာ နေညိုရင် လေပြိုတဲ့ကောင်ပဲ နေမှာ..ဟိ

Anonymous said...

တတ်သလောက်မှတ်သလောက်ဝင်ဖြေသွားမယ်ဗျာ မှားရင်တော့လည်း ဟီးဟီးဟီး ပေါ့ကြိုရယ်ထားတာ မျက်နှာချိုသွေးတယ်ပေါ့နော်... တစ်နေ့ငါးမီတာတက်ပြီးလေးမီတာပြုတ်ကျတယ်ဆိုတော့ တစ်မီတာတက်တာပေါ့နော် ဒါပေမယ့် နောက်ဆုံးရက်မှာ ငါးမီတာအပြည့်ဖြစ်ရမယ်ပြုတ်ကျစရာမရှိတော့ဘူးလေ
ဒါကြောင့် အဖြေက အဲ့ဒီကောင် မူးမူးရူးရူးနဲ့ တက်တာ ((19 )) ကြာသွားတယ်ထင်တယ် ဟဲဟဲ မှန်လားတော့မသိ အဖြေမှန်လေး တော့ ပြောပြဦးနော့်

poemflower said...

၁၉ ရက်ကြာမယ်ထင်တယ် ဟီး :P