သူငယ်ချင်း

သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ်ဘဲ ကောက်တွေ့ခဲ့ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ လူချင်းလည်းမမြင်ဘူးပဲနဲ့ အင်တာနက်နဲ့ ဖုန်းနဲ့ဆက်သွယ်ပြီး သူငယ်ချင်းတွေလည်းရှိတယ်။ လူချင်းမြင်ဖူးပြီး အရမ်းကောင်းတဲ့သူငယ်ချင်းတွေဖြစ်ခဲ့တာလည်းရှိတယ်။ မတော်တဆတိုက်မိပြီး ခင်သွားတဲ့သူငယ်ချင်းတွေလည်းရှိတယ်။ ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ အတူနေခဲ့တဲ့သူငယ်ချင်းတွေက ကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကိုရှာကြရင်း တကွဲတပြားစီဖြစ်ပြီး အဆက်အသွယ်က နည်းသထက်နည်းလာခဲ့တယ်။ သူငယ်ချင်းတွေမှာ အသက်အပိုင်းအခြားမရှိဘူး။ ကိုယ်နဲ့ရွယ်တူလည်းရှိတယ်။ ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့သူလည်းရှိတယ်။ ကြီးတဲ့သူငယ်ချင်းတွေကနေ ကိုယ့်မှာ မရှိသေးတဲ့အတွေ့အကြုံတွေယူတယ်။ ငယ်တဲ့သူငယ်ချင်းတွေဆီကနေ ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကို ပြန်ရှာတယ်။ သူငယ်ချင်းတွေမှာ အသက်အရွှယ်၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။ သူငယ်ချင်းတွေဟာ နွေ၊မိုး၊ဆောင်း ပြောင်းနေတဲ့ရာသီတွေနဲ့တူတယ်။ တချို့က ပူပြင်းတဲ့နွေနဲ့တူတယ်။ တချို့က နွေရဲ့အပူဒဏ်ကို လျော့ပေးတဲ့မိုးနဲ့တူတယ်။ တစ်ချို့က အေးမြတဲ့ဆောင်းနဲ့တူတယ်။ မတူညီတဲ့ ရာသီရဲ့ အလှအပတွေကို ခံစားရင်း ကိုယ့်ဘဝကို ဖြတ်သန်းခဲ့တယ်။ သူတို့နဲ့ ကိုယ်ဘယ်လိုစသိ စခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ဝမ်းနည်းစရာ၊ဝမ်းသာစရာတွေနဲ့ကြုံတိုင်း သူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကိုမြင်တိုင်း သူတို့နဲ့ ကိုယ်မျှဝေချင်ခဲ့တယ်။ ကွန်ပျူတာရဲ့ တစ်ဖက်မှာထိုင်ပြီး ကိုယ်မျှဝေတဲ့ အရာတွေကို သူတို့ကြည့်ပြီး ပျော်နေသလား................ ကိုယ့်စာကြောင့်စိတ်ပျက်ပျက်နဲ့ ငြီးငြူနေသလား............ ဘာတွေရေးနေလည်းဆိုပြီးမဲ့နေမလား................. သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော်မပြောပြတတ်လို့ ဒီကနေတစ်ဆင့် ထောင့်တစ်နေရာမှရှိတဲ့ သူငယ်ချင်းတွေ ပျော်ရွင်နွေးထွေးတဲ့ ကိုယ့်မေတ္တာနဲ့ တောင်းဆုပြုလိုက်ပါတယ်။............ အားလုံးသော သူငယ်ချင်းများ ညီအစ်ကိုမောင်နှစ်မများအားလုံးကျန်းမာပျော်ရွှင်စွာနေနိုင်ကျပါစေဗျာ။ ဘာကိုမှာရည်ရွှယ်ပြီးရေးခြင်းမဟုတ်ပါခင်ဗျာ တိုက်ဆိုင်မှုလေးများရှိရင် ခွင့်လွတ်ပေးကျပါခင်ဗျာ။

3 comments:

thihanyein said...

အကိုရေ သူငယ်ချင်းအကြောင်းရေးထားတာလေးကြိုက်တယ်ဗျာ အထူးသဖြင့် သူငယ်ချင်းတွေကို နွေ မိုး ဆောင်း ဆိုတဲ့ အရာနဲ့တင်စားလိုက်တာလေးပိုကြိုက်တယ် အားပေးပါတယ် အကို အဲဒီအတွေးအမြင်လေးတော့ ညီယူထားလိုက်ပြီ ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ

Anonymous said...

ကောင်းပါတယ်။ သူငယ်ချင်းဆိုတာ အမြဲတိုင်း ဥတုသုံးဖော်လိုပါပဲ။

မသက်ဇင် said...

ကိုတိုးလေးရေ---
ကဗျာအသစ်တွေရေးအုံးလေ--
အားပေးနေပါတယ်---
ကဗျာတွေထပ်ဖတ်သွားတယ်---
ခင်မင်လျက်