သူနှင့်အတူ

ဆောင်းဦးနံနက်ခင်းမှာ ကိုယ့်အိမ်တံခါးဝကို ဧည့်သည်ရောက်လို့လာခဲ့တယ်။ တေးဆိုပါလော့...............ကိုယ့်နှလုံးသား အရှင့်အား ကြိုဆိုပါကြောင်း တေးသီလော့..........။ နေခြည်နွေးသည့် အပြာရောင်တေးဖြစ်ပါစေ နှင်းဆွတ်လေ၏ အေးမြသောတေးဖြစ်ပါစေ ရိတ်သိမ်းပြီးစ လယ်ကွင်းများ၏ အလျှံပယ်ရွှေရောင်တေး ဖြစ်ပါစေ ကျယ်လောင်သောရေစီးသံ၏ ရယ်မော ပျော်ရွှင်သော တေးဖြစ်ပါစေ သို့မဟုတ်လျှင် သူ့မျက်နှာကို စိုက်ကြည့်ကာ သူ့ရှေ့တွင် တစ်ခဏမျှ ဆွံ့အစွာရပ်နေပါလော့။ ထိုနောက် သင့်အိမ်ကို စွန့်ခွာပြီး သူအရှင်နှင့်အတူ တိတ်ဆိတ်စွာ ထွက်ခွာသွားပါတော့။

2 comments:

မသက်ဇင် said...

နေခြည်နွေးသည့်
အပြာရောင်တေးဖြစ်ပါစေ
နှင်းဆွတ်လေ၏
အေးမြသောတေးဖြစ်ပါစေ
ရိတ်သိမ်းပြီးစ လယ်ကွင်းများ၏
အလျှံပယ်ရွှေရောင်တေး ဖြစ်ပါစေ
ကျယ်လောင်သောရေစီးသံ၏
ရယ်မော ပျော်ရွှင်သော တေးဖြစ်ပါစေ

ပြာလွင်တေး--
အေးမြတေး--
ရွှေရောင်တေး--
ပျော်ရွှင်တေး---

ကိုတိုးလေးလိုချင်သည့်---
တေးများ --ရနိုင်ပါစေသော်----

thihanyein said...

အကိုတိုးလေးကဗျာကိုဖတ်ရတာ ကျနော့်စိတ်ထဲဖြစ်တာနော် ဆောင်းရဲ့အငွေ့အသက်ကိုလည်းခံစားရတယ်
လေနုအေးကိုလည်းခံစားရတယ် ရွာကစပါးနှံတွေလေယူရာတိမ်းနေတာကိုလည်းမြင်ယောင်တယ်
ငှက်တွေတေးသီနေတာကိုလည်းမြင်ယောင်တယ်
ရိုးရိုးလေးပေမယ့် ကဗျာဓါတ်လေးက နူးညံ့တယ်အကိုတိုးလေးရေ