ကျောင်းက ဓာတ်ပုံလေးတွေပါ

ဒီပုံလေးတွေကတော့ ကျွန်တော်တို့ကျောင်းမှာအားကစားပြိုင်ပွဲရှိပါတယ်ခင်ဗျာ အဲ့အတွက်ပြင်ဆင်နေတာလေးတွေကိုရိုက်လာခဲ့တာပါ။ ကျောင်းမှာအားကစားပြိုင်ပွဲဆိုတာကတော့ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်း တက္ကသိုလ် ၈ ခုကနေလာရောက်ပြိုင်တဲ့ပြိုင်ပွဲပါခင်ဗျာ။ နှစ်စဉ်ကျင်းပနေကျပါ ဒါပေမဲ့ တက္ကသိုလ်တစ်ခုကို အိမ်ရှင်အနေနဲ့တစ်နှစ်စီပြောင်းပြီးတော့ လုပ်ရပါတယ်။ ဒီနှစ်တော့ ကျွန်တော်တက်နေတဲ့ကျောင်းက အိမ်ရှင်အနေနဲ့ရှင်းပရပါတယ်။ အားကစားပွဲကတော့ ၂၀ရက်ကနေ ၂၄ ရက်နေ့အထိ ၅ ရက်ပဲကျင်းပသွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းက တက္ကသိုလ်တွေ တော်တော်များများလာရောက်ကျပါတယ်။ ဘာရယ်တော့မဟုတ်ဘူး ညနေက သွားကြည့်ရင်းနဲ့ ဓာတ်ပုံရိုင်ပြီးတော့တင်ပေလိုက်တာပါ။ တက္ကသိုလ်တွေကတော့ 1. Kamphaeng Phet Rajabhat University 2. Nakon Swam Rajabhat University 3. Chiang Mai Rajabhat University 4. Chiang Rai Rajabhat University 5. Uttraradit Rajabhat University 6. Lampang Rajabhat University 7. Pibulsongkram Rajabhat University 8. Phetchabun Rajabhat University အခုကျွန်တော်ရေးတဲ့တက္ကသိုလ်တွေပါပဲဗျာ။ ဖတ်လို့ရမယ်တော့ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ထိုင်းလိုတွေဖြစ်နေလို့ပါနော်။ အားလုံးအဆင်ပြေပါစေဗျာ။

3 comments:

thihanyein said...

အဟဲအကိုရေ အဝေးကကြည့်ရတာဆိုတော့သိပ်မကွဲပြားဘူး
မျက်စိကလည်းမကောင်းဘူးဗျ ဒါပေမယ့် လှတယ်ဆိုတာကတော့ အသေအချာပဲ

မသက်ဇင် said...

ကိုတိုးလေးရေ---
ဓါတ်ပုံလေးတွေတင်ပေးတာကျေးဇူးပါရှင်---
တော်တော်လှတယ်နော်---
ဗဟုသုတလည်းရတယ်---
ဆက်ရေးပါ--အားပေးနေပါတယ်--
ပညာတွေတတ်မြောက် ပြီးနောက်--
တိုင်းပြည်အကျိုးပြု လူငယ်မျိုးဆက်သစ်များ
အဖြစ်မျှော်လင့် နေပါတယ်ရှင်---

WWKM said...

မောင်လေးတိုး
ဓါတ်ပုံလေးတွေ ကြည့်ပြီး ပျော်စရာကောင်းမှာပဲ
လို့တွေးမိပါရဲ့။ မျှဝေပေးတာကျေးဇူးပါ မောင်လေး။