အချစ်ရယ်.........
မင်းရဲ့ ချစ်ခင်ချိုမြိုန်စရာကောင်းတဲ့
အနှောင်အဖွဲ့တွေက
ကိုယ့်ကို လွတ်ပေးပါတော့ကွယ်။
မှုးယစ်ရီဝေစေတဲ့ အနမ်းတွေလည်း
ထပ်မတိုက်ကျွေးပါနဲ့တော့။
မင်းရဲ့ ပိန်းပိတ်အောင် ခြယ်သထားတဲ့
နံ့သာအခိုးအငွေ့တွေကလည်း
ကိုယ့်နှလုံးသားကို မွန်းကျပ်စေပါပြီ။
တံခါးတွေကိုဖွင့်ပြီး
နံနက်ခင်း အလင်းရောင်အတွက်
အခန်းကို ပြင်ဆင်ထားပေးပါ။
မင်းဆီမှာပဲ ကိုယ်ဆုံးရှုံးခဲ့ပေါ့။
မင်းရဲ့ယုယပြုစုမှုတွေနဲ့
ရစ်ပတ်နှောင်ဖွဲ့မိခဲ့ပြီကွယ်။
မင်းရဲ့ မာယာနှောင်ကြိုးတွေကနေ
ကိုယ့်ကို လွတ်ပေးပါတော့နော်။
ကိုယ့်ရဲ့ ဖြူစင်လွတ်လပ်တဲ့ နှလုံးသားကို
မင်းကို ပြန်ပေးဆပ်နိုင်ဖို့
ယောကျာ်းပီသတဲ့ စိတ်ဓာတ်မျိုး
ပြန်ရပါစေကွယ်။
4 comments:
ကျွန်တော်က တိုးဝင်မလို့ လုပ်တုန်းမှာ
အစ်ကိုကလွှတ်ပေးပို့ ရုန်းနေတယ်၊
အချစ်ကစဉ်းစားစရာဖြစ်နေပီပေါ့ .. ...
ဘာဖြစ်ဖြစ်ရှေ့ဆက်ရဦးမယ်
အခုမှကြောက်ပါပြီမလုပ်ကြေး အကိုတိုးလေး
ဟားဟား ဘာတုန်း စတုန်းကစခဲ့ပြီးတော့
ဘာအခုမှကြောက်ပါပြီလဲ မရဘူးတဲ့
ဟိုကလွတ်ပေးတော့ဘူးတဲ့ ဟဲဟဲ
မင်းကို ပြန်ပေးဆပ်နိုင်ဖို့
ယောကျာ်းပီသတဲ့ စိတ်ဓာတ်မျိုး
ပြန်ရပါစေကွယ်။
အဲဒီစာသားလေးကြိုက်တယ်အကို
ဂွတ်
ယောင်္ကျားလေးတွေများနော်----
ချစ်ကြတော့လည်းသူတို့---
အခုတော့ လွှတ်ပေးပါတော့တဲ့---
ရုန်းထွက်ဘို့ကြိုးစားနေပြန်ရော---
ဒါကြောင့်ထင်ပါရဲ့--သီချင်းတွေပေါ်လာတာ--
မရခင်ဖျာလိုလိပ်---ထိပ်ပေါ်တင်---ရပြီးတော့
ဖျာလိုခင်း နင်းချေပြန်---
မောင်မင်းကြီးသားယောင်္ကျားတွေ--ဆိုတာလေ-
မိန်းကလေးဘက်ကနေ နာတယ်--ကိုတိုးရေ--
ကဗျာအရပြောတာ---
ဟုတ်သားပဲ... မမသက်ဇင်ပြောသွားတာ ထောက်ခံတယ် အဟိ.. :P
Post a Comment