အဖေများနေ့

သူများဘလော့တွေလိုက်ဖတ်တော့ အဖေများနေ့ရေးထားတာတွေ့တယ်။ ကိုယ်လည်းပဲ အဖေများနေ့မှာ ဘာရေးရရင်ကောင်းမလည်းဆိုပြီးတော့ အမဝါ ဘလော့ကို သွားလည်ရင်းကနေ စိတ်ကူးပြီးရေးလိုက်တာပါ။ လောကကြီးမှာ မိဘများသည်သာလျင် သားသမီးတို့၏ ဘဝအတွက် နားခိုရာအပင်ဖြစ်ပါတယ်။ အဖေ ဟူသည် နေပူ မိုးရွာ မနေသာပေ သားသမီးစားဖို့ ကြိုးပမ်းအားထုတ် မမောမပန်းနိုင် ရှာဖွေကျွေးမွေး တို့အဖေများသည် ထိုကမ္ဘာမှာရှိပါအုံးမလား။ နဖူးကချွေး ခြေမကျသည့်တိုင်အောင် မမောမပန်းနိုင်အား အပြုံးမပျက် အလုပ်လုပ်လျက်ပါ အဖေများသည် သားသမီးတို့အတွက်လုပ်ကိုင်ကျွေးမွေးလာသည်မှာ ခွန်အားများကုန်ခမ်းသည်ဟူ၍မရှိပါ သားသမီးများအတွက်အမြဲတမ်းခွန်အားတွေပြည့်နေပါတယ်။ သားသမီးတွေကို ပညာသင်ဖို့ ပညာတတ်ကြီးတွေဖြစ်၊ ထူးချွန်သူတွေဖြစ်ပြီးတော့ အားလုံးရဲ့အလည်မှာ ပြုံးရွှင်နေတဲ့ အဖေရဲ့မျက်နှာကို မြင်ယောင်မိပါတယ်အဖေ။........... အဖေများနေ့မှာ အဖေများအားလုံးကျန်းမာချမ်းသာကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

4 comments:

WWKM said...

အဖေများနေ့မှာ အဖေများအားလုံးကျန်းမာချမ်းသာကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကျောပိုးအိတ် said...

အဖေများနေ့ မှာ ဆုတောင်းပေးလို့ အဖေတိုင်းကျေနပ်မှာပါ။
း)

Anonymous said...

မိဘကို အမှတ်တရ ရှိနေတဲ့ ကိုတိုး အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေဗျာ ...
နေဒေးသစ်။

Anonymous said...

အဖေ.. ..အဖေဆိုတာ နိုင်ငံတနိုင်ငံအတွက်၊ မြို့တမြို့အတွက်၊ နယ်တနယ်အတွက်၊ ရွာတရွာအတွက်၊ အိမ်တအိမ် အတွက် မရှိမဖြစ်တဲ့ ရှေ့ဆောင်လမ်းပြပါ။