ငယ်ကချစ်တော့ အနှစ်တရာ

အချစ်ဆုံးမို့ မမုန်းသေး
ဝဝဖိုင့်ဖိုင့် ပါးချိုင့်လေးနှင့်
လုံးလုံးတုတ်တုတ်ကောက်ညှင်းထုပ်လို
ရုပ်သွင်ပြောင်းလည်း ကြည့်ကောင်းဆဲပင်
ပါးရည်တွန့်လိပ် ခေါင်းထိပ်ဆံပင်
နီကျင်ဖြူကွက် မြင်ပါလျက်လည်း
စိတ်ပျက်မသွား တန်ဖိုးထားဆဲ၊
လမ်းမှာတွေ့ကြုံ ရင်တွေခုန်ပြီး
မလုံမလဲ စကားလွှဲကာ
သာကြောင်းမာကြောင်း
ဘာအကြောင်း ညာအကြောင်း
ရှေးဟောင်းနှောင်းဖြစ် ပြန်ပြောဖြစ်တော့
အချစ်စိတ်က နိုးထရင်ခုန် စိတ်မကုန်သေး
လွမ်းမိသေး၏။
သြော်
ငယ်ကချစ်သော အနှစ်တစ်ရာဆိုတာ
ဒါမျိုးလားကွယ်။

12 comments:

ကဗျာမလေး said...

အချစ်ဆုံးမို့ မမုန်းသေး
လမ်းမှာတွေ့ကြုံ ရင်တွေခုန်ပြီး
ရှေးဟောင်းနှောင်းဖြစ် ပြန်ပြောဖြစ်တော့
အချစ်စိတ်က နိုးထရင်ခုန် စိတ်မကုန်သေး
လွမ်းမိသေး၏။
သြော်
ငယ်ကချစ်သော အနှစ်တစ်ရာဆိုတာ
ဒါမျိုးလားကွယ်။

မောင်လေးရေ ..... အချစ်ဦးကို မြေးဦးရတောင် မမေ့ဘူး ဆိုတဲ့ စကားကြားဖူးလားးးးးး
ကဗျာလေး အရမ်းကောင်းတယ် :)

နှင်းဆီနက် said...

ငယ်ကချစ်အနှစ်တရာမမေ့သာ အဟဲ ပေါ်ပြီနော် ဘယ်လိုလဲပြောပြတော့း)

ဝေလေး said...
This comment has been removed by the author.
ဝေလေး said...
This comment has been removed by the author.
ဝေလေး said...

ဖျက်တာလည်း နှစ်ခုလုံးဖြစ်သွားရပြန်ပြီ.... စိတ်လေပါတယ်နော်..... ဟင့်...

ပြန်ရေးမယ်....

ငယ်ကချစ်အနှစ်တစ်ရာမမေ့သာဆိုတာ ဒါပဲပေါ့ကွယ်... ဟီးးး... :P

လူကြီးကိုလာနောက်သွားတာ

poemflower said...

ကိုတိုးလေး
ကဗျာလေးက တကယ်ကောင်းပါတယ်

Sein Lyan Tun said...

ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေတွေလားဗျာ

flowerworld said...

၀၀ဖိုင့်ဖိုင့် ပါးချိုင့်လေးနှင့်ပေါ့လေ
လုံးလုံးတုတ်တုတ်ကောက်ညှင်းထုပ်လိုပေါ့လေ
အကိုရေတင်စားထားလိုက်တာနော်း)
ကဗျာလေးက ကောင်းတယ်း)

ကဗျာဦး said...

အမြဲချစ်နိုင်ပါစေ

မသက်ဇင် said...

ကိုတိုးလေးရေ
လာဖတ်တယ်နော်
ခင်မင်လျက်

Anonymous said...

အာဗျာ... သတိရအာင် လာလုပ်နေတယ်..။
ရေးရင်းတောင် လွမ်းလာပြီဗျာ......

နေ့အိပ်မက် said...

မိုက်တယ်ဟ