ဒဿကျွန်တော်

ရာမဇာတ်တော်၊ သန်းခေါင်ကျော်ထိ
ကျွန်တော် ညကဖတ်မိတယ်။
ဇာတ်တော်ထဲမှာ ၊ မယ်သီတာအတွက်
ရာမနှင့်ယှဉ် ၊ လေးတော်တင်ကာ
ယှဉ်ပြိုင်ရင်းက၊ ရှုံးခဲ့ရသည့်
ဒဿဘီလူး ၊အချစ်ရှုးသည်
ချစ်ဦးသူအတွက် အကြမ်းဖက်ကာ
ငဲ့ကွက်မညှာ မယ်သီတာကို
ရာမလက်မှ အဓမ္မဖြင့်
မရ ရအောင် ခိုးခဲ့သည်။
ချစ်စိတ်ထန်ပြင်း အကြောင်းရင်းကြောင့်
အတင်းအဓမ္မ ပြုခဲ့၍
ရာမဇတ်လမ်း သူ့အခန်းတွင်
ဇာတ်ကြမ်းမင်းသား ဖြစ်တော့သည်။
သူ့လိုသာပဲ ကျွန်တော်လည်းလေ
ဇာတ်ထဲကလို သဝန်တို၍
လိုချင်တောင်းတ ခင့်ကိုရရန်
ဆန္ဒမယူ မကြည့်ဖြူဘဲ
ခိုးယူထွက်ပြေးမိတော့သည်။
အလိုမတူ ကြမ်းဖက်ယူ၍
ကြည်ဖြူနိုင်ရေး ဝေးပါသေး ဟု
ငိုကြွေးငြင်းဆန်၊ ခင်မုန်းဒဏ်ကို
ခံရတော့မှာ သိလာရသည့်
ဒဿအသစ်ဖြစ်ပြီကိုး။
ချစ်စိတ်ပြင်းထန်
အကြောင်းရင်းကြောင့်
အတင်းအဓမ္မ ပြုခဲ့ရသည့်
ဒဿကျွန်တော် ယခုသော်ကား
ဇာတ်တော်ဖတ်ကာ ဆွေးစိတ်ဖြာ၍
ရင်နာနေရပါပြီခင်.။

11 comments:

ကျောပိုးအိတ် said...

ကိုတိုးလေးရေ

ရင်ထဲကကဗျာလေးကို လာခံစားသွားတယ်နော်။

သြော်
လိုချင်တော့တ ခင့်ကိုရရန် လိုချင်တောင့်တ ဟုတ်မယ်ထင်တယ်နော်။

ကဗျာပိုင်ရှင်ကပိုသိမှာပေါ့နော်။ အမက ဝေဖန်ကြည့်တာ။
အမမှားတာလဲဖြစ်နိုင်ပါတယ်။

အရမ်းခင်တဲ့
း)
ကျောပိုးအိတ်

ဖြိုးဝေတိုး said...

မယ်သီတာလိုမျိုးတော့ ကောင်မလေးကိုတွေကိုသွားမလုပ်နဲနော် တချို့တွေက အတော်ဆိုးတယ်။ အဟဟ

အဆင်ပြေပါစေဗျာ။ ဒဿလိုမျိုးမဆွေးပါစေနဲ့လို့

Anonymous said...

ကျနော် ကတော့ ဒဿ ကိုကြိုက်တယ် သူရဲ့အချစ်ကို လေးစားတယ်.. :)
ရင်တွင်း ကဗျာလေး လာခံစားသွားပါတယ်ဗျာ
အဆင်ပြေပျော်ရွှင်ပါစေ

www.heartbyheart.blogspot.com said...

သမီးကတော့ ဒသတို့ ရာမတို့ အချစ်တွေကိုမဝေဖန်တတ်သေးဘူး။ အဟိ။ အခုမှ အချစ်ကို ခလုတ်တိုက်မိတုန်းမလို့ အဟိ နောက်တာ ။ ကဗျာလေးခံစားသွားတယ်။
ပျော်ရွှင်ပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

www.heartbyheart.blogspot.com said...

ဟယ် အခုဏကမန့်တာ ဘယ်ရောက်သွားလည်းမသိဘူး။ တောကလေးဆိုတော့ မန့်တာ တခါနဲ့မရဘူးဖြစ်နေတယ်။ ကဗျာလေးကိုခံစားသွားပါတယ်။ ဒဿရဲ့အချစ်ကတော့ မိုက်ပါတယ်။ ဒါဆိုအခု ဒဿအသစ် ဘာဆက်လုပ်မလည်းဟင် ကဗျာကတော့ တကယ့်ကို အံ့မခန်းအောင် ကောင်းပါတယ်။ ခံစားသွားပါတယ်နော်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

Anonymous said...

လိုချင်လွန်းလို့ အပိုင်သိမ်းခဲ့ရပေမယ့် ကျွန်တော်ကတော့ သူ့ကို ဘီလူးတစ်ကောင်လို ရိုင်းစိုင်းကြမ်းကြုတ်သူ တစ်ယောက်အဖြစ် မထင်ရက်ပါဘူးဗျာ ...

အချစ်ကြောင့် မှားယွင်းမိတဲ့ လုပ်ဆောင်မှု တစ်ခုအပေါ် ဦးမညွတ်မိပေမယ့် အသိအမှတ်ပြုရဲပါတယ် ...

နေဒေးသစ်။

အရုပ်ကလေး said...

ဒဿလို အဖြစ်မျိုးနဲ့ ချစ်ရေးရာက အနှစ်သွေးပါလှတာမို့
တစ်ခန်းတစ်နားနဲ့ ဒဏ်အထိနဲ့ စံအဖြစ်တော့ လုပ်နေပြီထင်တယ် ..

ကဗျာလေးမှာ အချိတ်အဆက်လေး လှတယ် ..။

Anonymous said...

ကြည့်လုပ်ပါဗျာ ဟိုတုန်းက အလိုမတူပဲခိုးယူပေါင်းသင်းမှုဆိုပြီး မရှိဘူးဗျ။ ခုခေတ်က အဲဒါရှိတယ်ဗျနော်.. တော်ကြာ ကြော်မကောင်း၊ ကြားမကောင်းတွေ ဖြစ်နေပါ့မယ်ဗျာ..။ မိန်းမတွေပေါပါတယ်ဗျ၊ အဟီးဟီး စိတ်ဆိုးနဲ့ မြင်တာလေးပြောတာပါ။
နော်....နော်လို့

Dream said...

အချစ်ရူံးသမား ဒဿဂီရိ... အချစ်ရှုံးသမား ဒဿဂီရိ
အဟီးးးးး လွမ်းမိုးသီချင်းလေး ဆိုသွားတယ်...

ဦးဦးအိမ်က မြောက်ပေးနေတယ်... သတိထားပေါင်းနော်... သိပ်မယုံနဲ့... ဟွန်းးးးး :P :P

ပြေးပြီ..ဗျို့...တော်နေ ဒရင်းဆိုပြီး နရင်းလာတီးနေမှ...ဒွတ်ခ...အဟတ်

ကဗျာမလေး said...

အယ်တော် ..... ခိုးပြေးတယ်တဲ့ .....။ :P
ဒဿလို အချစ်မျိုး နဲ့ ဘယ်သူမှ ချစ်နိုင်ကြမှာ မဟုတ်ပါဘူးနော် :)

မသက်ဇင် said...

ကိုတိုးလေး
ကဗျာတွေပိုကောင်းလာတယ်
ခင်မင်လျက်