သစ်ပင်ရိပ်လိုနေပါ့မည်

ဝေဒနာလမ်း ၊ ခရီးကြမ်းမှ
မောပန်းဖြတ်လာ ၊ မောင့်သည်းညှာအတွက်
မေတ္တာသန့်စင် ၊ အေးရိပ်ထင်သည့်
သစ်ပင်တစ်ပင် ၊ဖြစ်ချင်သည်။
သည်အရိပ်မှာ ၊ မောင့်သည်းညှာရယ်
ခိုပါနားပါ ၊ အားဖြည့်ပါ။
နားကြည်းကြေကွဲ ၊ ဝမ်းနည်းမှုတွေ
သည်ပင်ခြေမှာ ထားခဲ့ပါ။
အရိပ်မိုးသူ ၊ ယူထားပါ့မယ်
အားမငယ်နှင့် ၊နွမ်းနယ်မှုသာ
ကိုယ်မှခွာ၍ ၊ သည်မှာချန်ရစ်ခဲ့ပါလေ။

8 comments:

ဝေလေး said...

ကဗျာလေးကောင်းတယ် အစ်ကိုရေ..
:D

သည်အရိပ်မှာ ၊ မောင့်သည်းညှာရယ်
ခိုပါနားပါ ၊ အားဖြည့်ပါ။

မိုက်တယ်.... မေတ္တာတရားရဲ့ အေးမြမှုလေးမြင်နေရတယ်..

ဝေလေး said...
This comment has been removed by a blog administrator.
Unknown said...

ကဗျာကောင်းလေးတစ်ခုပါပဲနော်။ လာခံစားသွားတယ်နော်ကိုတိုးလေး။

သားဖြိုး said...

တရားရစရာပါ...

Anonymous said...

ထားခဲ့ပါ အရိပ်မိုးသူ ၊ ယူထားပါ့မယ် ဆိုတော့ စဉ်စားစရာပဲ အဲဒီလောက် ခံနိုင်ရည်ရှိပါ့မလားလို့ ကျနော်သာဆို ကိုယ်ကသာပေးခဲ့ချင်တာ မယူချင်ဘူး အဲလိုမျိုး

ကျောပိုးအိတ် said...

အိုးမိုင်ဂေါ့

ယင်းဂလိပ်လိုယောင်တာနော်
း)

အရမ်းကောင်းပါလား ကဗျာလေးက
ရင်ထဲကခံစားချက်တွေ တကယ်ဖြစ်နေပြီလား
း)

ကဗျာမလေး said...

“နားကြည်းကြေကွဲ ၊ ဝမ်းနည်းမှုတွေ
သည်ပင်ခြေမှာ ထားခဲ့ပါ။”
အပူမိပြီး အပင်လေး သေသွားရင် ... “အရိပ်မိုးသူ ၊ ယူထား” လို့ ဖြစ်ပါတော့မလား ... ဟိ :P
စတာနော် မောင်လေး ... ကဗျာကောင်းလေးပါပဲ။

မေလေး said...

“သည်အရိပ်မှာ ၊ မောင့်သည်းညှာရယ်
ခိုပါနားပါ ၊ အားဖြည့်ပါ။
နားကြည်းကြေကွဲ ၊ ဝမ်းနည်းမှုတွေ
သည်ပင်ခြေမှာ ထားခဲ့ပါ။”

အလဲ့ တယ်ဆိုတဲ့စာဘဲ။အရိပ်မှာ ခိုနားပြီးမှ ဘာလို့ဝမ်းနည်းမှုတွေ ထားချင်ရတာလဲ။

ကဗျာကောင်းလေး လာရောက်ခံစားသွားပါတယ်
ခင်တဲ့
မေလေး
(ဟင့် နာ့ကိုတော့ သူကခင်ဘူးးး)