ဥာဏ်စမ်း

တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။ ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။ အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ... ? ၀ါသနာပါသူများ ဖြေကြည့်ကြပါ။ အပျင်းလဲပြေ... ပျော်စရာလည်း ကောင်းပါတယ်။ စာဖတ်သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေစရာတောင် မလိုတော့ပါဘူးနော်။ တစ်ခါတလေ အတွေးတွေကို အဆုံးစွန်ထိ တွေးလိုက်မိရင် အသိဥာဏ်က သာမန်အဆင့်လောက်ပဲ ဖြစ်သွားတတ်ပါတယ်တဲ့။ ဒါကြောင့် Don't think too much.း) မှတ်ချက်။ သူငယ်ချင်းပို့ပေးတဲ့မေးလ်ကဥာဏ်စမ်းလေးတင်ပေးလိုက်တာပါ။ ပိုစ့်အသစ်မတင်နိုင်သေးလို့အဲ့ဒါနဲ့မေးလ်ကနေပြီးတော့ သူငယ်ချင်းတွေအားလုံးလည်းသိပြီးသားဖြစ်မှာပါနော်။ ဥာဏ်စမ်းလေးဖြေပေးသွားကျပါအုံးနော်။ အားလုံးပဲ စိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းများနဲ့ပြည့်စုံကျပါစေခင်ဗျာ။

8 comments:

Dream said...

အဟတ်......... Don't ask too much :P

အဟီးးး
မစဉ်းစားချင်ဘူး မစဉ်းစားချင်...ဘူး...

အဟဲ...သီချင်းဆိုတာနော်...:P

ပင်လယ်ရေတွေတော့ ကုန်ပါပြီး)

zmm said...

how are you

ကိုတိုး said...

ကိုမင်းကဗျာရေနေကောင်းပါတယ်ဗျာ။ အကိုလည်းအဆင်ပြေပျော်ရွှင်ပါစေဗျာ။

Anonymous said...

ကိုတိုးလေးရေ ဖြေပေးသွားမယ်ဗျာ
မျက်မမြင်က မျက်စိဘဲမမြင်တာလေ စကားပြောတက်တယ်လေ အဲဒီတော့ ကပ်ကြေးတစ်လတ်ပေးပါဆိုပြီးပြောပြီး ၀ယ်မှာပေါ့...:P
မှန်မမှန်ပြောဦးနော်
အဆင်ပြေပျော်ရွှင်ပါစေဗျာ

ဖူးဖူး said...

ဟဟ
မျက်မမြင်ပါဆို အ နေတာမှ မဟုတ်တာ ကပ်ကြေးပေးပါပဲ ပြောမှာပေါ့

ဖူးဖူး said...

ဟဟ
မျက်မမြင်ပါဆို
အ နေတာမှ မဟုတ်တာ
ကပ်ကြေးပေးပါလို့ပဲ ပြောမှာပေါ့

Anonymous said...

ဖူးဖူးပြောသွားတာ မှန်တယ် ... မျက်မမြင်တဲ့ သူက အနေတာမှ မဟုတ်တာ ... ကတ်ကြေးပေးပါလို့ပဲ တောင်းမှာပေါ့ ...
But အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် လက်နဲ့ ကတ်ကြေးပုံစံကို ဘယ်လို လုပ်ပြရင် ကောင်းမလဲလို့ တွေးနေမိလိုက်သေးတယ် ... :D
နေဒေးသစ်။

Anonymous said...

မျက်မမြင်က ဘယ်လိုပြောမလဲဆိုတော့ ညုပ်လို့ ဖြတ်လို့ ရတဲ့ဟာလေ အင်္ဂလိပ်လို ဆီဆာလို့ခေါ်တာလေ၊ သြ..ဒါနဲ့ အီတလီက ဟိုးအရင်က နာမည်ကြီးတဲ့ ဘုရင် ဆီဆာနဲ့ သွားမရောနဲ့နော်၊ ခုဟာက ညုပ်လို့ရတဲ့ဟာလေ၊ မြန်မာလို့ ကပ်ကြေး ဟီး
လျှာရှည်တာ..။