မွေးနေ့ရက်ဆီကျန်ခဲ့ပြီပေါ့နော်.........

ကျွန်တော့်မွေးနေ့ဟုတ်ဘူးနော်............ ချစ်ရတဲ့သူကျန်ခဲ့ပြီ ..........
တစ်နှစ်ကိုငုံ လှည့်တစ်ခါကျ
မွေးဖွားခြင်းမှ လောကတစ်ခွင်
လူဖြစ်တွင်တဲ့ ချစ်ရသူရေ ...
မပိတ်မသုံ စိတ်အစုံက
ရော်ရီလူးလို့ မျှော်ရည်ဖူးပြီး
အရောက်လှမ်းချင်တဲ့ တစ်ထောက်နန်းက
ချစ်ရသူရဲ့ မွေးနေ့ရက်ဆီ ...
ပူခြင်းတစ်သွယ် သွန်းဖြိုးမိုးနဲ့
အေးစိမ့်လှတဲ့ ဒီဆောင်းပိတ်မှာ
ချစ်ရသူတွက် တစ်နှစ်ကူးလို့
တစ်ရက်ထူးတဲ့ မွေးနေ့မင်္ဂလာ ...
အချိန်နေ့ရက် မိုးမြေမထပ်
စိုးရေတွက်ရင် ချိုးရေလက်မှာ
တိုးနေနှစ်က တစ်နှစ်ပြီးတစ်နှစ် ...
၂၅ပင် ပြည့်သော်ညားလည်း
ရိုးနေမကျ သတိတွေရလို့
ရင်ဘတ်ဟောင်းမှာ ခေတ်ကြောင်းမလှ
ပစ်နှောင်းခဲ့လည်း ဆက်ချစ်နေတယ် ...
မွေးနေ့ချိန်မှ သာယာအလင်း
အေးမြခြင်းက ဘ၀ခဏ
ဖြစ်တည်ချိန်ကို ကျော်ကာဖြတ်လို့
ယခုချိန်စ နှစ်ပေါင်းရာကျော်
တည်ပါစေသော် ...။

10 comments:

ကောင်းကင်ပြာ said...

ကိုတိုးရဲ့ ချစ်ရသူရေ Happy Birthday ပါလို့၊အေးမြခြင်းတွေနဲ့လဲ ပြည့်စုံပါစေ၊ ကိုတိုးလဲဆက်ချစ်နိုင်ပါ စေနော်၊ဆုတောင်းပေးသွားတယ်

Anonymous said...

ဆုတောင်ကဗျာလေး အတွက် ခံစားသွားပါတယ်

Anonymous said...

အော့...ပြောပြောဖူးနေတဲ့ တစ်ယောက်သောသူ မွေးနေ့ကိုးး

ဟက်ပီးဘတ်ဒေး

ဝှိုက်ဝှိုက် said...

ံHappy Birthday ကိုတိုးချစ်ချစ်ရေ
ချစ်ခဲ့တဲ့ချစ်သူအတွက်မွေးနေ့ဆုတောင်းလေးကြောင့်
ကိုတိုးနားပြန်ရောက်လာပါစေလို့လဲ ဆုတောင်းပေးပါတယ်

Anonymous said...

Happy Birthday ပါ ကိုတိုးလေး ရဲ့ ချစ်ရသူရေ
ပျော်ရွှင်ချမ်းမြေ့ခြင်းတွေ ပိုင်ဆိုင်ပါစေ

အောင်မြေ said...

ကဗျာလှလှလေးတွေ အမြဲ လာဖတ်ဖြစ် ပါတယ်။
ကိုတိုးဘော်ဒါအတွက် ပျော်ရွှင်တဲ့ မွေးနေ့လေး ဖြစ်ပါစေ

အောင်မြေ said...

ကဗျာလှလှလေးတွေ အမြဲ လာဖတ်ဖြစ် ပါတယ်။
ကိုတိုးဘော်ဒါအတွက် ပျော်ရွှင်တဲ့ မွေးနေ့လေး ဖြစ်ပါစေ

အရုပ်ကလေး said...

ချစ်ရသူ မွေးနေ့မှစလို့ ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံသော
နေ့ရက်များစွာကို ဖြတ်သန်းနိုင်ပါစေ ..။

poemflower said...

ကိုတိုးလေး ကွန်မကောင်းလို့ ချစ်သူ့အတွက်မွေးနေ့မျာ ကိုတိုးလေးတို့၂ယောက်စလုံး ပျော်ရွင်ပါစေ

Anonymous said...

တယ်ဆိုတဲ့ စာပါလားဗျ။ မိုက်တယ်ဗျာ။ ကျနော့်
မွေးနေ့ကျလဲေ၇းပေးပါဗျို့ ဟီး