ความรัก ထိုင်းလိုရေးထားတာပါ

Ah, my beloved, fill the cup that clears Todays of past regrets and future fears Tomorrow why to-morrow i may be My self with yesterday's seven thousand years.

ဆန္ဒ

ဘေးအန္တရာယ်အသွယ်သွယ်တို့မှ လွတ်မြောက်ပါစေကြောင်း ဆုမတောင်းလိုပါ ၎င်းတို့ကို ရင်ဆိုင်နိုင်ရန်အတွက်သာ အကြောက်အရွံကင်း စွာနဲ့ရင်ဆိုင်နိုင်အောင်သာ စိတ်ထားကို မွေးမြူထားသင့်သည်။ ဝေဒနာမှ သက်သာရာရစေကြောင်း မတောင်းဆိုချင်ပါ။ ဝေဒနာကို အောင်နိုင်အောင် ခံနိုင်စွမ်းရည် စိတ်နှလုံးကိုသာ ရချင်ပါ၏။ ဖြစ်နိုင်လျှင် ပြဿနာအလုံးကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ ဇွဲ၊ တို့ရှိဖို့လိုအပ်ပါသည်။ မဖြစ်မနေကြုံတွေ့ရမည့် လောကဓံရဲ့ အလည့် အတောင်းကိုရင်နာနာနဲ့ခံနိုင်ရည်ရှိအောင် ကိုယ့်ဘက်က အတတ်နိုင်ဆုံး ခံနိုင်ရည်ရှိအောင်ပြင်ဆင်ထားရမည်။

လွဲချော်ခြင်းများတဲ့

လွဲချော်ခြင်း အဖြူရောင်သန်းတဲ့ နှလုံးသားနံရံလေးတစ်ခုပေါ်မှာ ရောင်စုံပန်းချီကားလေးတစ်ချပ်ဆွဲဖို့  စည်းချက်မညီတဲ့ ရင်ခုန်သံတွေနဲ့ နှစ်ယောက်အတူ မျှော်လင့်ခဲ့ဖူးတယ်..........။ မိန်းမသားဘ၀မို့  စတင်ရေးဆွဲဖို့ လည်း ငါ့မာနက ခွင့်မပြုလေတော့ မင်းဆွဲလာမယ့်တစ်နေ့ ကို စောင့်စားရင်း အစဉ်အလာဆိုတဲ့  စည်းဝိုင်းထဲမှာ ရင်ခုန်စွာပဲ တံခါးစေ့ထားခဲ့ ရတာပါ... အနြေရှင်ကြီးမင်းက သိတ်ခါကို ရှေ့ တန်းတင်ပြီး အဖြူရောင်ကို စွန်းထင်းမှာစိုးလို့ ဆိုတဲ့  အကြောင်းပြချက်နဲ့  ခံစားချက်တွေကို လစ်လျူရှု ရင်ခုန်သံတွေကို ဥပေကာပြုခဲ့ တယ်လေ...။ အခုတော့ တစ်ယောက်သောသူနဲ့  ပန်းချီတစ်ချပ်ကို မင်း ခံစားရေးဆွဲနေလေရဲ့ ...........။ သူငယ်ချင်းမိန်းခလေးရဲ့ကဗျာလေးကို တင်ပေးတာပါ၊ ကျွန်တော်ရေးတာတော့မဟုတ်ဘူး သူရေးပြီးပို့လိုက်တာပါ။

မင်းရဲ့........ရယ်သံ

အချစ်ရယ် စဉ်းစားကြည့်ပါဦးကွယ်။ ဘဝရဲ့ အရုဏ်ဦးမတိုင်မီမှာ မင်းက.......... ပျော်ရွှင်စရာ အိပ်မက်များရဲ့ ရေတံခွန်အောက်မှာရပ်လို့..........။ မင်းရဲ့သွေးတွေကို လှိုင်းထန်နေတဲ့ ရေစီးတွေနဲ့ အားဖြည့်လို့ပေါ့။ ဒါမှာမဟုတ်.......... မင်းသွားမဲ့လမ်းကလေးဟာ စံပယ်၊ နှင်းပန်း၊ သော်ကစတဲ့ ရွှင်မြူးပျော်ရွှင်နေကြတဲ့ ပန်းမျိုးစုံတွေဟာ မင်းရင်ခွင်ထဲကို အစုအပုံလိုက်ကြွေကျပြီး မင်းရဲ့နှလုံးသားထဲကို မြူးတူးခုန်ပေါက် ဝင်ရောက်လာစေတဲ့....... နတ်တွေရဲ့ ပန်းဥယျာဉ်ကိုများ ဖြတ်သန်းလာခဲ့လေသလား.............။ မင်းရဲ့ရယ်သံဟာ တေးသီချင်းတစ်ပိုဒ်ပါကွယ်။ သီချင်းရဲ့စာသားတွေကတော့ ဆူညံနေတဲ့ တီးလုံးသံတွေကြားမှာ နစ်မြုပ်ကွယ်ပျောက်သွားကြလေရဲ့။ မင်းရဲ့ရယ်သံဟာ မမြင်ရတဲ့ ပန်းကလေးတွေရဲ့ ရနံ့သင်းထုံ ပီတီအဟုန် ဖြစ်လေခဲ့ပါတယ်။ မင်းရဲ့ရယ်သံဟာ လရောင်နဲ့တူပါတယ်။ သည်လရောင်ဟာ လမင်းကြီးက မင်းနှလုံးသားထဲကို ဝင်ပုန်းနေခိုက်မှာ မင်းနှုတ်ခမ်းပြတင်းပေါက်ကို ချိုးဖောက်ထွက်ပေါ်လာခဲ့တာပေါ့။ အကြောင်းပြချက်တွေကိုလည်း ကိုယ်မတောင်းဆိုတော့ပါဘူး။ ဖြစ်စေပျက်စေတဲ့ အကြောင်းတရားဆိုတာကိုလည်း ကိုယ် မေ့ပစ်လိုက်ပါပြီ။ မင်းရဲ့ရယ်သံဟာ ကိုယ့်နှလုံးသားထဲမှာတော့ ဆန့်ကျင်ဆူပူမှုတွေရဲ့ ချောက်ချားဆူညံသံလို့ပဲ ကိုယ်သိထားလိုက်ပါတယ်။

တမ်းတခြင်း

အမှောင်အတိဖုံးလွှမ်းနေတဲ့ လမိုက်ညလေးကို ဖယောင်းတိုင်မီးလေးနဲ့ အန်တုရင်း လေနှင်ရာ မျောပါနေတဲ့ အာရုံတွေကို စုစည်းပြီး ကဗျာတစ်ပုဒ်ဖန်တီးဖို့  စဉ်းစားမိချိန်မှာ အရင်ဦးဆုံးသတိရမိတာက မင်းကိုပါ...။ နွေ..မိုး..ဆောင်း ရာသီအလီလီပြောင်းပြီး တစ်နှစ်ဆိုတဲ့  အချိန်တောင် ကြာညောင်းခဲ့ ပေမယ့် ဖျောက်ဖျက်လို့ မရတဲ့  မင်းပုံရိပ်တွေနဲ့  အနာမကျက်သေးတဲ့ ဒဏ်ချက်တွေကတော့ ခုထိ ပူနွေးနေဆဲပါ....။ သတိရမိတိုင်း.. ကျလာတတ်တဲ့ မျက်ရည်စက်တွေ ချရေးမိတဲ့  ကဗျာလေးတွေနဲ့  လက်ကျန်အလွမ်းလေးတွေကို အဖော်ပြုနေရပေမယ့် မေ့ပစ်ဖို့ လည်း မစဉ်းစားခဲ့ ပါဘူး..။ တစ်ကယ်တော့ မေ့ပျောက်မသွားအောင်ပဲ ကြိုးစားခဲ့ တာပါ..........။

ဘယ်ကိုသွားမလဲ...........အချစ်ရယ်

မင်းအတွက်(တစ်)နေရာကျန်ပါသေးတယ်ကွယ်။ မင်းတစ်ယောက်တည်း ကောက်လှိုင်းစည်းတွေနဲ့။ ကိုယ့်လေဟာ လူတွေပြည့်ကြပ်နေပြီ။ ဝန်ချိန်ကလည်းများတယ်။ ဒါပေမဲ့...........မင်းကို ကိုယ်ဘယ်လို ချန်ထားခဲ့နိုင်မလဲကွယ်။ ခရီးသည်တွေကတော့ အိမ်အသီးသီး လမ်းအသွယ်သွယ်ဆီကို ဆင်းလာကြလိမ့်မယ်။ မင်းကတော့ ကိုယ့်လှေဦးမှာ ခဏထိုင်ပါဦးကွယ်။ ခရီးဆုံးရောက်သွားရင်တော့ မင်းကိုဘယ်သူမှ ပြန်ခေါ်မှာ မဟုတ်ဘူး။ မင်း............ဘယ်အရပ်.......ဘယ်အိမ်ကိုသွားမှာလဲ။ မင်းရဲ့ ကောင်လှိုင်းစည်းတွေကို ဘယ်မှာထားမှာလဲ။ မင်းကို (ဒါတွေ) ကိုယ်မမေးပါဘူးကွယ်။ ဒါပေမဲ့........ကိုယ့်ရဲ့ (လှေ) ရွက်တွေကို ဖြုတ်သိမ်းလို့ကိုယ့်လှေကို ကမ်းကပ်ပြီးတဲ့အခါ ညနေစောင်းလေးမှာတော့ ကိုယ်(တစ်ယောက်တည်း) ထိုင်တွေးနေမိမှာပေါ့။ မင်း......ဘယ်အရပ်...........ဘယ်အိမ်ကိုသွားပြီး မင်းရဲ့ကောက်လှိုင်းစည်းတွေ ဘယ်မှာထားမှာလဲလို့.............။

ကိုယ်ပြန်ခေါ်နေတယ်လေ

နံနက်မိုးသောက်မှာ ကိုယ့်အိမ်တံခါးပေါက်ကို မင်းရောက်လာပြီး သီချင်းဆိုခဲ့တယ်။ ဒီ(အပြုအမှု)ဟာ အိပ်စက်ခြင်းမှ အနှိုးခံရလို့ ကိုယ့်ကို ဒေါ်သဖြစ်စေတယ်။ မင်းကတော့............. အမှတ်မထားဘဲ ပြန်ထွက်သွားခဲ့ပေါ့။ မိုးသောက်ချိန်မှာ မင်းရောက်လာပြန်တယ်။ ရေတောင်း(သောက်)ခဲ့တယ်။ ကိုယ့်အလုပ်ကို အနှောက်အယှက်ဖြစ်စေလို့ မင်းကို ကြိမ်းမောင်းပြစ်တင်ပြီး နှင်လွတ်ခဲ့မိတယ်။ ညဦးပိုင်းမှာတော့ မီးတောက်နေတဲ့ မီးတိုင်(ငယ်)နဲ့အတူ မင်းရောက်လို့လာပြန်တယ်။ မင်းဟာ............ ကြောက်လန့်စရာတစ်ခုလို ကိုယ့်ကို ထင်မြင်စေတဲ့အတွက် ကိုယ့်တံခါးကို ပိတ်လိုက်တယ်။ အခု.....ညသန်းခေါင်မှာ မီးအိမ်မရှိတဲ့ အခန်းထဲ ကိုယ်တစ်ယောက်တည်း ထိုင်ပြီး စော်ကားရိုင်းပျစွာ နှင်လွတ်လိုက်မိတဲ့ မင်းကို ကိုယ်ပြန်ပြီး ခေါ်နေမိတယ်လေ။

SWEETHEART.....


ချစ်သူရေ..............
တို့နှစ်ယောက်ဘယ်လောက်ပဲဝေးစမ်း
ပါစေ
ကြည်လင်ပြာလဲ့နေတဲ့ ကောင်းကင်ကြီးအောက်မှာ
နေ့အချိန်ဆိုရင်
တိမ်တိုက်ကလေးတွေ အဖြစ်နဲ့ဆုံတွေ့ကျမယ်နော်
တို့နှစ်ယောက်ရဲ့ဆုံတွေ့ချင်းအထိမ်းအမှတ်အဖြစ်
လွမ်းဆွတ်မှုမျက်ရည်တွေကို မိုးအဖြစ်ရွာချကြရအောင်
ချစ်သူရေ.............
ညအချိန်ဆိုရင် ကောင်းကင်ကြီးအောက်မှ လင်းလက်တဲ့ကြယ်လေးတွေအဖြစ်
တို့နှစ်ယောက်ခိုးတွေ့ကျမယ်နော်
လမင်းကြီးနဲ့ သီချင်းသံစဉ်နဲ့အတူ ပျော်ရွှင်ကြတာပေါ့
စိတ်ချပါ........တို့နှစ်ယောက်ကိုခြားမဲ့
ဝါးဆစ်သုံးခုလည်းမရှိခဲ့ပါဘူး
အကယ်လို့သာမင်းရောက်မလာခဲ့ရင်
လေပြေလေညင်းလေးလိုဖန်ဆင်းပြီး
ငါ့မင်းအနားအရောက်လာခဲ့မှာပါ
လေပြေလေညင်း မင်းအပါးကိုထိခတ်သွားခဲ့ရင်တော့
မင်းအတွက်ငါ့ရဲ့ အမှတ်တရ အချစ်လက်ဆောင်အဖြစ်မှတ်ယူပေးပါ.........
မင်းအနားမှာ
လေပြေတွေလို ဖန်ဆင်းပြီး
ငါအမြဲရှိနေမှာပါ........... အချစ်လေး

လေးစားထိုက်သူ

ချစ်စကားလေးတွေ ဖွင့်ဟ အနုအလှလေးတွေနဲ့ တန်ဆာဆင်ထားလို့  အံ့သြစွာနဲ့ မေးမိတော့ `စစ်သားမှာလည်း အသည်းနဲ့ ပါ´....တဲ့။ -ဘေးစကားတွေကြောင့် သောကရောက် ယုံကြည်ဖို့ ရာ မ၀င့်ရဲတာမို့  သေချာရဲ့ လား ပြန်မေးမိတော့ `မင်းလေးတစ်ယောက်သာ အချစ်ဆုံးသူပါ´....တဲ့။ -နှလုံးသားကို အပ်နှင်း ဘ၀တစ်ခုကို ပေးဆပ်ရင်းပြီး စိတ်ချလက်ချ ချစ်လိုက်မိတော့ နောက်တစ်ယောက်နဲ့ တွဲ အသည်းခွဲဖို့ ကြံရွယ်တာမို့  ရက်ရက်စက်စက်လုပ်ရက်လေသလားလို့  မရဲတရဲလေး ပြန်မေးမိတော့ `မဖြစ်နိုင်တော့ဘူး..မေ့လိုက်ပါ´......တဲ့ ။ -ဇာတ်လမ်းတစ်ပုဒ်ကို အဆုံးသတ်ဖို့ ကြိုးစား ပရိယာယ်စကားတွေကို ထည်လဲသုံးသွားတဲ့ ဂရုဏာရှင်ကြီး မင်းကိုတော့ လေးစားပါတယ် စစ်သားကြီးရယ်...........။ (ဘယ်သူ့အတွက်မှာ ရည်ရွှယ်ပြီးရေးတာ မဟုတ်ပါဘူးဆိုပြီးတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်လေးကိုကဗျာဖွဲ့ထားတာပေါ့နော် တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ပေးကျဖို့တောင်းပန်ပါတယ်)

တိတ်တခိုး

အဖြူရောင် ကင်းဗက်ပေါ်မှာ ပန်းချီတစ်ချပ် ဆွဲဖို့ ကြိုးစားမိတိုင်း ကိုယ့်လိပ်ပြာက ကိုယ့်ကိုပြန်ဟားတိုက်တယ်....။ မဖြစ်သင့်ဘူးဆိုတဲ့  ဦးနှောက်ရဲ့  စေစားချက်ကို နှလုံးသားက လက်မခံတော့ ငါ့မှာ ခေါင်းငိုက်စိုက်နဲ့ ပေါ့......။ ဝေးနေရတာ မဟုတ်ပေမယ့် နီးစပ်ဖို့ အတွက်လည်း စည်း တစ်ဖက်တစ်ချက်စီမှာလေ..........။ ဂိတ်တံခါး မရှိပေမယ့် မုန်းသွားလေမလားဆိုတဲ့ စိုးစိတ်က နေ့ စဉ်ရက်စက် နှိပ်စက်နေတော့ အချစ်စိတ်တွေကို မျိုသိပ် မင်းလေးနောက်က အရိပ်လိုလိုက်ပြီး လိုအပ်ချက်ကွက်လက်တွေကို ဖြည့်ဆီးခွင့်ရရုံနဲ့ တင်ပဲ ရောင်ရဲနှစ်သိမ့်နေရုံပဲပေါ့........။ သွေးမတော် သားမစပ် ဘာမှမပက်သက်တဲ့ ညီမလေးရေ........ `အစ်ကို´ ဆိုတဲ့  ခေါ်သံအောက်မှာ ငါ့နှလုံးသာက အရည်ပျော်ကျခဲ့ရပြီ...။ တားစည်းမရတဲ့ ခံစားချက်ကို ကဗျာလေးအဖြစ်နဲ့ ပဲ ဖွင့်အန်ထွက်ရင်း တိတ်တစိတ်ရင်မှာ တိတ်တခိုးလေး ချစ်နေမယ်ဆိုတာ ညီမလေးတစ်ယောက်သိနိုင်ပါစေတော့...............။