ညမိုးချုပ်နေပြီ။
ကိုယ့်ကို ထားမသွားပါနဲ့နော်။
ရိုင်းစိုင်းကြမ်းတမ်းမှုတွေကို
ဖြတ်သန်းသွားရမယ့် လမ်းကလေးဟာ
အထီးကျန်မှောင်မဲပြီး
ရှုပ်ထွေးပျောက်ဆုံးနေခဲ့ပေါ့။
မောပန်းနွမ်းနယ်နေတဲ့ ကမ္ဘာမြေကြီးဟာ
တောင်ဝှေးမပါတဲ့ မျက်မမြင်တစ်ယောက်လို
ငြိမ်သက်စွာ လဲလျောင်းနေလေရဲ့။
ကိုယ့်မီးအိမ်ကို ထွန်းညှိဖို့နဲ့
ကိုယ့်ပန်းကလေးတွေ ရွေးသီဖို့
အဲ့ဒီအခိုက်အတန့်လေးကို
နှစ်ကာလာကြာမြင့်စွာ
စောင့်စားခဲ့ရတယ်လို့ ကိုယ်ထင်တယ်။
အခုတော့
ကမ်းခြေမဲ့တဲ့
ပင်လယ်ချောက် နှုတ်ခမ်းဝကို
ခုန်ဆင်းဖို့ ကိုယ်ရောက်နေခဲ့ပြီလေ။
ကိုယ့်ဘာသာ ထာဝရ
အဆုံးရှုံးခံစေပါတော့မယ်။
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
-
*ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေး**ဖက်ဝင်**ပျား**ရည်*
ရှေးလူကြီးများက ပျားရည်ကို “ပန်းပေါင်းတစ်ထောင်” ဟုခေါ်သည်။ ပျားကောင်၏
ခြေချောင်းကလေး ...
1 year ago