အချစ်ကလေး၏ခလုတ်

တစ်နေ့က သူငယ်ချင်းတစ်ယောက်ကပို့လိုက်တဲ့ Fwd mail ကရတာလေးကိုရေးပြီးတင်ပေးလိုက်တာပါ။................. တစ်ခါက ရွာတစ်ရွာတွင် အလွန်အရှက်ကြီးသည့် မိန်ကလေးတစ်ဦးရှိသတဲ့။ အရွယ်ရောက်လာတော့ လူငယ်တို့သဘာဝအတိုင်း မိန်းကလေးမှာလည်း ချစ်သူရည်းစားတစ်ယောက်ရှိလာခဲ့သတဲ့။ တစ်နေ့သောအခါ ချစ်သူနှစ်ဦးတို့ သာယာသည့်မြစ်ကမ်းနံဘေးတစ်နေရာတွင် ချိန်းတွေ့နေကြခိုက် မိန်းကလေးမှာ လေလည်ချင်လာခဲ့သည်။ သို့သော် သူသည်အလွန်အရှက်အကြောက်ကြီးသူဖြစ်သဖြင့် ချစ်သူရှေ့တွင်လေမလည်မိအောင် အောင့်အည်းထားရသည်။ အောင့်ရလွန်းသောကြောင့် သူမ၏ခြေမမှာကွေးပြီးနေသည်။ ထိုခြေမကို မြင်သွားသောချစ်သူအမျိုးသားက “ အချစ်ရဲ့ခြေမက လှရက်သားနဲ့ ဘာလို့ကွေးထားရတာလဲ ” ဆိုကာ ကိုင်ဖြောင့်လိုက်ရာ မိန်းခလေးမှာအောင့်ထားတာမရတော့ဘဲ ကျယ်လောင်သည့်အသံဖြင့် လေလည်ထွက်သွားသတဲ့။ မိန်းကလေးသည် အရှက်လွန်းပြီး မြစ်ထဲခုန်ချသေမည်လုပ်သောကြောင့် အမျိုးသားမှာ ခြေမကိုင်မီလက်မကိုင်မီဖြစ်ပြီး ပျာပျာသလဲတောင်ပန်လိုက်ပုံမှာ “အချစ်ကလေးရဲ့ အီးခလုတ်မှန်းမသိလို့ ကိုယ်ကိုင်မိတာပါ ကိုယ့်ကို ခွင့်လွှတ်ပေးပါ ” ဟုပြောပါသည်။

တိတ်တခိုး

အဖြူရောင် ကင်းဗက်ပေါ်မှာ
ပန်းချီတစ်ချပ် ဆွဲဖို့ ကြိုးစားမိတိုင်း
ကိုယ့်လိပ်ပြာက
ကိုယ့်ကိုပြန်ဟားတိုက်တယ်....။
မဖြစ်သင့်ဘူးဆိုတဲ့ 
ဦးနှောက်ရဲ့  စေစားချက်ကို
နှလုံးသားက လက်မခံတော့
ငါ့မှာ ခေါင်းငိုက်စိုက်နဲ့ ပေါ့......။
ဝေးနေရတာ မဟုတ်ပေမယ့်
နီးစပ်ဖို့ အတွက်လည်း
စည်း တစ်ဖက်တစ်ချက်စီမှာလေ..........။
ဂိတ်တံခါး မရှိပေမယ့်
မုန်းသွားလေမလားဆိုတဲ့ စိုးစိတ်က
နေ့ စဉ်ရက်စက် နှိပ်စက်နေတော့
အချစ်စိတ်တွေကို မျိုသိပ်
မင်းလေးနောက်က အရိပ်လိုလိုက်ပြီး
လိုအပ်ချက်ကွက်လက်တွေကို
ဖြည့်ဆီးခွင့်ရရုံနဲ့ တင်ပဲ
ရောင်ရဲနှစ်သိမ့်နေရုံပဲပေါ့........။
သွေးမတော် သားမစပ်
ဘာမှမပက်သက်တဲ့ ညီမလေးရေ........
`အစ်ကို´ ဆိုတဲ့  ခေါ်သံအောက်မှာ
ငါ့နှလုံးသာက အရည်ပျော်ကျခဲ့ရပြီ...။
တားစည်းမရတဲ့ ခံစားချက်ကို
ကဗျာလေးအဖြစ်နဲ့ ပဲ ဖွင့်အန်ထွက်ရင်း
တိတ်တစိတ်ရင်မှာ
တိတ်တခိုးလေး ချစ်နေမယ်ဆိုတာ
မင်းတစ်ယောက်သိနိုင်ပါစေတော့...............။
မှတ်ချက်။ ဒီကဗျာလေးက ..................ရေးထားတဲ့ကဗျာလေးပါ ကျွန်တော်ကြိုက်လို့ကူးထားတဲ့ကဗျာလေးတစ်ပိုဒ်ပါ အခုပြန်လည်မျှဝေပေးလိုက်တာပါခင်ဗျာ။

မြတ်သောမိခင်

ကိုးလလွယ် ဆယ်လဖွား အသက်ကိုပင် ပဓာနမထားတဲ့ “အမေ”
ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ် ဝါးဖက်တော်က ဆီ၊နှစ်တွေနဲ့ နို့ချိုချိုပေး တိုက်ကျွေးခဲ့တဲ့“အမေ”
သားသမီး လူမမယ် ပညာတွေ ကြွယ်စေဖို့ ကျောင်းထားပေးခဲ့တာလည်း “အမေ”
ဈေးတောင်း ခေါင်းရွှက် အပြုံးမပျက်ဘဲ ကျွေးမွေးပြုစုခဲ့တာလည်း “အမေ”
ပင်ပန်းနည်းမျိုးစုံကြုံနေရသော်လည်း လောကဓံတရား နောက်တွန့်မသွားတဲ့ “အမေ”
အမောဝေးဒနာ ရင်မှာရှိသော်လည်း အပြောကတော့ မမောပါဘူးဆိုတဲ့ “အမေ”
သူမတူပါ လူတကာမှာ ရှာမတွေ့နိုင်တဲ့ မေတ္တာမျိုး နဲ့“အမေ”
အရွယ်ပင် အိုသော်လည်း မေတ္တာပင်ကြီး လဲပြိုမသွားအောင် စောင့်ရှောက်ထားနိုင်တဲ့ “အမေ”
သားသမီးတို့ရဲ့ ဘဝလှပအောင် ခြယ်မှုန်းနိုင်တာလည်း “အမေ”
တိတ်တိတ်လေး ချွေးခိုးသုတ် အမောရုပ်ကို ဟန်လုပ်နိုင်တဲ့ “အမေ”
သားသမီးတွေ အဝကျွေး ကျန်တာလေးနဲ့ တင်းတိမ်တဲ့ ”အမေ”
သားသမီးတွေကို အချောဆင် အကြမ်းဖျင်လေးနဲ့ ရောင့်ရဲ့တဲ့ “အမေ”
သားသမီးတို့၏ စိတ်စရိုက် မကြိုက်သော်လည်း မရိုက်ရက်တဲ့ “အမေ”
ရိုးရိုး အအ အကရာကျအောင် စာစီမပြနိုင်ပေမဲ့ ရင်ထဲမှာ အစိုင်အခဲ ယိုင်လဲမသွားတဲ့ ဂရုဏာ တရားနဲ့ “အမေ”
မကောင်းတာပြစ် ကောင်းရာဖြစ်ဖို့ ရှေ့ဆောင်နည်းပြ ဆုံးမသွန်သင် မြတ်မိခင်ကို အစဉ်သာရိုကျိုး လက်စုံမိုးလို့ ရှိခိုးလျက်ပါ “အမေ”
အသက်ကိုပေး ရဲရဲမွေးခဲ့တဲ့ မြတ်သောမိခင် ကျေးဇူးရှင်နှင့် အတူကမ္ဘာရှိငြား မိခင်များကို ရိုသေစွာ ဂါဝရဖြင့် ထာဝရ ဂုဏ်ပြုလျက်ပါ “အမေ”
မှတ်ချက်။ ဒီဟာလေးကိုရေးထားတာကြိုက်လို့တင်ပေးလိုက်တာပါ ကိုယ်တိုင်ရေးထားချင်းမဟုတ်ပါဘူးခင်ဗျာ။ ဘလော့ဂါ သူငယ်ချင်း ညီအကို မောင်နှစ်မ အားလုံး ကျန်းမာပျော်ရွှင်နိုင်ကျပါစေဗျာ။ အမေကိုသတိတရရှိနေစေချင်လို့ ကြိုက်လို့တင်ပေးလိုက်တာပါ။

မေ့မလွယ်

ကံမကြုံ၍
မဆုံကြရ၊ သည်ဘဝမှာ
ဝေးကြပြီလေ ၊သိ၍နေလည်း
ဖြေသိမ့်မရ၊ အလွမ်းစနှင့်
တမ်းတနေမိ၊ သတိရဆဲ
ရုပ်ရည်မပြောင်း၊ ဓာတ်ပုံဟောင်းကို
နှောင်းတမြေ့မြေ့၊ ထုတ်ကြည့်၍ပင်
မမေ့နိုင်ပေ၊ လွမ်းငွေ့ဝေဆဲ
လှပလက်ရေး၊ ငယ်သေးသေးနှင့်
သူပေးသည့်စာ၊ မြတ်နိုးစွာဖြင့်
ခါခါဖတ်ကြည့်၊တမ်းတမိဆဲ
သူ့လက်ဆောင်ပေး၊ အရုပ်ကလေးကို
ပွေ့ဖက်ယုယ၊တသသဖြင့်
ကာလရှည်လျား ၊သိမ်းဆည်းထားဆဲ
သြော် ကံမကြုံ၍
မဆုံခဲ့ရ၊ဝေးခဲ့ကြလည်း
ဘဝတစ်သက် ၊ မေ့ဖို့ခက်သည်
စိမ်းရက်သူတော့ သိမယ်မထင်၊

နှုတ်ဆက်နိုင်ခဲ့ပြီ

မမျော်လင့်ဘဲ
သူနှင့်ပြန်တွေ့ခဲ့ရသည်။
ပြန်တွေ့ရလည်း
လှိုက်လှဲဝမ်းသာ ၊ ဖြစ်မလာခဲ့။
ရင်နာကြေကွဲ၊ ဝမ်းလည်းမနည်းပေ။
ပြန်လည်တွေ့ဆုံ၊ စိတ်မလုံပဲ
ရင်ခုန်လှုပ်ရှားခြင်းလည်းမရှိ။
တွေ့ကြုံဆုံကွဲ ၊ ဖြစ်မြဲဓမတာ
ဘာဆန်းပါသနည်း။
မလွဲရှောင်သာ ၊တစ်နေရာတွင်
သေချာပါသည် ၊ ပြန်တွေ့မည်ဟု
ယုံကြည့်ထားပြီးသားပါလေ။
သည်အချိန်မှာ ၊ ပြန်တွေ့လာပြီး
ဝမ်းသာစရာ၊ ဖြစ်မလာသလို
ရင်နာစရာ မရှိတော့ပါ။
ကြင်နာမပျက်၊ မိတ်မဖျက်ဘဲ
နှုတ်ဆက်နိုင်ခဲ့ပါပြီလေ။

ဘလော့တစ်နှစ်ပြည့်

တစ်နှစ်ပြည့်အမှတ်တရလေးမှာ ဘလော့ဂါ ညီအကိုမောင်နှစ်မ များအားလုံးပဲ ပျော်ပျော်ရွှင်ရွင် စားသောက်နိုင်ကျပါစေခင်ဗျာ..... ဝအောင်စားသောက်သွားကျပါနော်။ အခုလို ကိုတိုးလေးရဲ့ ဘလော့တစ်နှစ်ပြည့်လေးကို လာလည်ကျတဲ့ ညီအကိုမောင်နှစ်မများအားလုံး ပျော်ရွှင်အဆင်ပြေကျပါစေခင်ဗျာ။ အခုလောလောဆယ်ကိုတိုးလေး ဌာနေပြည်ကြီးကို ပြန်ရောက်နေလို့ ဘလော့တွေကိုပြန်လည်ပြီး လိုက်မလည်နိုင်တာကိုတော့ ခွင့်လွတ်ပေးပါ။ ပြန်လာမှပဲအတိုးချပြီးတော့ လည်ပေးပါ့မယ် ခင်ဗျာအားလုံးပဲ အစစအရာရာအဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ။ ဒါကတော့ ဘလော့ဂါ ကိုကိုတွေ အကြိုက် ဝီစကီလေးပါ..... ဒါကတော့ ဘီယာပါနော် ကြိုက်သလောက်သောက်နော်........... ဒါကတော့ ယိုးဒယားသဘောင်္သီးထောင်းလေးပါနော်။ ဒါကတော့ ယိုးဒယားဟင်းချိုလေးပါ ဒါကတော့ မြန်မာနိုင်ငံမှာဆိုရင်တော့ ခေါက်ဆွဲပေါ့နော်........ဒီမှာတော့ ဖတ်ထိုင်းလို့ခေါ်ပါတယ်။ စားကြည့်အုံးနော်

နွေတပေါင်း........

ရွက်ဟောင်းတွေ ကြွေ
ရွက်သစ်ဝေမဲ့
အခါပြောင်းတဲ့ လတပေါင်းရယ်လို့
သီဆို ဟစ်ကြွေး ကဗျာလေးက
လွမ်းဆွမ်မှုအပေါင်း သီဆိုညောင်းတဲ့
လတပေါင်းရယ်လို့ တင်စားခေါ်ဝေါ်
လေပြေညှင်းလေး တိုက်ခိုက်ရင်းနဲ့
ခံစားရက်ပေါင်းလွတ်မြောက်ပါစေကြောင်းကို
လတပေါင်းရယ်လို့တိုင်တယ်
အညာနွေရယ်လို့ ပူပြင်းခြောက်သွေ့
ရွက်ခြောက်သွေ့တဲ့ လွမ်းဆွေးမှုကောင်းတဲ့
လေပြေညှင်းနဲ့ ခံစားချက်တွေနဲ့
ပူပြင်းလှတဲ့ နွေလည်ညရဲ့
ညသန်းခေါင်မှာ
တိတ်ဆိတ်ခြောက်ချား ငါ့ဘဝအား
မင်းလုပ်ရက်တာလား
နွေမှာတွေ့ပြီး နွေမှာလွမ်းရမယ်ဆိုရင်တောင်မှာ
ပူပြင်းလှတဲ့နွေမှာ အလွမ်းသမားတော့
မဖြစ်ပါရစေနဲ့
နုးညံလှတဲ့ခံစားချက်နဲ့
တပေါင်းလမှာလွမ်းဆွေးရမယ့်
အလွမ်းသမားတော့ မဟုတ်ပါဘူး။

ကျွန်တော်ကြိုက်မိတဲ့ကဗျာလေးများ

ကျွန်တော်ကြိုက်တဲ့ကဗျာလေး သုံးပိုဒ်ကိုတင်ပေးလိုက်ပါတယ်။ ကျွန်တော့်ကဗျာတစ်ပိုဒ်ရယ် ကိုသီဟညိမ်းအရင်က ရေးထားတဲ့ကဗျာလေးကိုကြိုက်လို့ကူးထားတဲ့တစ်ပိုဒ်ရယ် မပန်းခရေဆီက ကဗျာတစ်ပိုဒ်ရယ်ကို တင်ပေးလိုက်ပါတယ်ချင်ဗျာ။ ဒါကတော့ ကိုသီဟညိမ်းရေးတဲ့ကဗျာလေးပါ အခုတော့သူ ဘလော့မရေးတော့ပါဘူးခင်ဗျာ။
ကိုယ်ပိုင်ကမ္ဘာလေး
စံပယ်တွေက ဖွေးဖွေး
နှင်းဆီတွေကရောင်စုံ
ပန်းပေါင်းစုံအချစ်ဂေဟာ
မချစ်တတ်သူများမ၀င်ရ
အချစ်ငတ်သူများ မ၀င်ရ
ချစ်တတ်သူများသာဝင်ရမည်...။
ရေတမာ နဲ့ ဗာဒံပင်တွေဝိုင်း
စိမ့်ချမ်းအေးမြလေပြေအလှနဲ့
ငှက်တေးသံကတစီစီ
အာရုဏ်ဦးရဲ့နံနက်တိုင်း
ချစ်သူ ရဲ့မေတ္တာပို့သံလေး
အချစ်အိမ်လေးမှာ ပျံ့  နှံ့နေတယ်...။
ရေထမ်းပုံးက ဘယ်ညာ
ပုဆိုးကခပ်တိုတိုနဲ့
နံနက်တိုင်းရေလောင်းတဲ့မောင်
ပန်းတို့ရဲ့အရှင် သခင်မက
နှင်းဆီတလှည့် စံပယ်တလှည့်
ကေသာဦးမှာ နေရာယူစမြဲပဲလေ...။
နှင်းဆီအလှ စံပယ်အလှနဲ့
ကြည်လင်ရွှန်းပ ချစ်သူမျက်ဝန်းမှာ
နစ်မျောနေမိငေးကြည့်တတ်တဲ့ဒီမောင်
နံနက်ခင်းရဲ့လေပြေကိုတောင်
မနာလိုသ၀န်တိုမိတယ်
ချစ်သူက လှပနေတယ်လေ...။
ပဲပြုတ်နဲ့ထမင်းဆီဆမ်း
ဘူးသီးကြော် နဲ့ ခရမ်းချဉ်သီးထောင်း
မပြောင်းလဲတဲ့မေတ္တာတွေနဲ့
ချစ်သူ ခူးခပ်ပေးတဲ့နံနက်စာ
ကမ္ဘာကျော်စားသောက်ဆိုင်က
ဟင်းတွေထက် သာတယ်...။
ပန်းရနံ့နဲ့အိပ်ယာထတတ်တဲ့
ချစ်သူရေ.....
နှစ်သစ်နဲ့အတူ ကျန်းမာစေကြောင်း
ပျော်ရွှင်စေကြောင်း ဆုမွန်တောင်းရင်း
ဒီမောင်ကတော့ ဘုရားဝတ်ပြု
ဆုတောင်းမပျက် ရှိနေလျှက်ပါပဲကွယ်...။ ။
ဒါကတော့ မပန်းခရေ ရေးထားတဲ့ကဗျာလေးပါ အခုတော့သူနေမကောင်းဖြစ်နေပါတယ်။
သဘောတရားတွေကြားက အရူးတယောက်အကြောင်း
ငါ့အတွေးတွေ အားလုံးမမြင့်မားဘူး
ဒါပေမဲ့ ………………
မနိမ့်ကျဘူး
နိယာမသဘောတရားတွေ
နားမလည်ဘူး
ခံယူချက် သည်းခံမှု စိတ်နေစိတ်ထား
တည့်မှန်အောင် မထားနိုင်သေးဘူး………
အဲဒီအချိန်
ယုံကြည်မှုကောင်းကင်းကြီးက
တဖြည်းဖြည်း ပြိုလဲလာလိုက်တာ
သစ္စာရှိတဲ့
သဘာဝတရားက
ငါ့ကို မဲ့ပြုံးနဲ့ ကြည့်လို့………….
တကယ်တော့
ထောင့်မကျိုးတဲ့ ဒုလုံးရှည်
လောကကြီးရဲ့ သဘောတရားနဲ့
လူတွေရဲ့ အတ္တမာန
သဘာဝတရားကိုနားမလည်ဘဲ
နားလည်ချင်ယောင်ဆောင်နေတဲ့
လူသားတယောက်……..
အဲဒါက ငါ
ဖြစ်မှန်းမသိ ဖြစ်လာတာ
သမုဒ္ဓယတွေကို
ဇွတ်အခါခါ ခေါင်းခါရင်း……………….
ဒီလိုနဲ့ ငါဟာ
မင်းနဲ့ ရင်ဘက်ချင်းကြိုးညှိရင်း
ရင်ခုန်သံချင်းထပ်တူကျဖို့
ကြိုးစားနေတဲ့
အရူးတကောင်ဖြစ်ခဲ့……….
ဒါကတော့ ကျွန်တော်ရေးထားတဲ့ကဗျာလေးပါ...............
ဟန်ဆောင်ကောင်းကင်
ထွန်းလင်းနေတဲ့ လမင်းကို
တကယ်ကောချစ်ရဲ့လား
ဟန်ဆောင်ခြင်းဆိုရင်
လမင်းကရော လင်းလက်ဦးမှာလား
ဖုံးကွယ်ထားလိုက်ပါ ကောင်းကင်
မင်းရင်ထဲမှာလည်း
ငါ့ချစ်ခြင်းတွေ
လင်းလက်နိုင်ပါ့မလား
ဟန်ဆောင်ခြင်းတွေနဲ့
နှစ်သိမ့်ပေးနေတယ်ဆိုရင်လည်း
မင်းရဲ့ဥပက္ခာပြုမှုတွေကိုပဲ
ကျေနပ်စွာခံယူလိုက်ပါ့မယ်
အဲဒါ ကမ္ဘာပျက်မှာထက်
မင်းရဲ အမုန်းတွေကို ငါပိုကြောက်နေလို့
ချစ်သူ....။

မိုးရေစက်လိုအချစ်မျိုး

စောင့်စည်းမှုကို မသိသော
တစ်ခဏအတွင်း ခွက်ကိုကွဲအက်စေပြီး
ယိုဖတ်လျှံကျစေသော
အမြှုပ်တစီစီနှင့် ဝိုင်အရက်လိုအချစ်မျိုးသည်
ကိုယ့်အတွက် မဟုတ်။
ရေငတ်နေသော ကမ္ဘာ ကြီးကို
ကောင်းချီးပေးပြီး
အိမ်သုံးမြေအိုးတို့ကို ရေပြည့်စေသော
အေးမြကြည်လင်သည့်
သင်၏ မိုးရေစက်လိုအချစ်မျိုးကိုသာ
ကိုယ့်အား ပေးပို့ပါလော့။
လူ့လောက၏ အလယ်ဗဟိုကို
စိမ့်ဝင်စေမည့်
မမြင်တွေ့နိုင်သော အားဖြည့် သစ်ဆေးရည်ကဲ့သို့
ဘဝသစ်ပင်၏ အကိုင်းအခက်များကို
ပျံ့နှံ့စီးဝင်စေပြီး အသီးအပွင့်များကို
ဖူးပွင့်သီးစေသော အချစ်မျိုးကိုသာ
ကိုယ့်အား ပေးပို့ပါလော့။
နှလုံးသားကို ငြိမ်သက်စေပြီး
ငြိမ်းချမ်းမှုအပြည့်ရှိသော
အချစ်မျိုးကိုသာ
ကိုယ့်အားပေးပါလော့။
p.s အရင်တင်ပြီးသားကဗျာလေးကိုပြန်ပြီးတော့ တင်ပေးလိုက်တာပါ အားလုံးပဲ အဆင်ပြေပျော်ရွှင်ချမ်းမြေ့ကျပါစေခင်ဗျာ။

ကျောင်းပိတ်ချိန်

ကောင်းကင်ပြာရဲ့ တစ်မိုးယံအောက်
အတူတူတွဲကာ တက်ခဲ့ကြသည့်
ကျောင်းကြီးအလယ်မှာ သူငယ်ချင်းများ
ဂိန်မာရဲ့ နွေနေပူမှာ
ဝသာန်ရဲ့ မိုးစက်တွေအောက်
အတူတွဲကာ လျှောက်ပြီး
ပျော်ရွှင်စွာပင် ပညာသင်
ရင်းနှီးစွာ တွဲခဲ့ကြသည့်
major စုံမှ သူငယ်ချင်းများ
ကာလတွေပြောင်း
ဟေမာန်ဆောင်းအကူး
ခေါင်းလောင်းသံဆိတ်
ကျောင်းကြီးပိတ်ချိန်
အလွမ်းတွေပွေ့ဖက်
ကျောင်းပိတ်ရက် တခဏတာ
မခွဲချင်လည်း ခွဲရဦးမယ်
သူငယ်ချင်းတို့ရယ်
p.s သူငယ်ချင်းတစ်ယောက်ရေးပို့ပေးလိုက်တာပါ ကျောင်ပိတ်ချိန်လေးနဲ့တိုက်ဆိုင်နေလို့ တင်ပေးလိုက်တာပါ။