ကွဲအက်ဆို့သီး ခရီးတစ်ထောက်
နာနာကျင်ကျင် ရောက်ခဲ့ပြီကွယ်။
စီရီပြွတ်သိပ် မြို့ ပြရိပ်ထဲ
ညလဲလင်းလင်း နေ့ခင်းပမာ
ဆန်ရင်းစုန်ကြ
ငါတော့ မပျော်လှပါဘူးကွယ်။
ခုနေမှာတော့...
လရောင်ခိုးဝှက် အိပ်ပျက်ညတို့
လမ်းစတစ်ဆုံး အမှောင်ဖုံးလဲ
မိုးရဲလို့ဆောင်းရဲ
ပြုံးနေရဦးမှာပဲကွယ်။
သူငယ်ချင်းတို့ရယ်
(ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော)
ချစ်ခင်သူနှင့် ကွေကွင်းရခြင်းဆင်းရဲ
ရင်ထဲမကောင်းလှပါဘူးကွယ်။
ခေါင်းကိုက်တိုင်း စိတ်ပူစရာလိုပါလား
-
ခေါင်းကိုက်တိုင်း စိတ်ပူစရာလိုပါလား
ဒေါက်တာဥမ္မာစော
၁။ ကျွန်မတို့အားလုံး ခေါင်းကိုက်ဝေဒနာကို တစ်ခါမဟုတ် တစ်ခါတော့
ခံစားဘူး ကြပါတယ်။ ပါရာစီတမော့ ...
4 days ago
4 comments:
ကဗျာလေး လာဖတ်တယ်။
ကွေကွင်းရခြင်းဆင်းရဲမှ ကင်းဝေးနိုင်ပါစေ
http://winzaw-mdy.blogspot.com
ချစ်ခင်သူနှင့် ကွေကွင်းရဆင်းရဲခြင်းမှ ကင်းလွတ်ရပါလို၏.....
ကဗျာလေးက ဘယ်လိုလေးလဲမသိဘူး။ သဘောကျချင်စရာလေး။ စီရီပြွတ်သိပ် မြို့ ပြရိပ်ထဲ
ညလဲလင်းလင်း နေ့ခင်းပမာ ဆန်ရင်းစုန်ကြ ဆိုတဲ့နေရာက သုံးထားတဲ့ပုံလေး အကြိုက်ဆုံးပဲ။
ကဗျာရေးသူ အမည် ညိမ်းညိုပါ ခင်ဗျာ။
ကျေးဇူးတင်ပါတယ်။
http://nyeinnyo.blogspot.com/2008/12/blog-post_12.html
Post a Comment