ကျောင်းက ဆရာများနေ့လေးပါ






ကျွန်တော်တို့ကျောင်းမှာ မနက်ဖြန်ပေါ့လေ 3/7/2008ရက်ပေါ့နော် ထိုင်းလိုဆိုရင်တော့ 3/7/2551 ပေါ့လေ ဒါကထိုင်းနှစ်ကိုပြောတာပါ။ မနက်ဖြန်မှာကျွန်တော်တို့ ဆရာတွေကို ကန်တော့ကျမယ်လေ ကျောင်းမှာရှိတဲ့ ကျောင်းသူ/သား တွေအားလုံးစုပေါင်းပြီးတော့ ဆရာကန်တော့ကျမှာပါ... ဒီလိုပွဲလေးတွေ မြင်ပြန်တော့လည်း မြန်မာနိုင်ငံက ဆရာကန်တော့ပွဲလေးကို အမှတ်ရလိုက်တာနော်........... ဒါကတော့လည်းသူ့နေရာနဲ့သူ ရှိကျတာပဲလေဗျာ... အခုလုပ်ထားတာက ဆရာတွေကိုကန်တော့ဖို့ရာအတွက် ပန်းတွေနဲ့အလှဆင်ပြီးတော့ ကန်တော့တာပါ။ ကျောင်းမှာက အလုပ်ကများတယ်ဗျာ... မြန်မာတွေဆိုပေမဲ့လည်းနေရာတစ်က သူတို့လုပ် သလိုလိုက်လုပ်နေရတယ်။ ဒါပေမဲ့ကိုယ်သိချင်တာလေးတွေသိလာတာပေါ့ဗျာ....။ အားလုံးသော ဘလော့ဂ် ညီအစ်ကိုမောင်နှစ်မများ ပျော်ရွှင်ကျပါစေဗျာ။

1 comments:

Anonymous said...

ထိုင်းက အယူက မြန်မာတွေနဲ့  သိပ်တော့မကွာဘုးနော့် ရက်ကြီးခါကြီးဆို လူကြီးမိဘတွေကို အရိုသေပေးကြတာလေးကတော့ ချစ်စရာ ဓလေ့ တစ်ခုပါပဲ ။