ဘာလိုခေါင်းစဉ်တပ်ရမလည်းမသိလို့ပါ။

  • အချိန်လေးရတုန်း..
  • တက်လိုက်မယ် Online
  • စာကြည့်ချိန်လေး ..လုယက်ပြီး
  • ထိုင်ဦးမယ် Chatting
  • စာမေးပွဲကြီးနီးလာပြီ
  • ဘဲဥ မစား..
  • supply ကြောက်လို့ C plus လည်းရှောင် ။
  • တစ်နေ့ ဘုရား 10ခါရှိခိုးကာ
  • Gtalk တက်လို့ ညည်းချင်းရယ်ဆို ...။
  • စာမေးပွဲက မနက်ဖြန်
  • ဟိုစာရွက် ကူး .. ဒီစာရွက်လှန်
  • notes မရှိလို့ မိတ္တူဆိုင်ပြေး
  • one subject one night လုပ်တာ
  • စာကြည့်စားပွဲထိုင်..
  • ထိုင်မယ်ကြံယုံရှိသေး
  • ဟို့နေ့က ကြိုးစားထားသမျှ...
  • ဒီနေ့တော့ အိပ်ငိုက်နေပြီမို့
  • ခဏလေးတစ်ရေးမှေးမယ်ကြံ ။
  • ကြံယုံပဲ ရှိသေး အိပ်ပျော်သွားပြီမို့ ....
  • တစ်မိုးသောက်ခဲ့ပြန်ပြီ ။
  • ခြေဖျားတွေ လက်ဖျားတွေအေး..
  • အိမ်သာပြေးချင်သလိုလို
  • စိတ်ထဲရယ် ကတုန်ကရင်..
  • ဘယ်လိုဖြေရပါ့လိမ့် ။
  • စာမေးပွဲခန်းဝယ်...
  • ထိုင်ခုံမှာထိုင် မေးခွန်းကိုသေချာကြည့်
  • သေချာသိတာ ဘာမှာမရှိ။
  • အားမလျှော့လေနဲ့.....
  • ဘေးနားကလူကိုကြည့်
  • သူလည်းသိတာဘာမှာမရှိ။
  • အော်... ကိုယ်လို သူလို အတူတူမို့
  • ဖြီးဖြန်းဖို့ကိုပြင်
  • မေးခွန်းတောင် နားမလည်တော့
  • အကျိုးရှိရန် အိပ်ဖို့သာပြင်လေတော့
  • မျှော်လင့်ချက်ရယ် မရှိ
  • သစ္စာစကားသုံးခွန်းသာဆို
  • စာမကျက်ချင်တာအမှန်
  • chatting ထိုင်တာလည်း ဟုတ်၏
  • ဘာမှမရတာ သေချာပါသည် ။
  • ဤမှန်သောသစ္စာ စကားသုံးခွန်းကြောင့်
  • နောင်အခါတွင်...
  • ဘေးနားကလူ စာရပါစေသတည်း.....

3 comments:

ရွှေပြည်သူ (ShwePyiThu) said...

ဘာပဲဖြစ်ဖြစ် စာမေးပွဲဖြေနိုင်ပါစေ မောင်လေးရေး))

Anonymous said...

ဟားဟား...တကယ်အဲ့လိုကြီးဖြစ်နေတာလားး :)

mgthonnya said...

ဟဟ..ဘေးနားကလူစာရပါစေဗျား...ကူပြီးဆုတောင်းပေး
ပါတယ်။(ဘ၀တူချင်းတွေကိုယ်ချင်းစာပါတယ်):D