တစ်စုံတစ်ယောက်ပြောတယ်
'ဝေဒနာ ကို
သေရာပါတဲ့အထိ ယူမသွားပါနဲ့.....တဲ့
ဒါပေမဲ့..........ခုထိတော့
ဆိုးရွားလှတဲ့ အိပ်မက်တွေက
အိပ်စက်ခြင်းကိုတားဆီး
အပူမီးတွေ လောက်မြိုက်နေရဆဲပါပဲ............။
တစ်စုံတစ်ယောက်ကပြောတယ်
(သူ့ထက်) သာသူနဲ့ဆုံးစည်းပြီး
ပျော်ရွှင်တဲ့ချစ်ခရီးကို
လျှောက်လမ်းနိုင်မှာပါ.......တဲ့
ဒါပေမဲ့...........ခုထိတော့
အတောမသတ်နိုင်တဲ့ စွဲလမ်းမှုတွေနဲ့
မင်းမှမင်း ဖြစ်နေဆဲပါပဲ..........။
အာသီးရောင်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ထိပ်ကပ်နာရောဂါ
-
အာသီးရောင်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ထိပ်ကပ်နာရောဂါ
ဒေါက်တာလွင်သန့်
နှား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ရောဂါတွေနဲ့ ပက်သက်ပြီး
အာသီးရော...
4 days ago
3 comments:
အမှန်တကယ်တော့လေ လူတွေဟာ ခရီးတစ်ခုကို သွားနေသလိုပေါ့ ။ ခရီးသွားဖော်တွေအများကြီးတွေ့နိုင်တယ်လေ။ ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူတွေလည်း တွေ့မှာပဲ။ အဲ့ထဲမှာမှ ချစ်သူဆိုတာ ခရီးကို အတူလက်တွဲသွားချင်တဲ့ ခရီးဖော်ပါ။ ခရီးသွားဖော်ဆိုတော့ ခရီးမှာ အတူသွားတဲ့အခါ လက်တွဲညီမှ ဖြစ်မှာပေါ့။ လက်တွဲညီမှ ခရီးဆုံးကို ရောက်မှာပေါ့နော်.............
ကိုတိုးရေ
အချစ်ဆိုတာ မခိုင်မြဲပါဘူး
ကိုယ့်အကြိုက်နဲ့ မကိုက်ညီရင်
သူ့အကြိုက်ကို ကိုယ်ကမလိုက်လျောနိုင်ရင်
သူ့သဘောသူဆောင်ပြီး
ပျက်စီးသွားတတ်တာမျိုးပါ။
တပ်ခ်ျမဟာလိုအဆောက်အအုံမျိုး
ဆောက်မပေးနိုင်ပေမယ့် ကိုယ့်ချစ်သူကို
အမြဲတမ်းပဲ အ၀တ်အစားအသုံးအဆောင် အသစ်တွေကို မရိုးမထပ်အောင် စီစဉ်ပေးနိုင်တဲ့ ဂရိသူဌေးကြီး အိုနာစစ်လို အချစ်မျိုးရှိတယ်ဆိုတာကိုတော့ လက်တို့ပြီး ပြောလိုက်ပါရစေ .....
ခင်မင်လျက်
ဝင်းဇော်
မင်းမှမင်းပဲ
ဖြစ်နေဆဲပါပဲ...
စွဲလမ်းမှုတွေအတောသတ်နိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်..
ပျော်ရွှင်အဆင်ပြေပါစေ
Post a Comment