ကဗျာလေး တစ်ပိုဒ်ပါ

ဒဏ်ရာဗလပွနဲ့ အဆိပ်သင့်နေတဲ
့ငါ့နှလုံးသားကို
စာနာမှုအပြည်နဲ
့ဖြေဆေးပေးခဲ့သူက မင်းလေ...၊

လမ်းမပေါ်မှာလမ်းပျောက်နေတုန်း
မင်းကမ်းပေးတဲ့ လက်တစ်ဖက်နဲ
့အသက်ဆက်ခဲ့ ရသူက ငါပေါ့...၊
သေဒဏ်ချခံထားရတဲ
့ငါ့နှလုံးသားက
ဓါးသွားထက်ကပျားရည်တစ်စက်လို
မင်းအချစ်တွေကို စုံမက်နေမိရဲ့ ..၊
သဲ: ကံကြမ္မာမုန်တိုင်းရဲ့ ရက်စက်မှုကြောင့်
့်ပြိုကျသွားတဲ့ အိပ်မက်မြို့ ဟောင်းထဲက
တစ္ဆေတစ်ကောင်ရဲ့ 
စူးရှရှအော်သံတွေကြောင့်
ငါထိတ်လန့် မိတိုင်း
သံသယမျက်လုံးတွေနဲ့ ကြည့်တတ်တဲ့ 
မင်းကိုလည်း
အပြစ်မတင်ရက်ခဲ့ ပါဘူး...၊
အတိတ်တွေသာ အရိပ်လိုလိုက်မလာခဲ့ ရင်
မင်းကို နာကျင်စေမိမှာမဟုတ်ဘူး..၊
ခွင့်လွှတ်ဖို့  မတောင်းဆိုရဲပေမယ့်
နားလည်ပေးစေချင်တာတော့ အမှန်ပါ..၊
သဲ: ဝေဒနာတစ်စုံတစ်ရာကိုကုစားဖို့ 
ခုတုံးလုပ် အသုံးချ
မင်းကို........အစားထိုးခဲ့ တာ မဟုတ်ရပါဘူး...၊
ကျိန်စာသင့်နှလုံးသားတစ်စုံက
မင်းအတွက်
အသစ်တဖန်ပြန်လည်ရှင်သန်လာခဲ့တာပါ..ချစ်သူရယ်....

2 comments:

Welcome said...

ကဗျာကောင်းလေးတစ်ပုဒ်ပါ။
အချစ်ကြောင့် ရင်ခုန်ကြည်နူးနိုင်ပါစေ
ရင်တုန်ပန်းတုန် မဖြစ်ပါစေနဲ့ .. ..

ပါဂနာ said...

“ညီလေး” ရေ...

ဖွင့်ထုတ်လိုက်. ဖွင့်ထုတ်လိုက်.

ရင်ထဲ “ပေါ့” သွားတာပေါ့...


ပျော်ရွှင်ပါစေ