SWEETHEART.....


ချစ်သူရေ..............
တို့နှစ်ယောက်ဘယ်လောက်ပဲဝေးစမ်း
ပါစေ
ကြည်လင်ပြာလဲ့နေတဲ့ ကောင်းကင်ကြီးအောက်မှာ
နေ့အချိန်ဆိုရင်
တိမ်တိုက်ကလေးတွေ အဖြစ်နဲ့ဆုံတွေ့ကျမယ်နော်
တို့နှစ်ယောက်ရဲ့ဆုံတွေ့ချင်းအထိမ်းအမှတ်အဖြစ်
လွမ်းဆွတ်မှုမျက်ရည်တွေကို မိုးအဖြစ်ရွာချကြရအောင်
ချစ်သူရေ.............
ညအချိန်ဆိုရင် ကောင်းကင်ကြီးအောက်မှ လင်းလက်တဲ့ကြယ်လေးတွေအဖြစ်
တို့နှစ်ယောက်ခိုးတွေ့ကျမယ်နော်
လမင်းကြီးနဲ့ သီချင်းသံစဉ်နဲ့အတူ ပျော်ရွှင်ကြတာပေါ့
စိတ်ချပါ........တို့နှစ်ယောက်ကိုခြားမဲ့
ဝါးဆစ်သုံးခုလည်းမရှိခဲ့ပါဘူး
အကယ်လို့သာမင်းရောက်မလာခဲ့ရင်
လေပြေလေညင်းလေးလိုဖန်ဆင်းပြီး
ငါ့မင်းအနားအရောက်လာခဲ့မှာပါ
လေပြေလေညင်း မင်းအပါးကိုထိခတ်သွားခဲ့ရင်တော့
မင်းအတွက်ငါ့ရဲ့ အမှတ်တရ အချစ်လက်ဆောင်အဖြစ်မှတ်ယူပေးပါ.........
မင်းအနားမှာ
လေပြေတွေလို ဖန်ဆင်းပြီး
ငါအမြဲရှိနေမှာပါ........... အချစ်လေး

1 comments:

Anonymous said...

တစ်ခါမှမရေးဖူးတဲ့ အချစ်ကဗျာတွေရေးပုံထောက်တော့ ဧကန်နတော့ ဧကန်နပဲဗျို့း)