တိတ်တခိုး

အဖြူရောင် ကင်းဗက်ပေါ်မှာ ပန်းချီတစ်ချပ် ဆွဲဖို့ ကြိုးစားမိတိုင်း ကိုယ့်လိပ်ပြာက ကိုယ့်ကိုပြန်ဟားတိုက်တယ်....။ မဖြစ်သင့်ဘူးဆိုတဲ့  ဦးနှောက်ရဲ့  စေစားချက်ကို နှလုံးသားက လက်မခံတော့ ငါ့မှာ ခေါင်းငိုက်စိုက်နဲ့ ပေါ့......။ ဝေးနေရတာ မဟုတ်ပေမယ့် နီးစပ်ဖို့ အတွက်လည်း စည်း တစ်ဖက်တစ်ချက်စီမှာလေ..........။ ဂိတ်တံခါး မရှိပေမယ့် မုန်းသွားလေမလားဆိုတဲ့ စိုးစိတ်က နေ့ စဉ်ရက်စက် နှိပ်စက်နေတော့ အချစ်စိတ်တွေကို မျိုသိပ် မင်းလေးနောက်က အရိပ်လိုလိုက်ပြီး လိုအပ်ချက်ကွက်လက်တွေကို ဖြည့်ဆီးခွင့်ရရုံနဲ့ တင်ပဲ ရောင်ရဲနှစ်သိမ့်နေရုံပဲပေါ့........။ သွေးမတော် သားမစပ် ဘာမှမပက်သက်တဲ့ ညီမလေးရေ........ `အစ်ကို´ ဆိုတဲ့  ခေါ်သံအောက်မှာ ငါ့နှလုံးသာက အရည်ပျော်ကျခဲ့ရပြီ...။ တားစည်းမရတဲ့ ခံစားချက်ကို ကဗျာလေးအဖြစ်နဲ့ ပဲ ဖွင့်အန်ထွက်ရင်း တိတ်တစိတ်ရင်မှာ တိတ်တခိုးလေး ချစ်နေမယ်ဆိုတာ ညီမလေးတစ်ယောက်သိနိုင်ပါစေတော့...............။

5 comments:

ရွှေပြည်သူ (ShwePyiThu) said...

“သွေးမတော် သားမစပ်
ဘာမှမပက်သက်တဲ့ ညီမလေးရေ...
`အစ်ကို´ ဆိုတဲ့  ခေါ်သံအောက်မှာ
ငါ့နှလုံးသားက အရည်ပျော်ကျခဲ့ရပြီ...။”

အရမ်းသဘောကျမိပါတယ်။ ကဗျာထဲက ညီမလေးလည်း သိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Welcome said...

ကျွန်တော့်အဖြစ်နဲ့ကလည်း တူလိုက်တာဗျာ
သူမကိုလည်း ဖတ်စေချင်ပေမယ့်လည်း
သူက စိတ်နည်းကြီးတယ်ဗျာ..
ဝင်းဇော်

မသက်ဇင် said...

ခံစားရလေစာကောင်းပေကောင်းထွက်လေတဲ့ ဆက်ခံစားပါ။

ခင်မင်လျက်
မသက်ဇင်

ပါဂနာ said...

တိတ်တခိုး လေး

ဘယ်သူမှ မသိအောင် ခံစားသွားပါတယ်

အားပေးလျှက်

သက်ထွန်းညိမ်း said...

“သွေးမတော် သားမစပ်
ဘာမှမပက်သက်တဲ့ ညီမလေးရေ...
`အစ်ကို´ ဆိုတဲ့  ခေါ်သံအောက်မှာ
ငါ့နှလုံးသားက အရည်ပျော်ကျခဲ့ရပြီ...။”
အဲဒီစာသားလေးကိုအရမ်းကြိုက်တယ်ခင်ဗျာ ....
ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ......။။။။