- အချိန်လေးရတုန်း..
- တက်လိုက်မယ် Online
- စာကြည့်ချိန်လေး ..လုယက်ပြီး
- ထိုင်ဦးမယ် Chatting
- စာမေးပွဲကြီးနီးလာပြီ
- ဘဲဥ မစား..
- supply ကြောက်လို့ C plus လည်းရှောင် ။
- တစ်နေ့ ဘုရား 10ခါရှိခိုးကာ
- Gtalk တက်လို့ ညည်းချင်းရယ်ဆို ...။
- စာမေးပွဲက မနက်ဖြန်
- ဟိုစာရွက် ကူး .. ဒီစာရွက်လှန်
- notes မရှိလို့ မိတ္တူဆိုင်ပြေး
- one subject one night လုပ်တာ
- စာကြည့်စားပွဲထိုင်..
- ထိုင်မယ်ကြံယုံရှိသေး
- ဟို့နေ့က ကြိုးစားထားသမျှ...
- ဒီနေ့တော့ အိပ်ငိုက်နေပြီမို့
- ခဏလေးတစ်ရေးမှေးမယ်ကြံ ။
- ကြံယုံပဲ ရှိသေး အိပ်ပျော်သွားပြီမို့ ....
- တစ်မိုးသောက်ခဲ့ပြန်ပြီ ။
- ခြေဖျားတွေ လက်ဖျားတွေအေး..
- အိမ်သာပြေးချင်သလိုလို
- စိတ်ထဲရယ် ကတုန်ကရင်..
- ဘယ်လိုဖြေရပါ့လိမ့် ။
- စာမေးပွဲခန်းဝယ်...
- ထိုင်ခုံမှာထိုင် မေးခွန်းကိုသေချာကြည့်
- သေချာသိတာ ဘာမှာမရှိ။
- အားမလျှော့လေနဲ့.....
- ဘေးနားကလူကိုကြည့်
- သူလည်းသိတာဘာမှာမရှိ။
- အော်... ကိုယ်လို သူလို အတူတူမို့
- ဖြီးဖြန်းဖို့ကိုပြင်
- မေးခွန်းတောင် နားမလည်တော့
- အကျိုးရှိရန် အိပ်ဖို့သာပြင်လေတော့
- မျှော်လင့်ချက်ရယ် မရှိ
- သစ္စာစကားသုံးခွန်းသာဆို
- စာမကျက်ချင်တာအမှန်
- chatting ထိုင်တာလည်း ဟုတ်၏
- ဘာမှမရတာ သေချာပါသည် ။
- ဤမှန်သောသစ္စာ စကားသုံးခွန်းကြောင့်
- နောင်အခါတွင်...
- ဘေးနားကလူ စာရပါစေသတည်း.....
ခေါင်းကိုက်တိုင်း စိတ်ပူစရာလိုပါလား
-
ခေါင်းကိုက်တိုင်း စိတ်ပူစရာလိုပါလား
ဒေါက်တာဥမ္မာစော
၁။ ကျွန်မတို့အားလုံး ခေါင်းကိုက်ဝေဒနာကို တစ်ခါမဟုတ် တစ်ခါတော့
ခံစားဘူး ကြပါတယ်။ ပါရာစီတမော့ ...
3 days ago
3 comments:
ဘာပဲဖြစ်ဖြစ် စာမေးပွဲဖြေနိုင်ပါစေ မောင်လေးရေး))
ဟားဟား...တကယ်အဲ့လိုကြီးဖြစ်နေတာလားး :)
ဟဟ..ဘေးနားကလူစာရပါစေဗျား...ကူပြီးဆုတောင်းပေး
ပါတယ်။(ဘ၀တူချင်းတွေကိုယ်ချင်းစာပါတယ်):D
Post a Comment