ငါဟာ…..
လေနှင်ရာ လူးလွင့်နေတဲ့
ငှက်တစ်ကောင်လို
ပျံသန်းချင်ရာ ပျံသန်း
ပျော်ပါးချင်ရာ ပျော်ပါး
အတောင်ညောင်းချိန်
ခဏတာ ပြန်လာနားခိုရာဖြစ်တဲ့
မင်းရဲ့ သစ်ပင်အိုမှ မဟုတ်တာလေ….။
ငါဟာ…..
လေပြေနဲ့အတူ
ကျီ်စယ် ဆော့ကစားခံရပြီး
မုန်တိုင်းဝင်မွှေ့ခံရတဲ့
မင်းရဲ့ ကမ်းနားသစ်ပင်မှ မဟုတ်တာလေ…။
ငါဟာ…..
မင်းရွှေ့ကစားချင်တိုင်းကစား
ထားချင်တိုင်းထားခံရတဲ့
နယ်ရုပ်လေး တစ်ရုပ်မှ မဟုတ်တာလေ…။
ဒီကဗျာလေးကတော့ကျွန်တော်ဘလော့တစ်ခုကနေယူထားတာပါ အဲ့ဘလော့ရဲ့မှုရင်းလိပ်စာလေးကိုပါတွဲပြီးတော့တင်ပေးလိုက်ပါတယ်ခင်ဗျာ စာမေးပွဲတွေဖြေနေလို့ပြီးတော့လည်း စာသင်ချိန်တွေများနေလို့ ဘယ်ဘလော့မှာမလည်နိုင်ဘူးဖြစ်နေတယ်။ အဲ့လိုကြောင့်အခုကဗျာလေးကိုယူပြီးတင်ပေးလိုက်တာပါခင်ဗျာ ဘလော့ရဲ့လိပ်စာကတော့ ဒီမှာပါခင်ဗျာ
5 comments:
ခံစားချက်လေးက ကောင်းလိုက်တာ :)
ကဗျာကောင်းလေး တစ်ပုဒ် လာဖတ်သွားတယ်နော်
နှစ်သစ်မှာပျော်ရွှင်ပါစေ
ကဗျာလာဖတ်ရင်းဆိုက်အသစ်လာကြွားတာ
ထင်တော့ ထင်တယ်... ဒီလောက်ကောင်းနေမှတော့ ကိုတိုးရေးတာ မဟုတ်ဘူးဆိုတာ.. အဟီးဟီး... စတာနော် ကိုတိုး.. ကိုတိုးကဗျာတွေက ပိုထိတယ်.. စကားလုံးတွေကိုပြောတာပါ.. ဟီး
Post a Comment