ရင်တွင်းက ခံစားချက်လေးပါ

နုံဖျင်းလှတဲ့မရေရာမှုမျိုးနှင့် သေချာမှုတွေေ၀၀ါးနေတဲ့ဘ၀ကြီးကို ကျော်ဖြတ်နေမိတဲ့ကို့အတွက် လက်ပြလို့ထားသွားလဲနေခဲ့မိမှာပါ .. အကြင်နာတွေအပြည့်နဲ့ နာကျင်မှုတွေပြွတ်သိပ်နေပေမယ့် ရှိစုမဲ့စုခွန်အားလေးတွေကို ဖြစ်ညှစ်ပြီး မင်းအတွက် ထာဝရခွင့်လွှတ်နေမယ့် သူတစ်ယောက်ပါ .... မိန်းကလေးရယ် တစ်ကယ်တော့ လွှင့်မျှောနေတဲ့ တိမ်တိုက်တွေကြား အချစ်ဆိုတာကို လိုက်ဖမ်းရင်းနဲ့ပဲ ခံစားချက်တွေအားလုံး လေနဲ့အတူတူလွင့်ပါသွားခဲ့ပြီးပါပြီ အချစ်ဆိုတဲ့ ခံစားချက်လေးတစ်ခုကနေ ရရှိလိုက်တဲ့ အဓိပ္ပါယ်ပေါင်းများစွာကို နာကျင်မှုတွေနဲ့ပဲ တိတ်တဆိတ် ရင်ဘတ်တစ်နေရာမှာ ၀ှက်ထားလိုက်မိတယ် ... မိန်းကလေးရေ ကို့ရဲ့စကားလုံးတွေဟာ မင်းအတွက်ကြမ်းတမ်းနေပေမယ့် ထိခိုက်ကွဲလှလွယ်ပြီး နူးညံ့တဲ့နှလုံးသားတစ်စုံအတွက် မင်းပေးတဲ့ ရက်စက်မှုတွေက ကို့အတွက်တော့ အရမ်းပြင်းထန်နေတယ် မိန်းကလေး တွေ့ခဲ့ရတာ တစ်ခဏလေးဆိုပေမယ့် ပျော်စရာစကားလုံးတွေကို ရေတွက်လို့မရအောင်ပြောနေပေမယ့် တစ်ကယ်တဲ့ ပြုံးနေတဲ့ မျက်နှာဖုံးတုရဲ့အောက်က နာကျင်မှုတွေကိုတော့ မင်းမြင်တတ်ရင် တစ်နေ့နားလည်လာမှာပါ ... ကို့မျက်လုံးတစ်စုံကို မင်းအဓိပ္ပါယ်ဖွင့်တတ်ရင်တော့ ရင်ထဲတစ်နေရာက အမည်ဖော်လို့မရတဲ့ သောကတစ်ချို့ကို မင်းပုံဖော်လာနိုင်မှာပါ .......

အမေတစ်ယောက်ရဲ့ ချစ်ခြင်းအတွက်အမှတ်တရ

ဘာရယ်တော့မဟုတ်ပါဘူး။ တိုက်ဆိုင်မှုလေးရှိလို့ရေးဖြစ်သွားတာပါ။ ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံမှာလိုပဲ.......ထိုင်းနိုင်ငံမှာလည်း ချစ်စရာကောင်းတဲ့ယဉ်ကျေးမှုလေးတွေရှိပါတယ်........12/8/2008 ရက်နေ့မှာဆိုရင်လည်းအခုဆိုရင် အမေများနေ့အဖြစ်သတ်မှတ်ထားပါတယ်...။ မိဘနဲ့ဝေးနေတဲ့သူတွေတိုင်း တိုင်ဆိုင်မှုတွေနဲ့ ကြုံရင်ပဲဖြစ်ဖြစ်ပေါ့လေ။ မိဘကို မလွမ်းတဲ့သူဆိုတာ မရှိပါဘူး။ အထူးသဖြင့် သားတွေက အမေကို ပိုချစ်ကျမယ်လို့ ထင်ပါတယ်။ ကျွန်တော်ထင်တာကို ပြောတာနော်...... ကျွန်တော်ထင်တာမှားရင် လည်းခွင့်လွတ်ပေးကျပါနော်။ ကျွန်တော်က အမေကို ပိုချစ်တဲ့ သူဆိုတော့ လည်း အမေအကြောင်းလေး တိုက်ဆိုင်တုန်း ရေးလိုက်တာပါ။ ဒီနေ့မှာ ဆိုရင် အားလုံးက အမေကို ကန်တော့ကျတယ် ကျွန်တော့်မှာ တော့ စိတ်ထဲက တမ်းတပြီးတော့ ပဲ အမေရေ သားဒီနေရာကနေကန်တော့ပါတယ်ဆိုတာလေးနဲ့ပဲ လက်အုပ်ကလေးချီ ပြီးတော့ပဲ ကန်တော့ရပါတော့တယ်။ အမေ့ကိုချစ်တဲ့သားကြီးအဝေးတစ်နေရာက နေကန်တော့လိုက်ပါတယ်။ အမေကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ချစ်သောမေမေ။ သူငယ်ချင်းများအားလုံးနဲ့ ဘလော့မှာ ညီအစ်ကို မောင်နှစ်မများအားလုံး သိစရာလေး ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုလေးတွေ ကို သိရှိအောင်လို့ ပိုစ့်လေးတစ်ခုအဖြစ်တင်ပေးလိုက်တာ။ ဘလော့ဂါ ညီအစ်ကို မောင်နှစ်မများအားလုံး ကျန်းမာပျော်ရွှင်ပါစေဗျာ။

မလင်းလက်တဲ့ကို့အချစ်

သတိရလားလို့မေးရင် သတိမရဘူးလို့ ဖြေရမှာပါပဲ . . အချစ်က ကိုယ့်အတွက်မလင်းလက်ခဲ့ဘူး . . ဒီတော့ ကိုယ်က အချစ်ကို မယုံတော့ဘူးပေါ့ . . စွဲလမ်းခြင်းတွေတောင် မြဲကြတာမဟုတ်ဘူး . . မနေ့က အဲ့ကောင်မလေးကို အရူးအမူးစွဲလမ်းခဲ့ပေမဲ့ ဒီနေ့ကြ တခြားကောင်မလေးတစ်ယောက်ကို စွဲလမ်းနေတာမျိုး . . အိမ်မက်ထဲမှာလဲ လူဦးရေများတာပါပဲ . . ညဥ့်ဦးယံမှာ ကိုယ်နဲ့ကြိုက်ခဲ့တဲ့တစ်ယောက်ကို အိပ်မက် မက်ကောင်းမက်နေလိမ့်မယ် . . သန်းခေါင်ယံကြတော့ ကိုယ်ကြွေခဲ့တဲ့မိန်းကလေးတစ်ယောက်ကို အိပ်မက်နဲ့ တမ်းတဖြစ်မယ်. . ဒီလိုပဲလေ . . သူကိုယ့်ကို ပြန်မချစ်တာမပြောနဲ့ ကိုယ်သူ့ကို တခြားသူတွေထက် ပိုချစ်သလားမချစ်ဘူးလားတောင် မသဲကွဲပါဘူး . . အနေနီးတာများလို့ သူ့အကြောင်းပိုတွေးနေမိတာ ဖြစ်ကောင်းဖြစ်လိမ့်မယ် . . သူလှသလိုရှိတာကလည်း သူ့ဘက် စိတ်ယိမ်းနေတာဖြစ်မှာပါပဲ . . မနက်ဖြန် ဘယ်သူနဲ့တွေ့မယ်ဆိုတာ ဘယ်သူတပ်အပ်သိနိုင်မှာတဲ့လဲ . . ကဲ . . ကိုယ်ကကော နောင် ဘယ်လောက်ချစ်တတ်ဦးမှာလဲ . . အကြွေလွယ် အကောက်ခက် နွမ်းလို့လေလားကွယ် ကိုယ်ကလည်း တစ်ချိန်က ပန်းဖြစ်ခဲ့တာပါပဲ . .

ကိုယ့်ကိုကိုယ်မုန်းတဲ့အချက် ၁၀ ချက်

ကိုယ်ကိုကိုယ်မုန်းမိတဲ့ အချက် ၁၀ ချက်ကို အမဝါဝါခိုင်မင်း (အမဝါ)က Tag ထားလို့ရေးပေးတာပါ။ ကိုယ့်မှာမကောင်းတဲ့ အချက်တွေကတော့ အကုန်ပေါ်ကုန်တော့မှာပါပဲဗျာ။ အခုမှာတော့လည်းမထူးပါဘူး ကိုယ့်မကောင်းတဲ့ အချက်တွေကို ပြောပြရတော့မှာပေါ့လေ........... (တစ်) ကိုယ့်ကို မချစ်ဘူးလို့ထင်ရင် ကိုယ့်ကိုကိုယ်မုန်းတယ် (နှစ်) သူများကို ကိုယ်ကဒေါသထွက်မိရင် ကိုယ့်ကိုကိုယ်မုန်းတယ် (သုံး) စာကျက်တိုင်း စာလုံးတွေကိုမြင်တိုင်း အိပ်ငိုက်တာကိုလည်းမုန်းတယ် (လေး) သူငယ်ချင်းတွေကို စိတ်မကောင်းအောင်လုပ်မိတဲ့ ကိုယ့်ကိုကိုယ်မုန်းတယ် (ငါး) ကောင်မလေးမြင်တိုင်း မျက်စိကမခွါချင်တာကိုလည်းမုန်းတယ် တော်ကြာနေကောင်မလေးတွေဘယ်သူမှာအနားမကပ်ပဲနေအုံးမယ် ချွင်းချက်အားလုံးသောသူကိုမဆိုလိုပါ လူတဲ့သူလေးတွေ တွေ့ရင်တော့ငေးတယ်ဗျာ (ခြောက်) အလုပ်လုပ်ရင် မလုပ်ချင်တဲ့စိတ်ကိုမုန်းတယ် ( ခုနှစ်) သူများအကြောင်းကို အရေမရအဖတ်မရပြောဖြစ်ရင်လည်း မုန်းတယ် (ရှစ်) အလိုလိုနေရင်း စိတ်တိုတတ်တဲ့ ကိုယ့်ကိုကိုယ်မုန်းတယ် (ကိုး) ဘ၀အတွက် တိုးတက်အောင်လုပ်နေပါရဲ့ လောကဓံတရားကို မရင်ဆိုင်ဘဲ ဖြစ်သလို ရှောင်လွဲနေရင်လည်း ကိုယ့်ကိုကိုယ်မုန်းတယ် (တစ်ဆယ်) အမှားတစ်ခုကို လုပ်လို့ တောင်ပန်သင့်ရဲ့သားနဲ့မတောင်းပန်တဲ့ကိုယ့်ကိုကိုယ်မုန်းတယ် အမဝါ ကျွန်တော်ရေးထားတာလေးကို အမဝါသဘောကျလိမ့်မယ်လို့ထင်ပါတယ်အမဝါ။ ကျွန်တော်လည်းမရေးတတ်ပေမဲ့ အကောင်းဆုံးဖြစ်အောင်ရေးထားပါတယ် အမဝါ ။ ကျွန်တော်လည်း Tag ပိုစ့်တစ်ခါမှာမရေးဘူးတော့ သိပ်မရေးတတ်ဘူးဗျာ။ အစ်မဝါကျေနပ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်အမဝါ။ အဆင်ပြေပျော်ရွှင်ပါစေအစ်မဝါဝါခိုင်မင်း

နောက်ဆုံးနှုတ်ဆက်

ပျားရည်ဆမ်းသောလမ်းကို အခုကျွန်တော်မလျောက်ရသေးပါဘူးဗျာ။ ဆူးတွေခင်းနေတဲ့လမ်းကိုသာလျောက်နေရတာပါဗျာ။ ဖြစ်ချင်တာက ဆန္ဒ ဖြစ်နေတာကဘဝ............ ဆန္ဒနဲ့ဘဝက ဘယ်တော့များမှာတစ်ထပ်တည်းကျမယ်ဆိုတာ မသိဘူးဗျာ။ လောလောဆယ်တော့ ဘဝနဲ့ဆန္ဒတစ်ထပ်တည်းမကျတဲ့ကျွန်တော် ဘလော့ကလေးကိုတော့လေ တစ်သက်လုံးဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်.............. တစ်ခဏတာအတွက်လည်းဖြစ်ချင်ဖြစ်မယ်ပေါ့နော်။ အားလုံးပဲပေါ့နော် တစ်ချိန်က ဘလော့မှာကဗျာလေးတွေရေးတဲ့ကိုတိုးလေးဆိုတာရှိနေသေးတယ်ဆိုတာကို အားလုံးပဲအမှတ်တရရှိနေကျမယ်ထင်ပါတယ်နော်။ အားလုံးကိုလည်းပျော်ရွှင်စွာနဲ့ပဲ ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်ဗျာ. နောက်ဆုံးအနေနဲ့ကျွန်တော်ရေးထားတာလေးပေါ့နော် တင်ပေးမယ်ဗျာ။ ဘယ်လိုလည်းဆိုတာတော့ ကျွန်တော်ကိုတိုင်လည်းမသိဘူးဗျာ။ အိုသူငယ်ချင်း . . သူမင်းကို ပြန်မချစ်တာဟာ သူ့ ရဲ့လွတ်လပ်ခွင့်ဖြစ်ပါရဲ့ . . သူ မချစ်ချင်တာကြီးကို မင်းက အတင်းပြန်ချစ်ခိုင်းနေမယ်ဆိုရင် ဒါမင်း အကြမ်းဖက်နေတာပဲကွ . . အိုသူငယ်ချင်း အကြမ်းဖက်သမားတော့ မဖြစ်ပါစေနဲ့ ဟီဟီး . . . အိုသူငယ်ချင်း . . သူမဘက်မှာ တခြားတယောက်ကို မျှော်လင့်နေတာ . . နို့မဟုတ် သူမမှာ ချစ်သူရည်းစားရှိနေငြားကလည်း မင်းဟာ သူမရဲ့ စည်းကမ်းကို အနှောင့်အယှက်ပေးသူ ဖြစ်အံ့ . . ဟီဟီး . . အိုသူငယ်ချင်း . . ပိုပီးမျှော်လင့်ခြင်းဟာ ပိုပီးဆုံးရှုံးခြင်းမည်၏ ။ မမျှော်လင့်နေပါနဲ့တော့ . . တော်နေကြာ ချစ်သူတစ်ယောက်မရရှိတာထက် သူငယ်ချင်းအစစ်တစ်ယောက်ဆုံးရှုံးရတာက ပိုဆိုးနေလိမ့်မယ် . . ဟီဟီး . . အိုသူငယ်ချင်း . . ငိုကွာ အကြီးအကျယ်ငိုချပစ်လိုက် . . ငိုပစ်လိုက်စမ်းကွာ . . ဟီးဟီး . . ရော့တစ်ရှူး . . ကမူရှူးထိုးတွေတော့ မလုပ်နဲ့ကွာ . . ငြိမ်ငြိမ်လေးကွဲလည်း အသည်းကွဲတာပဲလေ . . ဟီဟီး . . နောက်ဆုံးအနေနဲ့နှုတ်ဆက်ခဲ့တယ်နော်။ ဘလော့မှာခင်ရတဲ့ အကိုတွေ အမတွေ သူငယ်ချင်းတွေအားလုံးပျော်ရွှင်ပါစေလို့ ကျွန်တော်အမြဲဆုတောင်းပေးနေပါတယ်ဗျာ။ ဒီတင်ထားတဲ့ပိုစ့်လေးက နောက်ဆုံးဖြစ်မှာပါဗျာ။ အားလုံးပဲကျန်းမာပျော်ရွှင်ကျပါစေဗျာ။

ကောင်းကင်နဲ့အပြိုင်

ကောင်းကင်ကြီးက ငိုချလိုက်တော့ ဒဏ်ရာဟောင်းတွေ နလန်ထလာတယ်......... အလွမ်းတွေ သယ်ဆောင်လာတဲ့မြှားတစ်စင်း ရင်ကိုလာမှန်တော့ ကိုယ်လည်း ချုံး.......... ပွဲ..........ချ အိမ်မက်တွေ မှေးမှိန်သွားခဲ့ပေမယ့် ထင်ရှားနေဆဲ ပုံရိပ်တွေကတော့ သိစိတ်တစ်ခုလုံးကို အပိုင်သိမ်းသွားခဲ့....... ဆန္ဒနဲ့ တစ်ထပ်တည်းမကျတဲ့ ဘဝမှာ ဝေဒနာတွေသာ ထွေးပိုက်ထားရင်း........... မွန်းကျပ်မှုရဲ့ လွတ်မြောက်ရာလမ်းကို ထုတ်ဖော်ဖို့ သိလိုက်ချိန်မှာ ကောင်းကင်ကြီးနဲ့ အပြိုင် ကိုယ်လည်း ချုံး..............ပွဲ.............ချ

အချစ်

ငါ့မျက်လုံးတွေမှေးစက်ချိန်မှာ နှလုံးသားထဲမှာ ပြေးဆော့နေတာ မင်းရဲ့ပုံရိပ်တွေပါ။ *နှလုံးသွေးတစ်ချက်ခုန်လိုက်တိုင်းမှာ ငါ့တစ်ကိုယ်လုံးမှာစီးမျောနေတာ မင်းကိုချစ်တဲ့ ငါ့ရဲ့ဝိဥာဉ်တွေပါ ။ *ငါ့ရဲ့အချစ်တွေကို မင်းလျစ်လျူရှုတဲ့အခါ ငါ့မျက်ဝန်းမှာခိုတွဲလာတာ ၀မ်းနည်းခြင်းရဲ့သက်သေ နှလုံးသားရဲ့မျက်ရည်တစ်စက်ပါ။ *ငါဝန်ခံပါတယ်ချစ်သူ မင်းကိုစွဲလမ်းလို့တမ်းတ ငါ့ရဲ့အလွမ်းညတွေလဲ ကြာရှည်ခဲ့ပါပြီ ။ *ငါ့ရဲ့ဘ၀ဟာမင်း ငါ့ရဲ့ညဟာမင်း ငါ့ရဲ့အရာအားလုံးဟာမင်း မင်းအတွက်ရှင်သန်တဲ့ငါ တစ်ကယ်တော့ငါဟာငါမဟုတ်ခဲ့ပါဘူး။ *အသိအမှတ်မပြုရင်တောင် ကျောခိုင်းမသွားပါနဲ့ မယုံကြည်ရင်တောင် လျစ်လျူရှုမထားပါနဲ့ချစ်သူ။ *မမြင်နိုင်ရင်တောင် လှည့်ကြည့်ပေးပါ မကြားနိုင်ရင်တောင် နားစွင့်ပေးပါချစ်သူ ။ *အတိတ်တွေကိုစွန့်ခွါ သာယာတဲ့အနာဂါတ် ပျော်စရာအိမ်မက်တွေထဲက တမ်းတခဲ့ငါ့ရဲ့ဧဒင် ထာဝရှင်သန်နေစေဖို့ မင်းလေးရဲ့မေတ္တာ အကြင်နာတွေဆောင်ကြဉ်း ငါ့ဘ၀ကိုလင်းလက်ပေးပါချစ်သူ။

ဥယျာဉ်မှူး

ပန်းဟူသည်မှာ ဖူးရာမှငုံ ငုံရာမှပွင့် ကြွားကြွားဝင့်သော် လောကမြေ၀ယ် အလှကြွယ်၏။ သို့သော်ဆင့်ကမ်း ပွင့်ယူလှမ်းရန် ပန်းသဘာဝ မပြည့်ဝမီ ဖူးစဉ်ပျက်သုဉ်း ဘ၀ဆုံးတာ ရှိဖူးပါ၏။ တမူမှာကား ဖူးသာဖူးငြား ငုံမသွားမီ လေနီမိုးကြမ်း တိုက်ခတ်ရမ်း၍ ငုံခွင့်မသာ သေဆုံးတာလည်း ရှိဖူးပါ၏။ အချို့မှာကား ငုံသာငုံရ မပွင့်ရပဲ အလှလည်းညှိုး ပန်းလည်းကျိုးတာ မြင်ဖူးပါ၏။ ဖူးစဉ်ခါဝယ် သိမကြွယ်၌ လမ်းမှန်ထောက်ပြ မမှားရအောင် ပန်းအလှစုံ ဆံဝတ်မှုန်သို့ ညှာတံဝတ်ဖတ် လန်းဆမ်းလတ်ရန် ပြုစုစိုက်ထိုး ယုယပျိုးကာ ပေါင်းသင်းမြေစွ ရေလောင်းကြသည့် မြင့်မြတ်လူသား ထိုသူများကို တင်စားခေါ်ဝေါ် ဂုဏ်တင်ဖေါ်သည် ကြီးစွာကျေးဇူး ဥယျာဉ်မှူး။ ။

သစ်ပင်

အလင်းရောက်ကို လုယက်ရင်း ငါ့လက်တွေမြောက် ကွေးကောက်ခဲ့ရ ဝမ်းစာအတွက် ရုန်းကန်ရင်း ငါ့ခြေထောက်တွေကောက် ဒူးထောက်ခဲ့ရ ဒါပေမဲ့ ငါ့မြေငါထွန်ယက် ငါ့မြေသြစာငါကျွေး ငါ့မျိုးဆက်ကို ငါပဲမွေးခဲ့တယ်။

ခေါင်းစဉ်မဲ့

မရေရာတဲ့အခြေအနေတစ်ခုကို ကျော်ဖြတ်ရတာ အတွေဝေဆုံးပဲ။ မလေးနက်တဲ့ လူတစ်ယောက်ကိုချစ်ရတာ အပင်ပန်းဆုံးပဲ။ မသေချာတဲ့အဖြေတစ်ခုကို ရလိုက်တာဟာ စိတ်အရှုပ်ထွေးဆုံးပဲ။ ဂရုမစိုက်တတ်တဲ့လူတစ်ယောက်ကိုချစ်ရတာ အပူလောင်ဆုံးပဲ။ မဖြစ်နိုင်တဲ့အရာကို မျှော်မှန်းရတာ စိတ်အပင်ပန်းဆုံးပဲ။ မင်းအကြောင်းတွေးမိတိုင်း ရင်အမောဆုံးပဲ။ လိုချင်တဲ့အရာတစ်ခုကို ရခါနီးအချိန်ဟာ အချိုမြိန်ဆုံးပဲ။ မင်းနဲ့ဆုံတွေ့ချိန်ဟာ ရင်အခုန်ဆုံးပဲ။ ။ ဘယ်လိုလည်း မင်းကို ရင်ခုန်နေသင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ် အဖြေက ရှင်းနေတယ်။ မင်းကို သတိရသင့်လားလို့ ကိုယ့်ကိုတိုင်ပြန်မေးကြည့်တယ် အဖြေက ရှင်းနေတယ်။ မင်းကို ချစ်သင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ် အဖြေက ရှင်းနေတယ်။ မင်းကို ဂရုစိုက်သင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ် အဖြေက ရှင်းနေတယ်။ မင်းကို စောင့်စားနေသင့်သလားလို့ ကိုယ်ကိုတိုင် ပြန်မေးကြည့်တယ် အဖြေက ရှင်းနေတယ်။ အဲ့ဒီ့အဖြေက ကိုယ့်ဒုက္ခကိုယ်မရှာပါနဲ့တဲ့။ ။ ပေးချင်တဲ့ခေါင်းစဉ်းလေးပေးနော် ခေါင်းစဉ်မတပ်တတ်လို့ပါဗျာ။ အားလုံးသောညီအကိုမောင်နှစ်မတွေပျော်ရွှင် အဆင်ပြေပါစေဗျာ။