နောက်ဆုံးနှုတ်ဆက်

ပျားရည်ဆမ်းသောလမ်းကို အခုကျွန်တော်မလျောက်ရသေးပါဘူးဗျာ။ ဆူးတွေခင်းနေတဲ့လမ်းကိုသာလျောက်နေရတာပါဗျာ။ ဖြစ်ချင်တာက ဆန္ဒ ဖြစ်နေတာကဘဝ............ ဆန္ဒနဲ့ဘဝက ဘယ်တော့များမှာတစ်ထပ်တည်းကျမယ်ဆိုတာ မသိဘူးဗျာ။ လောလောဆယ်တော့ ဘဝနဲ့ဆန္ဒတစ်ထပ်တည်းမကျတဲ့ကျွန်တော် ဘလော့ကလေးကိုတော့လေ တစ်သက်လုံးဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်.............. တစ်ခဏတာအတွက်လည်းဖြစ်ချင်ဖြစ်မယ်ပေါ့နော်။ အားလုံးပဲပေါ့နော် တစ်ချိန်က ဘလော့မှာကဗျာလေးတွေရေးတဲ့ကိုတိုးလေးဆိုတာရှိနေသေးတယ်ဆိုတာကို အားလုံးပဲအမှတ်တရရှိနေကျမယ်ထင်ပါတယ်နော်။ အားလုံးကိုလည်းပျော်ရွှင်စွာနဲ့ပဲ ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်ဗျာ. နောက်ဆုံးအနေနဲ့ကျွန်တော်ရေးထားတာလေးပေါ့နော် တင်ပေးမယ်ဗျာ။ ဘယ်လိုလည်းဆိုတာတော့ ကျွန်တော်ကိုတိုင်လည်းမသိဘူးဗျာ။ အိုသူငယ်ချင်း . . သူမင်းကို ပြန်မချစ်တာဟာ သူ့ ရဲ့လွတ်လပ်ခွင့်ဖြစ်ပါရဲ့ . . သူ မချစ်ချင်တာကြီးကို မင်းက အတင်းပြန်ချစ်ခိုင်းနေမယ်ဆိုရင် ဒါမင်း အကြမ်းဖက်နေတာပဲကွ . . အိုသူငယ်ချင်း အကြမ်းဖက်သမားတော့ မဖြစ်ပါစေနဲ့ ဟီဟီး . . . အိုသူငယ်ချင်း . . သူမဘက်မှာ တခြားတယောက်ကို မျှော်လင့်နေတာ . . နို့မဟုတ် သူမမှာ ချစ်သူရည်းစားရှိနေငြားကလည်း မင်းဟာ သူမရဲ့ စည်းကမ်းကို အနှောင့်အယှက်ပေးသူ ဖြစ်အံ့ . . ဟီဟီး . . အိုသူငယ်ချင်း . . ပိုပီးမျှော်လင့်ခြင်းဟာ ပိုပီးဆုံးရှုံးခြင်းမည်၏ ။ မမျှော်လင့်နေပါနဲ့တော့ . . တော်နေကြာ ချစ်သူတစ်ယောက်မရရှိတာထက် သူငယ်ချင်းအစစ်တစ်ယောက်ဆုံးရှုံးရတာက ပိုဆိုးနေလိမ့်မယ် . . ဟီဟီး . . အိုသူငယ်ချင်း . . ငိုကွာ အကြီးအကျယ်ငိုချပစ်လိုက် . . ငိုပစ်လိုက်စမ်းကွာ . . ဟီးဟီး . . ရော့တစ်ရှူး . . ကမူရှူးထိုးတွေတော့ မလုပ်နဲ့ကွာ . . ငြိမ်ငြိမ်လေးကွဲလည်း အသည်းကွဲတာပဲလေ . . ဟီဟီး . . နောက်ဆုံးအနေနဲ့နှုတ်ဆက်ခဲ့တယ်နော်။ ဘလော့မှာခင်ရတဲ့ အကိုတွေ အမတွေ သူငယ်ချင်းတွေအားလုံးပျော်ရွှင်ပါစေလို့ ကျွန်တော်အမြဲဆုတောင်းပေးနေပါတယ်ဗျာ။ ဒီတင်ထားတဲ့ပိုစ့်လေးက နောက်ဆုံးဖြစ်မှာပါဗျာ။ အားလုံးပဲကျန်းမာပျော်ရွှင်ကျပါစေဗျာ။

5 comments:

Welcome said...

ပန်းကလေးတစ်ပွင့်
ဖူးတယ်
ပွင့်တယ်
ကြွေတယ်
နောက်
ပြန်ဖူးတယ်
ပြန်ပွင့်တယ်
ပြန်ကြွေတယ်.....
http://winzaw-mdy.blogspot.com
လုပ်ပါနဲ့ဗျာ၊ အားပေးနေပါတယ်ဆိုမှ .. စိတ်အခန့်မသင့်လဲ ခဏပေါ့ဗျာ ..

ကဗျာမလေး said...

စာတစ်အုပ် ဖတ်ဖူးတယ်
တစ်ပွင့်ကြွေလို့
တစ်ပွင့်သစ်
ပန်းဖြစ်လျင်လည်း
အကောင်းသား တဲ့.....။
ဆိုင်လားတော့ မသိဘူး .... သူများတွေလို ပွားကြည့်တာ...။

မောင်လေး
ဖြစ်ချင်တာ မဖြစ်ရ၊
မဖြစ်သင့်တာတွေ
ဖြစ်ခွင့်မရတဲ့
လောကကြီးမှာ ..... ဖြစ်လိုရာဖြစ်စေတော့ မောင်လေးရေ....။

မသက်ဇင် said...

ကိုတိုးလေး--
ခံစားချက်တွေများလို့နဲ့တူတယ်--
အနုပညာဖတ်တီးမှုအား ပိုကောင်းလာတယ်--

မသက်ဇင် said...

ကိုတိုးလေးရေ---
ကွန်မန်းပေးတာ စာလုံးပေါင်းတွေမှားကုန်တယ်--
အိပ်ချင်မူးတူးလေ--
အနုပညာဖန်တီးမှုအားတွေ ကောင်းလာတယ်--

thihanyein said...

အင်း တစ်မျိုးပဲဗျာ ကိုတိုးလေး***
ပျော်ရွှင်ပါစေဗျာ**