မနှုတ်ဆက်ပါနဲ

တိုးတိတ်ညင်သာလွန်းတယ် ဒါပေမယ့်... နှလုံးသားရဲ့အနက်းရှိုင်းဆုံးကို ဆူးဆူးနစ်နစ်ပါပဲ အိပ်မက်ချို ပြင်းရှရှ တစ်ခွက်သောက်လိုက်ရသလိုပဲ ရင်ဘတ်ထဲမှာ လှိုင်းထသွားတယ် အခန်းဆက် ၀တ္ထုတွေမဖွဲ့ တက်ပါဘူး ဟန်ဆောင်မှုတွေနဲ့ လည်း စကားလုံးတွေ မဖွဲ့ သီပါဘူး ကိုယ်ရေးတဲ့ စာတွေ မင်းအတွက် တစ်မျက်နှာစာ အချစ်သက်သေတွေပါပဲ ထားခဲ့မယ်ဆိုရင်လည်း ...... မနှုတ်ဆက်ပါနဲ့  လက်မပြပါနဲ့  ချန်ရစ်လို့  ကျန်ခဲ့ရတဲ့ ဝေဒနာက ခါးသီးလွန်းလို့ ပါ အချစ်ရယ်...........

5 comments:

thihanyein said...

ထားခဲ့မယ်ဆိုရင်လည်း ......
မနှုတ်ဆက်ပါနဲ့ 
လက်မပြပါနဲ့  ချန်ရစ်လို့  ကျန်ခဲ့ရတဲ့
ဝေဒနာက ခါးသီးလွန်းလို့ ပါ အချစ်ရယ်...........
ကဗျာလေးကိုခံစားသွားတယ် ကိုတိုးလေးရေ
ခင်ဗျားတကယ်ကိုခံစားနေရတာပဲလားဗျ ...
မပူပါနဲ့ဗျာ ...တစ်နေ့တော့ဆုံမှာပဲ....

သီဟညိမ်း

Chaos said...

ဝေဒနာဆိုတာရဲ့ ခါးသီးတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရမှပဲ သိနိုင်တယ်။ သိလိုက်တဲ့ အချိန်မှာ နာကျင်နေပြီ။
အဆင်ပြေပါစေ ကိုတိုးလေးရေ.....

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာလေးက ကောင်းတယ်။ ဒါပေမယ့် ငါ့မောင်လေးကိုတော့ ကဗျာထဲကလို မခံစားရစေချင်ဘူး။ ပျော်ရွှင်အဆင်ပြေပါစေ ကိုတိုးရေ...

လင်းဦး(စိတ်ပညာ) said...

ကျန်ခဲ့ရသူက ဝေဒနာတွေနဲ့ချည်းပါပဲ။

ကဗျာလာဖတ်တာပါ.. ကောင်းပါ၏

Unknown said...

ကျန်ရစ်ဝေဒနာကို ခံစားဖူးလို့ ကိုယ်ချင်းစာ၏။