ခေါင်းစဉ်မဲ့

မရေရာတဲ့အခြေအနေတစ်ခုကို ကျော်ဖြတ်ရတာ အတွေဝေဆုံးပဲ။ မလေးနက်တဲ့ လူတစ်ယောက်ကိုချစ်ရတာ အပင်ပန်းဆုံးပဲ။ မသေချာတဲ့အဖြေတစ်ခုကို ရလိုက်တာဟာ စိတ်အရှုပ်ထွေးဆုံးပဲ။ ဂရုမစိုက်တတ်တဲ့လူတစ်ယောက်ကိုချစ်ရတာ အပူလောင်ဆုံးပဲ။ မဖြစ်နိုင်တဲ့အရာကို မျှော်မှန်းရတာ စိတ်အပင်ပန်းဆုံးပဲ။ မင်းအကြောင်းတွေးမိတိုင်း ရင်အမောဆုံးပဲ။ လိုချင်တဲ့အရာတစ်ခုကို ရခါနီးအချိန်ဟာ အချိုမြိန်ဆုံးပဲ။ မင်းနဲ့ဆုံတွေ့ချိန်ဟာ ရင်အခုန်ဆုံးပဲ။ ။ ဘယ်လိုလည်း မင်းကို ရင်ခုန်နေသင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ် အဖြေက ရှင်းနေတယ်။ မင်းကို သတိရသင့်လားလို့ ကိုယ့်ကိုတိုင်ပြန်မေးကြည့်တယ် အဖြေက ရှင်းနေတယ်။ မင်းကို ချစ်သင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ် အဖြေက ရှင်းနေတယ်။ မင်းကို ဂရုစိုက်သင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ် အဖြေက ရှင်းနေတယ်။ မင်းကို စောင့်စားနေသင့်သလားလို့ ကိုယ်ကိုတိုင် ပြန်မေးကြည့်တယ် အဖြေက ရှင်းနေတယ်။ အဲ့ဒီ့အဖြေက ကိုယ့်ဒုက္ခကိုယ်မရှာပါနဲ့တဲ့။ ။ ပေးချင်တဲ့ခေါင်းစဉ်းလေးပေးနော် ခေါင်းစဉ်မတပ်တတ်လို့ပါဗျာ။ အားလုံးသောညီအကိုမောင်နှစ်မတွေပျော်ရွှင် အဆင်ပြေပါစေဗျာ။

9 comments:

မသက်ဇင် said...

ကိုတိုးလေးရေ---
အဖြေက ရှင်းနေတယ်။
အဲ့ဒီ့အဖြေက ကိုယ့်ဒုက္ခကိုယ်မရှာပါနဲ့တဲ့။

ကောင်းလိုက်တာကွယ်----
ပညာပဲရှာပါ----ငယ်ပါသေးတယ်---

Welcome said...

အစ်မ မသက်ဇင် ခေါင်းစဉ်တပ်ပေး သလိုပါပဲ၊ ကဗျာကောင်းလေးတစ်ပုဒ်ကို ခံစားသွား ပါတယ်။ ဒုက္ခမရှာတော့ ဒုက္ခမတွေ့တော့ဘူး ပေါ့နော်.. အားပေးလျက်ပါ

http://winzaw-mdy.blogspot.com

ကဗျာမလေး said...

ကိုယ့်ဒုက္ခ ကိုယ် မရှာပါနဲ့
မောင်လေး ကိုတိုးရေ ... ကဗျာလေး ကောင်းတယ် ...။
ခံစားပြီး ရေးဖွဲ့လို့ထင်ပါရဲ့.....။

Unknown said...

ကိုတိုးလေး ကဗျာတွေ ဖတ်ရတာ သိသိသာသာ လက်ရည် တက်လာတာ သတိထားမိတယ်ဗျာ။ ဒီကဗျာကို တပုဒ်လုံး ကြိုက်တယ်ဗျ။ အထူးသဖြင့် အပေါ်က .........
မရေရာတဲ့အခြေအနေတစ်ခုကို ကျော်ဖြတ်ရတာ
အတွေဝေဆုံးပဲ။
မလေးနက်တဲ့ လူတစ်ယောက်ကိုချစ်ရတာ
အပင်ပန်းဆုံးပဲ။
မသေချာတဲ့အဖြေတစ်ခုကို ရလိုက်တာဟာ
စိတ်အရှုပ်ထွေးဆုံးပဲ။
ဂရုမစိုက်တတ်တဲ့လူတစ်ယောက်ကိုချစ်ရတာ
အပူလောင်ဆုံးပဲ။
မဖြစ်နိုင်တဲ့အရာကို မျှော်မှန်းရတာ
စိတ်အပင်ပန်းဆုံးပဲ။
လိုချင်တဲ့အရာတစ်ခုကို ရခါနီးအချိန်ဟာ
အချိုမြိန်ဆုံးပဲ။
မင်းအကြောင်းတွေးမိတိုင်း
ရင်အမောဆုံးပဲ။

WWKM said...

အဖြေကတော့
" မေ့လိုက်တာပဲကောင်းမယ်ထင်ပါတယ်" မောင်လေး ရေ.....ကိုယ့်ဒုက္ခကိုယ်မရှာပါနဲ့ နော်...း)

မမ၀ါ

thihanyein said...

ကျနော့်အတွက်တော့ အဖြေက အဲလိုမထွက်ဘူး ကိုတိုးလေးရေ...အဟတ်
တခြားအမြင်နဲ့ တခြားတစ်မျိုးထွက်နေတယ်ဗျ...
စတာဗျို့...ကဗျာကောင်းလေးကိုခံစားသွားတယ်ဗျာ...
အဆင်ပြေပါစေ...

ရွှေပြည်သူ (ShwePyiThu) said...

ဖတ်ပြီးတော့ ရင်ထဲကို တကယ် ထိရှခံစားရပါတယ်... စာကြောင်းတိုင်းက ရေးထားတာ ရိုးရှင်းပေမယ့် ထိထိမိမိနဲ့ ပုံဖော်သွားနိုင်တယ်။ ခေါင်းစဉ်လေး ပေးကြည့်မယ်နော်။ အစ်မစဉ်းစားမိတာကတော့ “အဖြေ”တဲ့... တခါတလေမှာ အဖြေကို သိပေမယ့် မသိချင်ယောင် ဆောင်နေမိတာတွေ အဖြေကို လက်မခံနိုင်တာတွေ ရှိနေတတ်ပါတယ်... ဒါနဲ့ပဲ ခါးသက်သက် အဖြေကိုပဲ မျက်စိစုံမှိတ်ပြီး ထွေးပိုက်ထားမိကြပြန်ရော... ဒါကိုလည်း ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး... မောင်လေး စိတ်ချမ်းသာ ပျော်ရွှင်ပါစေလို့ပဲ အစ်မ ဆုတောင်းပေးချင်ပါတော့တယ်...

ဝေလေး said...

အင်း
ကဗျာလေးကောင်းတယ်အစ်ကို.....
မမရွှေပြည်သူပေးသွားသလိုပဲ အဖြေ ဆိုတဲ့ ခေါင်းစဉ်လေးတော့ သဘောကျတယ်။

" မရေရာတဲ့အခြေအနေတစ်ခုကို ကျော်ဖြတ်ရတာ
အတွေဝေဆုံးပဲ။
မလေးနက်တဲ့ လူတစ်ယောက်ကိုချစ်ရတာ
အပင်ပန်းဆုံးပဲ။
မသေချာတဲ့အဖြေတစ်ခုကို ရလိုက်တာဟာ
စိတ်အရှုပ်ထွေးဆုံးပဲ။
ဂရုမစိုက်တတ်တဲ့လူတစ်ယောက်ကိုချစ်ရတာ
အပူလောင်ဆုံးပဲ။
မဖြစ်နိုင်တဲ့အရာကို မျှော်မှန်းရတာ
စိတ်အပင်ပန်းဆုံးပဲ။
မင်းအကြောင်းတွေးမိတိုင်း
ရင်အမောဆုံးပဲ။ "

ဒီစာကြောင်းလေးတွေတော့ သဘောအကျဆုံးပဲ။....

Anonymous said...

ဖြူစင်သူရဲ့ ဘလော့ဂ်က ကဗျာနှစ်ပုဒ်ကို ပေါင်းပြီး ရေးထားသလိုပဲနော်။ တကယ်လို့ ကြိုက်လို့ ကူးယူထားတယ်ဆိုရင်လဲ reference တို့ citation တို့တော့ လုပ်ပေးသင့်တယ် ထင်ပါတယ်။ ဒါက ပိုက်ဆံ တစ်ပြားမှ မရတဲ့ အွန်လိုင်းဘလော့ဂ်တွေဆိုပေမယ့် အနုပညာကိုတော့ လေးစားသင့်တယ်လို့ ထင်ကြောင်းပါ။
ဖြူစင်သူရဲ့ ကဗျာနှစ်ပုဒ်က ဒီမှာပါ

http://phyusinthu.blogspot.com/2008/10/blog-post_1320.html

http://phyusinthu.blogspot.com/2008/10/blog-post_23.html