မလင်းလက်တဲ့ကို့အချစ်

သတိရလားလို့မေးရင် သတိမရဘူးလို့ ဖြေရမှာပါပဲ . . အချစ်က ကိုယ့်အတွက်မလင်းလက်ခဲ့ဘူး . . ဒီတော့ ကိုယ်က အချစ်ကို မယုံတော့ဘူးပေါ့ . . စွဲလမ်းခြင်းတွေတောင် မြဲကြတာမဟုတ်ဘူး . . မနေ့က အဲ့ကောင်မလေးကို အရူးအမူးစွဲလမ်းခဲ့ပေမဲ့ ဒီနေ့ကြ တခြားကောင်မလေးတစ်ယောက်ကို စွဲလမ်းနေတာမျိုး . . အိမ်မက်ထဲမှာလဲ လူဦးရေများတာပါပဲ . . ညဥ့်ဦးယံမှာ ကိုယ်နဲ့ကြိုက်ခဲ့တဲ့တစ်ယောက်ကို အိပ်မက် မက်ကောင်းမက်နေလိမ့်မယ် . . သန်းခေါင်ယံကြတော့ ကိုယ်ကြွေခဲ့တဲ့မိန်းကလေးတစ်ယောက်ကို အိပ်မက်နဲ့ တမ်းတဖြစ်မယ်. . ဒီလိုပဲလေ . . သူကိုယ့်ကို ပြန်မချစ်တာမပြောနဲ့ ကိုယ်သူ့ကို တခြားသူတွေထက် ပိုချစ်သလားမချစ်ဘူးလားတောင် မသဲကွဲပါဘူး . . အနေနီးတာများလို့ သူ့အကြောင်းပိုတွေးနေမိတာ ဖြစ်ကောင်းဖြစ်လိမ့်မယ် . . သူလှသလိုရှိတာကလည်း သူ့ဘက် စိတ်ယိမ်းနေတာဖြစ်မှာပါပဲ . . မနက်ဖြန် ဘယ်သူနဲ့တွေ့မယ်ဆိုတာ ဘယ်သူတပ်အပ်သိနိုင်မှာတဲ့လဲ . . ကဲ . . ကိုယ်ကကော နောင် ဘယ်လောက်ချစ်တတ်ဦးမှာလဲ . . အကြွေလွယ် အကောက်ခက် နွမ်းလို့လေလားကွယ် ကိုယ်ကလည်း တစ်ချိန်က ပန်းဖြစ်ခဲ့တာပါပဲ . .

2 comments:

thihanyein said...

ဆရာရေ***အချစ်ပန်းလေးနွမ်းနေပြီလား**
ရေလောင်းပေါင်းသင်ပေးမယ့်သူရှိရင်
တစ်နေ့တော့ **ဖူးပွင့်လာဦးမှာပါ**

Unknown said...

ဒါတွေကြိုက်၏။
သတိရလားလို့မေးရင်
သတိမရဘူးလို့ ဖြေရမှာပါပဲ . .
အချစ်က ကိုယ့်အတွက်မလင်းလက်ခဲ့ဘူး . .
ဒီတော့ ကိုယ်က အချစ်ကို မယုံတော့ဘူးပေါ့ . .
အကြွေလွယ်
အကောက်ခက်
နွမ်းလို့လေလားကွယ်
ကိုယ်ကလည်း တစ်ချိန်က ပန်းဖြစ်ခဲ့တာပါပဲ . .