အချစ်

ငါ့မျက်လုံးတွေမှေးစက်ချိန်မှာ နှလုံးသားထဲမှာ ပြေးဆော့နေတာ မင်းရဲ့ပုံရိပ်တွေပါ။ *နှလုံးသွေးတစ်ချက်ခုန်လိုက်တိုင်းမှာ ငါ့တစ်ကိုယ်လုံးမှာစီးမျောနေတာ မင်းကိုချစ်တဲ့ ငါ့ရဲ့ဝိဥာဉ်တွေပါ ။ *ငါ့ရဲ့အချစ်တွေကို မင်းလျစ်လျူရှုတဲ့အခါ ငါ့မျက်ဝန်းမှာခိုတွဲလာတာ ၀မ်းနည်းခြင်းရဲ့သက်သေ နှလုံးသားရဲ့မျက်ရည်တစ်စက်ပါ။ *ငါဝန်ခံပါတယ်ချစ်သူ မင်းကိုစွဲလမ်းလို့တမ်းတ ငါ့ရဲ့အလွမ်းညတွေလဲ ကြာရှည်ခဲ့ပါပြီ ။ *ငါ့ရဲ့ဘ၀ဟာမင်း ငါ့ရဲ့ညဟာမင်း ငါ့ရဲ့အရာအားလုံးဟာမင်း မင်းအတွက်ရှင်သန်တဲ့ငါ တစ်ကယ်တော့ငါဟာငါမဟုတ်ခဲ့ပါဘူး။ *အသိအမှတ်မပြုရင်တောင် ကျောခိုင်းမသွားပါနဲ့ မယုံကြည်ရင်တောင် လျစ်လျူရှုမထားပါနဲ့ချစ်သူ။ *မမြင်နိုင်ရင်တောင် လှည့်ကြည့်ပေးပါ မကြားနိုင်ရင်တောင် နားစွင့်ပေးပါချစ်သူ ။ *အတိတ်တွေကိုစွန့်ခွါ သာယာတဲ့အနာဂါတ် ပျော်စရာအိမ်မက်တွေထဲက တမ်းတခဲ့ငါ့ရဲ့ဧဒင် ထာဝရှင်သန်နေစေဖို့ မင်းလေးရဲ့မေတ္တာ အကြင်နာတွေဆောင်ကြဉ်း ငါ့ဘ၀ကိုလင်းလက်ပေးပါချစ်သူ။

4 comments:

ရွှေပြည်သူ (ShwePyiThu) said...

“အတိတ်တွေကိုစွန့်ခွါ
သာယာတဲ့အနာဂါတ်
ပျော်စရာအိမ်မက်တွေထဲက
တမ်းတခဲ့ငါ့ရဲ့ဧဒင်
ထာဝရှင်သန်နေစေဖို့
မင်းလေးရဲ့မေတ္တာ
အကြင်နာတွေဆောင်ကြဉ်း
ငါ့ဘ၀ကိုလင်းလက်ပေးပါချစ်သူ”

မောင်လေးရဲ့ဆန္ဒတွေ တနေ့တော့ သေချာပေါက် ပြည့်ပါစေလို့ အစ်မဆုတောင်းပေးပါတယ် ကိုတိုးလေးရေ... စိတ်ချမ်းသာပါစေ မောင်လေး...

thihanyein said...

ကဗျာကောင်းလေးကို ခံစားသွားတယ်ကိုတိုးရေ
အရေးအသားလေးတွေက နုတယ်ဗျ နော်

မသက်ဇင် said...

တမ်းတခဲ့ငါ့ရဲ့ဧဒင်
ထာဝရှင်သန်နေစေဖို့
မင်းလေးရဲ့မေတ္တာ
အကြင်နာတွေဆောင်ကြဉ်း
ငါ့ဘ၀ကိုလင်းလက်ပေးပါချစ်သူ။
ကိုတိုးလေးရေ ကိုတိုးလေးချစ်သူရဲ့ ---
အကြ င်နာတွေရပါစေရှင်---

WWKM said...

ငါ့မျက်လုံးတွေမှေးစက်ချိန်မှာ
နှလုံးသားထဲမှာ
ပြေးဆော့နေတာ
မင်းရဲ့ပုံရိပ်တွေပါ။

*နှလုံးသွေးတစ်ချက်ခုန်လိုက်တိုင်းမှာ
ငါ့တစ်ကိုယ်လုံးမှာစီးမျောနေတာ
မင်းကိုချစ်တဲ့
ငါ့ရဲ့ဝိဥာဉ်တွေပါ ။

*ငါ့ရဲ့အချစ်တွေကို
မင်းလျစ်လျူရှုတဲ့အခါ
ငါ့မျက်ဝန်းမှာခိုတွဲလာတာ
ဝမ်းနည်းခြင်းရဲ့သက်သေ
နှလုံးသားရဲ့မျက်ရည်တစ်စက်ပါ။

*ငါဝန်ခံပါတယ်ချစ်သူ
မင်းကိုစွဲလမ်းလို့တမ်းတ
ငါ့ရဲ့အလွမ်းညတွေလဲ
ကြာရှည်ခဲ့ပါပြီ ။

*ငါ့ရဲ့ဘ၀ဟာမင်း
ငါ့ရဲ့ညဟာမင်း
ငါ့ရဲ့အရာအားလုံးဟာမင်း
မင်းအတွက်ရှင်သန်တဲ့ငါ
တစ်ကယ်တော့ငါဟာငါမဟုတ်ခဲ့ပါဘူး။

*အသိအမှတ်မပြုရင်တောင်
ကျောခိုင်းမသွားပါနဲ့
မယုံကြည်ရင်တောင်
လျစ်လျူရှုမထားပါနဲ့ချစ်သူ။

*မမြင်နိုင်ရင်တောင်
လှည့်ကြည့်ပေးပါ
မကြားနိုင်ရင်တောင်
နားစွင့်ပေးပါချစ်သူ ။

*အတိတ်တွေကိုစွန့်ခွါ
သာယာတဲ့အနာဂါတ်
ပျော်စရာအိမ်မက်တွေထဲက
တမ်းတခဲ့ငါ့ရဲ့ဧဒင်
ထာဝရှင်သန်နေစေဖို့
မင်းလေးရဲ့မေတ္တာ
အကြင်နာတွေဆောင်ကြဉ်း
ငါ့ဘ၀ကိုလင်းလက်ပေးပါချစ်သူ။

မောင်လေးကိုတိုးရေ...
ကဗျာလေးတစ်ပုဒ်လုံးကြိုက်သွားလို့ တစ်ပုဒ်လုံး
ကူးချလိုက်တာနော်.

မောင်လေးရဲ့ ဆန္ဒတွေပြည့်ဝနိုင်ပါစေလို့ အမ ဆုတောင်းပေးလိုက်ပါတယ်နော်။

ခင်မင်စွာနဲ့
မမ၀ါ