သစ်ပင်

အလင်းရောက်ကို လုယက်ရင်း ငါ့လက်တွေမြောက် ကွေးကောက်ခဲ့ရ ဝမ်းစာအတွက် ရုန်းကန်ရင်း ငါ့ခြေထောက်တွေကောက် ဒူးထောက်ခဲ့ရ ဒါပေမဲ့ ငါ့မြေငါထွန်ယက် ငါ့မြေသြစာငါကျွေး ငါ့မျိုးဆက်ကို ငါပဲမွေးခဲ့တယ်။

4 comments:

WWKM said...

ကဗျာလေး လာရောက်ခံစားသွားပါတယ် မောင်လေး
ကိုတိုး ရေ...
ကျန်းမာပျော်ရွှင် အဆင်ပြေပါစေ။

ဝေလေး said...

ကဗျာလေးကတစ်မျိုးလေးပဲ
အားမာန်တွေပါနေတယ်.. အင်း..
ထင်တာပြောသွားပြန်ပြီ... :P

thihanyein said...

အလင်းရောက်ကို လုယက်ရင်း
ငါ့လက်တွေမြောက်
ကွေးကောက်ခဲ့ရ
ဝမ်းစာအတွက် ရုန်းကန်ရင်း
ငါ့ခြေထောက်တွေကောက်
ဒူးထောက်ခဲ့ရ
ဒါပေမဲ့
ငါ့မြေငါထွန်ယက်
ငါ့မြေသြစာငါကျွေး
ငါ့မျိုးဆက်ကို ငါပဲမွေးခဲ့တယ်။

တစ်ပုဒ်လုံးကြိုက်လို့ ပြန်ကူးထည့်လိုက်တယ်
မိုက်တယ်ဗျာ ကဗျာလေးက ရင်ကလာတယ်ဆိုတာ
သိသာနေတယ်....ဒါပေမယ့် အခြားတစ်ဘက်မှာ
ဘ၀ကိုအရှူံးမပေးတတ်တဲ့စိတ်လေးကလည်း ဒွန်တွဲ
ပါနေတယ်ဗျာ ...
ကဗျာကောင်းလေးတစ်ပုဒ်ဗျာ
အားပေးတယ်...

သီဟညိမ်း

Unknown said...

I like it.