အချစ်အကြောင်းလေးပါ

ကျွန်တော့်ကိုယ်တွေ့တော့မဟုတ်ဘူးနော် ကျွန်တော်အရမ်းခင်တဲ့သူငယ်ချင်းတစ်ယောက်ရဲ့အချစ်အကြောင်း လေးကို နည်းနည်းလောက်ရေးချင်လို့ပါ။ သူငယ်ချင်းကရည်းစားထားတယ် ဟိုအရင်ဆယ်တန်းကျောင်းသား ဘဝ လောက်ကတည်းက စချစ်ခဲ့ကျတာ အဝေးသင်တက်တဲ့ တတိယနှစ်ရောက်တဲ့အထိဆိုပါတော့။ အဲလိုသူတို့ နှစ်ယောက်ချစ်နေကျတာကိုမိဘတွေက မသိကျသေးဘူး။ ကောင်လေးကလည်း ကောင်မလေးကိုအရမ်းချစ်တယ် အရမ်းလည်းအလိုလိုက်တယ်။ သူတို့နှစ်ယောက် သုံးနှစ် သုံးမိုး ချစ်ခဲ့ကျတဲ့အတိုင်းအတာနဲ့ တစ်ယောက်ကို တစ်ယောက်အရမ်းကို သံယောဇဉ်ဖြစ်နေကျတဲ့ အချိန်မှာ မိဘတွေက သိသွားကျတယ်။ အထူးသဖြင့်ကောင်လေး ရဲ့မိဘတွေက အရင်သိသွားတယ် အဲအချိန်မှာပဲ ကောင်လေးအမေက ကောင်လေးကို ကောင်မလေးနဲ့သဘော မတူဘူးလို့ပြောလိုက်တဲ့အချိန်မှာ ကောင်လေးက ကောင်မလေးကို အဆက်အသွယ်ဖြတ်ပစ်လိုက်တယ်။ အဲဒီအချိန်မှာကောင်မလေးက အရမ်းကိုပေါက်ကွဲသွားတယ်။ သူ့ကို ချစ်ဟန်ဆောင်ခဲ့တယ်ဆိုပြီး ကောင်လေးကို အရမ်းကိုမုန်းတီးသွားတယ်။ အမှန်တော့ ကောင်လေးလည်းကောင်မလေးကို အရမ်းချစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အမေ စိတ်ထိခိုက်မှာ စိုးရိမ်တဲ့ စိတ်တစ်ခုတည်းနဲ့ကောင်မလေးကို ဖြတ်ပစ်လိုက်တယ်။ အဲလို အချစ်မျိုးကို သူငယ်ချင်းများအားလုံး ဘယ်လိုထင်မြင်ပါသလဲ အကြံညဏ်လေးများပေးနိုင်ရင်ပေးကျပါ။ ကျွန်တော့်ရဲ့ သူငယ်ချင်းကို ကူညီချင်လို့ပါ အရမ်းချစ်ပြီးခွဲနေရတဲ့ဘဝတွေကို မမြင်ချင်လို့ပါ။ အားလုံးနည်းလမ်းတွေပေးနိုင်ရင်ပေးကျပါ။ ကျွန်တော်က အချစ်အကြောင်းကို မသိတော့သိပ်မခံစားတတ်သေးဘူးဗျာ။ ကိုယ်လည်းခံစားတတ်တဲ့တစ်နေ့ သူလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ။ လိမ်မာရင် ကိုးရီးယား ရုပ်ရှင်ထဲကလို ကျိုက်ထီးရိုးကို ကုန်းပိုးပြီးလိုက်ပို့မယ် မလိမ်မာရင်တော့ နည်းနည်းလေးပဲချစ်တော့မယ်။ အားလုံးရဲ့ထင်မြင်ချက်လေးများကို ပြောခဲ့စေချင်ပါတယ်ခင်ဗျာ။

5 comments:

Anonymous said...

သဘော မတူဘူးဆိုပေမယ့် ကောင်မလေးမှာ ဆိုးရွားတဲ့ ပြစ်ချက်ကြီးမရှိဘူးဆိုရင်တော့ ကောင်လေး မှားတယ်လို့  ထင်ပါတယ် သားလိမ္မာ့ဖြစ်တာတော့ ကောင်းပါတယ် ဒါပေမယ့် ကိုယ်လည်း တကယ်ချစ်တယ် ကိုယ့်ကိုယ်လည်း တကယ်ချစ်တဲ့ သူတစ်ယောက်ကို ဒီလိုဆိုတော့ သိပ်မကောင်းသလားလို့  တစ်ချို့  မိဘတောင် မသိသေးခင် ခိုးပြေးကြတဲ့သူတွေဆို ဘယ်လိုလုပ်မလဲး) ။ ကျနော်သာဆိုရင်တော့ အချစ်ကိုပဲရျာမယ် မိဘကိုလည်း ပစ်မထားပဲ သူတို့ လက်ခံလာတဲအထိ ၂ ယောက်စလုံး ကြိုးစားမယ် အချစ်စစ် နဲ့  အရာအားလုံးကျော်လွှားနိုင်ပါစေဗျာ။

စိုးထက် - Soe Htet ! said...

မိဘ က သဘောမတူ လောက်အောင် အကြောင်းပြချက် ခိုင်ခိုင် လုံလုံ မရှိရင် ... ကိုယ် တိုင် ရွေး ပေါ့ ... ကိုယ် ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ပေါ့ ဗျာ ...

ခိုင်လုံနေရင်တော့ မမိုက်ပါနဲ့ :)

လားရှိုးသူ said...

ကိုယ်က ပေါင်:မှာလေ၊ မိဘဆိုတာက သားသမီးကို ပစ်ရိုးထုံးစံ မရှိပါဘူး၊ ကြီးမားတဲ့ ပြစ်ချက်တွေသာ ရှိမနေဘူးဆိုရင်၊ အချိန်ယူပြီး နားလည်အောင်ဖြောင်းဖျ ပြောဆိုယူရင်ရပါတယ်။ တကယ်ချစ်ရင် စောင့်နိုင်ရမှာပေါ့၊ သဘောတူလာတဲ့ထိ။

thihanyein said...

အကို…ကောင်လေးကောင်မလေး ဘယ်သူမှားတယ် မှန်တယ်ကျွန်တော်တော်မပြောဘူး
ဒါပေမယ့် အမြင်မတူတာလေးတော့ပြောပြချင်တယ် အကိုစိတ်မဆိုးဘူးထင်ပါတယ်
အကိုကလည်း ထင်မြင်ချက်လေးပေးခဲ့ပါဆိုလို့ ကျွန်တော့်အမြင်ကိုပြောမယ်…
ကောင်လေးက ကောင်မလေးကို ချစ်ရဲ့သားနဲ့ ဖြတ်ပစ်လိုက်တာကတော့ လွန်တယ်လို့
ကျွန်တော်မြင်တယ် …နှစ်ယောက်အတူဘ၀ကို
နစ်အတူ ပေါ်အတူရင်ဆိုင်နိုင်တာကို အချစ်လို့ ကျွန်တော်မြင်တယ်….လူကြီးတွေကတော့
သားသမီးတွေရဲ့ ဘ၀ရှေ့ရေးကို စဉ်းစားရာမှာ လက်တွေ့ကိုပဲ ဦးစားပေးတယ်..လူငယ်တွေ
ကတော့ လက်တွေ့ကိုယ်ထက် ဘ၀ရဲ့တန်ဖိုးတွေကို ဦးစားပေးတယ်လို့ မြင်တယ်…
အချစ်မှာအကြောက်တရားမရှိဘူးအကို..အချစ်ကြောက်တာဘာမှမရှိဘူး…..တကယ်ချစ်တယ်ဆိုရင် စွန့်စားနိုင်ရမယ်...တစ်ခုတော့ရှိတယ်..ကောင်မလေးဘ၀ လှပဖို့ ဖြတ်ပစ်တာဆိုရင်
တော့ မပြောလိုဘူး…ဒါဆိုရင် ကောင်မလေးဘ၀ က ကိုယ်နဲ့ အတူနေရင်ပဲ မလှတော့ဘူးလို့
ကောင်လေးက ကိုယ်ကိုယ်ကို ယူဆသလိုဖြစ်နေတယ်…..မှားတယ်မှန်တယ်မပြောဘူးဆိုပေ
မယ့်..ကောင်လေး အဲဒီလိုလုပ်ခြင်းဟာ တစ်ကိုယ်ကောင်းဆန်တယ်လို့ မြင်တယ်….ဒီနေရာ
မှာ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ ကောင်မလေးကိုထည့်မတွက်တာကိုပြောတာပါ….
ကျွန်တော်မှားချင်လည်းမှားမယ်…မှားရင်လည်းပြင်ပေးပေါ့အကို ….စေတနာသက်သက်နဲ့
ပြောတဲ့ အမြင်မိုလို့ မှားတာပါရင် ရိုင်းတာပါရင်လည်း ခွင့်လွတ်ပေးပါ…..


သီဟညိမ်း

ဖူးဖူး said...

အခုဇတ်လမ်းမှာ လူ၃ယောက်ပါတယ်နော်. တစ်ယောက်ချင်းစီနေရာက ၀င်ပြီးခံစားကြည့်တာပေါ့
အရင်းဆုံး ကောင်လေးမိခင်- သူကရော သဘောမတူဘူးဆိုတာ အကြောင်းပြချက်တော့ ရှိလိမ့်မယ်။အဲ့အကြောင်းပြချက်ကရော တခြားသူအတွက် မဖြစ်နိုင်ဘူး။ သူ့သားအတွက် သူ့မိသားစုအတွက်ပဲ ဖြစ်လိမ့်မယ်လို့ ထင်မြင်တယ်။ နောက်ပြီး ကောင်လေး .....သူ့ကောင်းမလေးကို ဖြတ်လိုက်တယ်ဆိုတော့ မိဘစကားနာထောင်တဲ့သား roleကို ပိုပြီးခံယူလိုက်တာပေါ့။တကယ်လို့ ကောင်းမလေးနဲ့ညှိယူပြီးမရတဲ့အတွက် ဖြတ်လိုက်တာဆိုရင် ကောင်လေးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်လိုက်တာပါ။ လူနှစ်ယောက်ပျော်ရွင်မှုနဲ့ မိဘ စိတ်ချမ်းသာမှုကို လဲလိုက်တယ်လို့ ယူဆမိတယ်။ နောက်ဆုံးကောင်မလေး- သူအနေနဲ့ ချစ်သူနဲ့ နောင်ပတ်သက်လာမဲ့ အသိုင်းအ၀ိုင်းနဲ့ လိုက်လျောညီထွေမှု ဖြစ်ဖို့လိုတယ်လေ။ အဲ့တော့ သူဘ၀။စရိုက်နဲ့လိုက်လျောညီထွေမှုမရှိတဲ့ နေရာတစ်ခုမှာ အချိန်ကုန်စရာမလိုဘူးလို့ထင်တယ် ။အဲ့တော့ ဖြစ်လာမှုတွေကို လက်ခံလိုက်ပြီး ကိုယ့်အတွက် ဒီထက်ကောင်းအောင် ဆက်ကြိုးစားသင့်တယ်