အချစ်အကြောင်းလေးဆက်ရေးချင်လို့ပါ

အရင်က ကျွန်တော်ရေးခဲ့တဲ့အချစ်အကြောင်းလေးကို ပြန်ရေးချင်လို့ပါ။ အရင်က အချစ်အကြောင်းလေးမှာ ကိုမောင်မျိုး၊ ကိုကြီးစိုးထက်၊ မလားရှိုးသူ၊ဖူးဖူးနဲ့ သီဟညိမ်းတို့ ဝေဖန်ပေးခဲ့ကျပါတယ်။ အမှန်တစ်ကယ် တော့ကျွန်တော်ရေးတဲ့အချစ်အကြောင်းလေးမှာ ကျွန်တော်ရဲ့သူငယ်ချင်းကို အရမ်းကို သနားမိပါတယ်။ ဘာလို့လည်းဆိုရင် သူအရမ်းချစ်တဲ့ချစ်သူကို သူလက်လွတ်ဆုံးရှုံးခံလိုက်ရတယ်။ အဓိက အကြောင်းအရင်း တစ်ခုက မိဘတွေက သဘောမတူဘူးလို့ပြောတာကို။ အမှန်တစ်ကယ်မှာလည်း မိဘတွေက သဘောမတူဘူး ကောင်လေးက သားလိမ္မာဖြစ်ချင်တယ်။ တစ်ကယ်တမ်း တော့ ကောင်လေးက ပေါင်းမှာလေ မိဘကပေါင်းမှာ မှမဟုတ်တာကို ဆိုတဲ့စကားကိုလည်းလက်ခံပါတယ်။ အမှန်တစ်ကယ်တမ်း ကောင်လေးရဲ့မိဘတွေဘက် ကသဘောမတူရတဲ့အချက်ကတော့ ကောင်မလေးမှာ မိဘတွေလက်မခံနိုင်လောက်တဲ့ အကျင့်လေး တစ်ခုရှိ နေပါတယ်။ အဲဒါကတော့ ကောင်လေးဘက်က မျိုးရိုးဗီဇ ကောင်းမှာလို့ပြောတာကို ကျက်မှာအရိုး လူမှာအမျိုး ဆိုတဲ့ မြန်မာစကားပုံတောင် ရှိသေးတာကို အဲဒါကို အားလုံးနည်းပါးလက်ခံထားကျတယ်လေ။ ကောင်မလေးရဲ့ မိဘတွေက မျိုးရိုးမကောင်းဘူးဗျာ။ မကောင်းဘူးဆိုမှာတော်တော်လေးကို မကောင်းတာဗျာ။ ကျွန်တော်ခပ်ခပ်ရိုင်းရိုင်းပဲပြောလိုက်တော့မယ်နော်။ ဒီလိုမျိုးတွေကို ကျွန်တော်လည်းမပြောတတ်လို့ပါ ကောင်မလေး အမေက ၁၂ကြိုးအောင်ထားသည်အထိတတ်တယ်ဗျာ။ ပြီးတော့ကောင်လေးရဲ့အမေကိုလည်း ကောင်မလေး ရဲ့အမေက တစ်ခါဖမ်းစားဖူးတယ်။ အဲဒီအချက်တွေနဲ့တင်မိဘတွေက ကောင်မလေးကို သဘောမတူတာပါ။ ကျွန်တော်စာရေးတာ အမှားပါရင် ပြင်ဆင်ပြီး ဖတ်ပေးစေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ကျွန်တော် ကလည်းစာသိပ်မရေးတတ်သေးလို့ပါဗျာ။ ကဲအားလုံးပဲဗျာ ကျွန်တော်ရေးတာကို ဝေဖန်ပေးခဲ့ကျပါအုံး အခုလိုကောင်လေးရဲ့အမေကို ဒီလိုပြုစားခံလိုက်ရတာကို ကောင်လေးက ဒီကောင်မလေးကို ယူမယ်ဆိုရင် သူ့အမေရဲ့စိတ်ထဲမှာ ဘယ်လိုနေမလည်း။ ပြီးတော့ ကောင်မလေးဆီမှာရော ဒီအကျင့်တွေပါမလာဘူးလို့ ဘယ်သူပြောနိုင်မလည်း။ ကောင်လေးက အခုလိုလမ်းခွဲလိုက်တာ မှန်လားမမှန်ဘူးလားဆိုတာတော့ စာဖတ်ရင်းနဲ့ကို အဖြေကပေါ်နေပါပြီဗျာ။ ဝေဖန်အကြုံပြုခဲ့ကျပါအုံးလို့ ပြောကြားချင်ပါတယ်ဗျာ။ ဘလောင့်ဂါ ညီအစ်ကို မောင်နှစ်မအားလုံးပျော်ရွှင်ပါစေဗျာ။

7 comments:

Anonymous said...

အတွေးလေးကိုလက်ခံပါတယ် ။ အိမ်ထောင်တစ်ခုအတွက် နှစ်ဖက်မိကလည်း အရေးကြီးတင်လို့ ထင်တယ် အသိုင်းဝိုင်းတစ်ခု နဲ့ တစ်ခု အအဆင်ပြေမှ ပျော်ရွှင်တဲ့ အိမ်ထောင်ရှင်တွေ ဖြစ်နိုင်မယ်ထင်တယ် ကောင်လေးရဲ့ ဆုံးဖြတ်ချင်ကို လက်ခံပါတယ် ဘယ်သူမဆို အချစ်ကိုဦးစားပေးနိုင်ပေမယ့် ဒိလို ကိုယ့်ရဲ့ မိသားစုနဲ့  ပက်သက်နေတဲ့ ပြဿနာ တစ်ခုဆိုတော့ တော်တော် စဉ်းစားရခက်မယ်ထင်တယ် ။ ဒါပေမယ့် ကောင်မလေးကိုတော့ သနားနေတုန်းး) ဘာဖြစ်လို့ လည်းဆိုောတ့ သူ့ ရဲ့ အမေမှာ အမှားကျူးလွန်းခဲ့တာရှိပေမယ့် သူ့ မှာ အမှားမရှိသေးဘူးလေ သူ့ ရဲ့ အချစ်က ကောင်လေး အပေါ်ဖြူစင်ခဲ့တယ်လို့ ထင်တယ် ။

( အများကြီးတော့မပြောတက်ဘူး ကိုတိုးရေ့ သိသလောက်တော့ ဆွေးနွေးခဲ့တယ်နော့် ။)

Unknown said...

အဲဒီလောက်နဲ့တော့ မကွဲသင့်ပါ။ ခေတ်မမှီတော့တဲ့ အတွေးတွေ ချန်ထားခဲ့သင့်ပြီဗျာ။

ပါဂနာ said...

ဖြေပြီနော်...

“အချိန်” ဆိုတဲ့ သမားတော်က အကောင်းဆုံး
ကုစားသွား ပါလိမ့်မယ်.

(ချစ်သူတိုင်း ညားစေချင်တဲ့)

ပါဂနာ

thihanyein said...

ကျွန်တော်ထင်ခဲ့တာက အကိုက အချစ်အကြောင်းကိုပြောတယ်လို့ ထင်ခဲ့တာ
ခုတော့ ဘ၀ အကြောင်းကြီးကိုးအကိုရ…ဒီလိုဆိုရင်တော့ မဝေဖန်တတ်တော့ဘူးလို့
ပြောရတော့မှာပဲ……ဒါပေမယ့် အကိုကြီးစိုးထက်ဘလော့မှာ ရေးပေးခဲ့သလိုပေါ့…
လောကဓံတရားကို ရင်ဆိုင်ချင်ရင် အစွန်းတဘက်တော့ရောက်အောင်သွားရမယ်…
ဆင်းရဲတာကို ရှောင်ပြီးချမ်းသာတဲ့အပိုင်းကိုသွားရမယ်….၀မ်းနည်းတာကိုရှောင်ပြီး
ဝမ်းသာတဲ့ အပိုင်းကိုသွားရမယ်….ဦးနှောက်ကို ဦးစားပေးမလား ….ခံစားတတ်တဲ့
နှလုံးသား နုနုကို ဦးစားပေးမလား…ဒါပဲရှိတယ်…..ယဓဓမ္မကို ဦးစားပေးတဲ့သူက
ဆန္ဒရာဂ ကိုဦးစားပေးလို့ မရသလို ဆန္ဒရာဂ ကိုဦးစားပေးတဲ့သူက ယဓဓမ္မကိုတော့
ဦးစားပေးလို့မရဘူး….ပြီးတော့ စုန်း ကဝေ ဆိုတာလည်း ဘုရားဟောထဲမှာ မပါဘူးလို့
ထင်တယ်…မှန်လား မမှန်လားတော့ မပြောတတ်ဘူး…သေချာတာကတော့ အချစ်ကို
ဘ၀ နဲ့သွားရောတာ ပဲ….ကျွန်တော်မှားရင်ပြင်ပေးအကိုရေ….ပြောခဲ့ဆိုလို့ ပြောခဲ့ပြီးပြီ…
ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ…..

ဖူးဖူး said...

အကို
ဒီလိုဆိုရင် ကောင်လေးအနေနဲ့ စဉ်းစားစေချင်တယ်။ သူ့အနေနဲ့ချစ်သူနဲ့ ပေါင်းရလို့ စိတ်ချမ်းသာချင်ချမ်းသာမယ်။ ဒါပေမဲ့ မိဘစိတ်ဆင်းရဲမှုနဲ့လဲရဲလားပေါ့။ ပေါင်းရမှာက ကောင်မလေးနဲ့ဆိုပေမဲ့ မိဘနဲ့သားသမီးကရော အိမ်ထောင်ပြုပြီးတာနဲ့ ဘာမှ မဆိုင်တော့ဘူးလား။ ဒါတွေစဉ်းစားစေချင်တယ်။

လားရှိုးသူ said...

ချစ်ခြင်းဆိုတာ ရှင်သန်ခြင်းတဲ့၊ ဒီတယောက်နဲ့မှ မဟုတ်၊ နောက်တယောက် ကိုလည်း အဲလောက်ကြီး စွဲစွဲလမ်းလမ်း မဟုတ်တောင် ချစ်လာနိုင်ပါတယ်။ မိဘဆိုတာ အစားထိုးလို့ မရသလို၊ ပြန်မွေးယူလို့မရပါဘူး။

ရွှေပြည်သူ (ShwePyiThu) said...

မိဘစိတ်ချမ်းသာအောင် ဆုံးဖြတ်ခဲ့တာကိုတော့ ချီးကျူးပါတယ်။ နှစ်ယောက်ပဲပေါင်းတာလို့ ပြောကြပေမယ့် နှစ်ဘက်ဆွေမျိုးကတော့ ထည့်ကိုစဉ်းစားရမှာပါ။ မိဘတွေက အဲဒီလို အယူအဆတွေကို စွဲစွဲလမ်းလမ်း ယုံကြည်နေတော့လည်း ခက်သားပဲနော်။ ကြားထဲက အချစ်ကတော့ နစ်နာသွားတာပေါ့လေ...