အရင်ကဗျာ ရဲ့ အဆက်လေးပါ

တစ်စုံတစ်ယောက်ကပြောတယ် `ကြယ်တစ်ပွင့် ကြွေသွားတိုင်း နှမြောတသမနေပါနဲ့  ´ တဲ့  ဒါပေမယ့်......ခုထိတော့ ငါ့ရင်ခွင် ကောင်းကင်မှာ အချိန်အတော်ကြာ ထွန်းလင်းခဲ့ တဲ့ တစ်ပွင့်တည်းသော ကြယ်လေးကိုမှန်းဆရင်း ရူးနေရဆဲပါပဲ.............။ တစ်စုံတစ်ယောက်ကပြောတယ် `အကြင်နာမှန်ရင် သူပြန်လာမယ် ´ တဲ့ ဒါပေမယ့်......ခုထိတော့ နယူတန်ရဲ့ နိယာမက ငါ့ကျမှ ကြတ်ခြေခတ်ပြနေလို့  ရေးတေးတေး မျှော်လင့်ချက်လေးကို အစာ ကျွေးနေရဆဲပါပဲ................။ ဆက်ဖတ်ရန်................

ကဗျာကို နာမည်မပေးတတ်လို့ပါ.........

တစ်စုံတစ်ယောက်ပြောတယ် 'ဝေဒနာ ကို သေရာပါတဲ့အထိ ယူမသွားပါနဲ့.....တဲ့ ဒါပေမဲ့..........ခုထိတော့ ဆိုးရွားလှတဲ့ အိပ်မက်တွေက အိပ်စက်ခြင်းကိုတားဆီး အပူမီးတွေ လောက်မြိုက်နေရဆဲပါပဲ............။ တစ်စုံတစ်ယောက်ကပြောတယ် (သူ့ထက်) သာသူနဲ့ဆုံးစည်းပြီး ပျော်ရွှင်တဲ့ချစ်ခရီးကို လျှောက်လမ်းနိုင်မှာပါ.......တဲ့ ဒါပေမဲ့...........ခုထိတော့ အတောမသတ်နိုင်တဲ့ စွဲလမ်းမှုတွေနဲ့ မင်းမှမင်း ဖြစ်နေဆဲပါပဲ..........။

ကဗျာလေး တစ်ပိုဒ်ပါ

ဒဏ်ရာဗလပွနဲ့ အဆိပ်သင့်နေတဲ
့ငါ့နှလုံးသားကို
စာနာမှုအပြည်နဲ
့ဖြေဆေးပေးခဲ့သူက မင်းလေ...၊

လမ်းမပေါ်မှာလမ်းပျောက်နေတုန်း
မင်းကမ်းပေးတဲ့ လက်တစ်ဖက်နဲ
့အသက်ဆက်ခဲ့ ရသူက ငါပေါ့...၊
သေဒဏ်ချခံထားရတဲ
့ငါ့နှလုံးသားက
ဓါးသွားထက်ကပျားရည်တစ်စက်လို
မင်းအချစ်တွေကို စုံမက်နေမိရဲ့ ..၊
သဲ: ကံကြမ္မာမုန်တိုင်းရဲ့ ရက်စက်မှုကြောင့်
့်ပြိုကျသွားတဲ့ အိပ်မက်မြို့ ဟောင်းထဲက
တစ္ဆေတစ်ကောင်ရဲ့ 
စူးရှရှအော်သံတွေကြောင့်
ငါထိတ်လန့် မိတိုင်း
သံသယမျက်လုံးတွေနဲ့ ကြည့်တတ်တဲ့ 
မင်းကိုလည်း
အပြစ်မတင်ရက်ခဲ့ ပါဘူး...၊
အတိတ်တွေသာ အရိပ်လိုလိုက်မလာခဲ့ ရင်
မင်းကို နာကျင်စေမိမှာမဟုတ်ဘူး..၊
ခွင့်လွှတ်ဖို့  မတောင်းဆိုရဲပေမယ့်
နားလည်ပေးစေချင်တာတော့ အမှန်ပါ..၊
သဲ: ဝေဒနာတစ်စုံတစ်ရာကိုကုစားဖို့ 
ခုတုံးလုပ် အသုံးချ
မင်းကို........အစားထိုးခဲ့ တာ မဟုတ်ရပါဘူး...၊
ကျိန်စာသင့်နှလုံးသားတစ်စုံက
မင်းအတွက်
အသစ်တဖန်ပြန်လည်ရှင်သန်လာခဲ့တာပါ..ချစ်သူရယ်....

ဒီနေ့ကျွန်တော့်မွေးနေလေးပါ

ဒီနေ့7/7/2008ရက်နေ့ဟာ ကျွန်တော့်ရဲ့ ၂၃ နှစ်မြောက်မွေးနေ့လေး ဖြစ်ပါတယ်။ မွေးနေ့မှာ ဖေဖေနဲ့ မေမေကို ရိုသေစွာ ရှိခိုးကန်တော့ပါတယ် ဖေဖေနဲကမေမေ။ ဘာလိုလိုနဲ့လူ့ဘဝမှာ အသက်တစ်နှစ်ကြီး လာပြန်ပြီနော်........ လာလည်တဲ့ ဧည့်သည်တော်များကို ကိတ်မုန့်လေးတွေနဲ့ ဧည့်ခံပါတယ်...... ဝအောင်စားသွားကျနော်

















ဘာလိုခေါင်းစဉ်တပ်ရမလည်းမသိလို့ပါ။

  • အချိန်လေးရတုန်း..
  • တက်လိုက်မယ် Online
  • စာကြည့်ချိန်လေး ..လုယက်ပြီး
  • ထိုင်ဦးမယ် Chatting
  • စာမေးပွဲကြီးနီးလာပြီ
  • ဘဲဥ မစား..
  • supply ကြောက်လို့ C plus လည်းရှောင် ။
  • တစ်နေ့ ဘုရား 10ခါရှိခိုးကာ
  • Gtalk တက်လို့ ညည်းချင်းရယ်ဆို ...။
  • စာမေးပွဲက မနက်ဖြန်
  • ဟိုစာရွက် ကူး .. ဒီစာရွက်လှန်
  • notes မရှိလို့ မိတ္တူဆိုင်ပြေး
  • one subject one night လုပ်တာ
  • စာကြည့်စားပွဲထိုင်..
  • ထိုင်မယ်ကြံယုံရှိသေး
  • ဟို့နေ့က ကြိုးစားထားသမျှ...
  • ဒီနေ့တော့ အိပ်ငိုက်နေပြီမို့
  • ခဏလေးတစ်ရေးမှေးမယ်ကြံ ။
  • ကြံယုံပဲ ရှိသေး အိပ်ပျော်သွားပြီမို့ ....
  • တစ်မိုးသောက်ခဲ့ပြန်ပြီ ။
  • ခြေဖျားတွေ လက်ဖျားတွေအေး..
  • အိမ်သာပြေးချင်သလိုလို
  • စိတ်ထဲရယ် ကတုန်ကရင်..
  • ဘယ်လိုဖြေရပါ့လိမ့် ။
  • စာမေးပွဲခန်းဝယ်...
  • ထိုင်ခုံမှာထိုင် မေးခွန်းကိုသေချာကြည့်
  • သေချာသိတာ ဘာမှာမရှိ။
  • အားမလျှော့လေနဲ့.....
  • ဘေးနားကလူကိုကြည့်
  • သူလည်းသိတာဘာမှာမရှိ။
  • အော်... ကိုယ်လို သူလို အတူတူမို့
  • ဖြီးဖြန်းဖို့ကိုပြင်
  • မေးခွန်းတောင် နားမလည်တော့
  • အကျိုးရှိရန် အိပ်ဖို့သာပြင်လေတော့
  • မျှော်လင့်ချက်ရယ် မရှိ
  • သစ္စာစကားသုံးခွန်းသာဆို
  • စာမကျက်ချင်တာအမှန်
  • chatting ထိုင်တာလည်း ဟုတ်၏
  • ဘာမှမရတာ သေချာပါသည် ။
  • ဤမှန်သောသစ္စာ စကားသုံးခွန်းကြောင့်
  • နောင်အခါတွင်...
  • ဘေးနားကလူ စာရပါစေသတည်း.....

ကျောင်းက ဆရာများနေ့လေးပါ






ကျွန်တော်တို့ကျောင်းမှာ မနက်ဖြန်ပေါ့လေ 3/7/2008ရက်ပေါ့နော် ထိုင်းလိုဆိုရင်တော့ 3/7/2551 ပေါ့လေ ဒါကထိုင်းနှစ်ကိုပြောတာပါ။ မနက်ဖြန်မှာကျွန်တော်တို့ ဆရာတွေကို ကန်တော့ကျမယ်လေ ကျောင်းမှာရှိတဲ့ ကျောင်းသူ/သား တွေအားလုံးစုပေါင်းပြီးတော့ ဆရာကန်တော့ကျမှာပါ... ဒီလိုပွဲလေးတွေ မြင်ပြန်တော့လည်း မြန်မာနိုင်ငံက ဆရာကန်တော့ပွဲလေးကို အမှတ်ရလိုက်တာနော်........... ဒါကတော့လည်းသူ့နေရာနဲ့သူ ရှိကျတာပဲလေဗျာ... အခုလုပ်ထားတာက ဆရာတွေကိုကန်တော့ဖို့ရာအတွက် ပန်းတွေနဲ့အလှဆင်ပြီးတော့ ကန်တော့တာပါ။ ကျောင်းမှာက အလုပ်ကများတယ်ဗျာ... မြန်မာတွေဆိုပေမဲ့လည်းနေရာတစ်က သူတို့လုပ် သလိုလိုက်လုပ်နေရတယ်။ ဒါပေမဲ့ကိုယ်သိချင်တာလေးတွေသိလာတာပေါ့ဗျာ....။ အားလုံးသော ဘလော့ဂ် ညီအစ်ကိုမောင်နှစ်မများ ပျော်ရွှင်ကျပါစေဗျာ။

မုန့်လေးတွေစားရအောင်နော်..........

တစ်နေ့က အစ်မတစ်ယောက် gmail ကိုပို့လိုက်တာနဲ့ အမှတ်ရပြီး ဘာပိုစ့်မှာလည်း မရေးနိုင်သေးတော့ ဒီပုံလေးတွေတင်ပေးလိုက်တာပါ။ ကြုက်နှစ်သက်ရင် သုံးဆောင်နိုင်ပါတယ်ဗျာ။












မိန်းခလေးသူငယ်ချင်းတစ်ဦးရဲ့ခံစားချက်လေးပါ


ကျွန်တော့်ကို အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်လေးကို ပြောပြလာလို့ အခုလိုပိုစ့် တစ်ပိုဒ်အနေနဲ့တင်လိုက်တာပါ။ ဒီဇာတ်လမ်းမှာ ဇာတ်ကောင်ကတော့ မိန်းခလေးပဲပြောပါတော့ သူ့ကို ကျွန်တော်က နာမည်လေးပေးထားတယ် နှင်းဆီလို့ဆိုပြီးတော့ပေါ့ဗျာ။ နှင်းဆီက အလုပ်တစ်ခုလုပ်တယ်ပေါ့ ဗျာ။ နှင်းဆီဟာမိဘတွေကို အရမ်းချစ်တယ် မိဘတွေပြောတဲ့စကားကိုမြေဝယ်မကျနားထောင်တယ်။ သူ့ဘဝမှာသူ့မိဘသာသူ့အတွက် အဓိကဆိုပြီးတော့ သူ့စိတ်ကိုသူ သတ်မှတ်ထားတယ်။ နှင်းဆီမိဘတွေက လည်းနှင်းဆီကို အရမ်းချစ်ကျတယ်။ ဘာလို့လည်းဆိုတော့နှင်းဆီက အရမ်းလိမ္မာတယ်လေ ပြီးတော့နှင်းဆီမိဘတွေကလည်း နှင်းဆီလေးကြောင့်သူတို့ စိတ်ချမ်းသာရတယ်ဆိုပြီး မိဘတွေက အရမ်းဝမ်း သာကျတယ် နှင်းဆီကငယ်ငယ်ကလေးကတည်းက ရည်းစားမထားဘူးဘူးပေါ့နော်။ တစ်နေ့တော့နှင်းဆီလေး ရဲ့ဖေဖေက နှင်းဆီကိုစကားတစ်ခုကမ်းလမ်းလာတယ်။ ဘာစကားလည်းဆိုတော့ နှင်းဆီဖြေဖြေရဲ့သူငယ်ချင်း ကနှင်းဆီလေးနဲ့သူသားကိုလက်ထပ်ပေးစေချင်လို့ဆိုပြီးလာတောင်းတယ်ဗျာ.. အဲဒါကြောင့်နှင်းဆီဖေဖေက နှင်းဆီကို သမီးလေးစဉ်းစားစေချင်တယ်ပေါ့လေပြောတယ်။ ကောင်လေးကနှင်းဆီကို propose ဘယ်လို စလုပ်လည်းဆိုရင် ဖုန်းနဲ့ပဲစလုပ်တယ်လေ။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်သိကျတာ လည်းမဟုတ်ဘူးလေ။ နာမည်ကိုတောင်မှာသူတို့မိဘတွေက ပြောပြထားလို့သိကျတာလေ။ ကောင်လေးက နှင်းဆီကို propose စလုပ်တော့ နှင်းဆီကနေပြီးတော့ သူကရုပ်မလှဘူးပေါ့လေ ဒါပေမဲ့တော့စိတ်ထားက ဘယ်လိုစိတ်ထားမျိုးရှိတယ် ဘယ်လိုအကျင့်မျိုးရှိတယ်ဆိုတာကို အကုန်ပြောပြတယ် ကောင်လေးက ဘာပြော လည်းဆိုရင်ပေါ့လေ ရုပ်လှဖို့မလိုပါဘူးပေါ့လေ စိတ်နေစိတ်ထားကောင်းဖို့လိုပါတယ်ပေါ့လေ။ ဒီလိုနဲ့ နှင်းဆီ လေးနဲ့ကောင်လေးဟာ လူချင်းမသိပဲနဲ့မိဘတွေ သဘောတူချက်အရ ရည်းစားဖြစ်ကျတယ်ပေါ့လေ။ လူချင်းလည်းမသိ မျက်နှာလည်းမမြင်ဘူးကျဖူးလေ...........နောက်နှစ်လလောက်အကြာမှာတော့ ကောင်မလေးအိမ်မှာအလှူလုပ်ပါတယ် အဲအချိန်မှာကောင်လေးက နယ်ကနေပြန်လာပါတယ်။ ကောင်လေးကနယ်မှာအလုပ်လုပ်တာပါ မိဘတွေကတော့ရန်ကုန်မှာပေါ့ဗျာ။ နှင်းဆီလေးကလည်းရန်ကုန်မှာ နေတယ်ပေါ့ဗျာ...ဒီလိုနဲ့အလှူလာရင်းကောင်လေးက နှင်းဆီလေးကိုတွေ့သွားတယ်ဗျာ။ တွေ့ပြီးတော့သူတို့နှစ်ယောက်စကားပြောကျတာပေါ့ဗျာ။ အင်းညဘက်ရောက်တော့ ဇာတ်လမ်းကစပြီ ဇာတ်လမ်းကအခုမှာစမှာနော် ညရောက်တော့ကောင်လေးက နှင်းဆီကိုရုပ်မချောလို့မကြိုက်နိုင်ပါဘူးပေါ့.. နှင်းဆီမှာရုပ်မချောတာတစ်ခုက လွဲလို့အားလုံးကိုသူလက်ခံနိုင်ပါတယ်ပေါ့လေ။ သူကအလှကြိုက်တယ်လို့ ပြောလာတယ် အဲဒီတော့နှင်းဆီလေးရင်ထဲမှာ ဘယ်လောက်ခံစားသွားရမလည်း အားလုံးပဲစဉ်းစားကြည့်ပေါ့ဗျာ အဲဒီတော့နှင်းဆီလေးက နေပြီးတော့အစကတော့ရှင်ပဲရုပ်လှဖို့မဟုတ်ပါဘူးဆိုပြီးရှင်ပြောခဲ့တယ်နော်ပေါ့လေ ဒါပေမဲ့ကိစ္စ မရှိပါဘူးနှင်းဆီလေးရဲ့မိဘတွေရှေ့မှာတော့ သမီးရည်းစားအဖြစ်ဟန်ဆောင်ပေးပါပေါ့လေ.. အပြင်မှာတော့ကောင်လေးကိုကြိုက်တဲ့ကောင်မလေးနဲ့တွဲလို့ရတယ်လို့ကို ခွင့်ပြုထားတယ်ဗျာ............. ဒါပေမဲ့တစ်ခုတော့ရှိတယ် နှင်းဆီမိဘတွေတော့မသိပါစေနဲ့ပေါ့လေလို့ ကောင်လေးကိုပြောထားတယ်.. နှင်းဆီရဲ့ဖေဖေကမေးရင်လည်း နှင်းဆီမှာလိမ်ပြောရရှာတယ်.. ကောင်လေးကနှင်းဆီကို ဘယ်လောက်ချစ် ကြောင်းကိုပေါ့လေ ဒါပေမဲ့အပြင်မှာတော့ နှင်းဆီလေးဖြစ်နေတာနဲ့ နှင်းဆီလေးဖေဖေကိုပြောတာနဲ့က တစ်ခြားစီတွေပါပဲ။ နှင်းဆီလေးမှာတော်တော်လေးကို စိတ်ညစ်ရရှာတယ် ကောင်လေးကနယ်ပြန်သွားပြန် တော့လည်းနှင်းဆီလေးကို ဖုန်းနဲကအမျိုးမျိုးနှိပ်စက်ရှာတယ်.. တစ်ပတ်ကိုသုံးရက်ဖုန်းဆက်တယ် ဖုန်းဆက်တာကလည်း ကောင်းသောဆက်ခြင်းမျိုးမဟုတ်ပါ နှင်းဆီလေးကို ဖုန်းဆက်ပြီးဒုက္ခအမျိုးမျိုးပေးတာ လေ နောက်တော့နှင်းဆီလေးက ဒီအကြောင်းတွေကိုမခံစားနိုင်တော့လို့ နှင်းဆီလေးရဲ့ဖေဖေကိုဖွင့်ပြောဖို့ ကြိုးစားပါသေးတယ် ဒီလိုပြောလိုက်ရင် လူကြီးတွေလည်း မျက်နှာပျက်ရမယ် နှင်းဆီလေးလည်းအရှက်ရမယ် ပေါ့လေ.. နောက်တော့နှင်းဆီလေးဒီအကြောင်းတွေကို ရင်ထဲမှာဘဲကြိတ်ခံနေတယ်ပေါ့လေနော်။ အမှန်တော့ နှင်းဆီလေးက ကောင်လေးကို ချစ်သည်လည်းမဟုတ် မချစ်သည်လည်းမဟုတ်ပါ။ ဘာလို့လည်းဆိုရင် နှင်းဆီလေးကိုယ်တိုင်အချစ်စစ်ဆိုတာ ဘာလည်းဆိုတာကို သေချာမသိသေးလို့ပါပဲ။ နှင်းဆီလေးရဲ့စိတ်ထဲ မှာရှိတာကတော့ နှင်းဆီလေးတစ်ကယ်လို့အချစ်စစ်ကိုတွေ့ခဲ့ရင်တောင်မှာ မိဘတွေ စိတ်ချမ်းသာဖို့အတွက် မိဘပေးစားတဲ့သူကိုပဲယူပါမယ် တစ်ကယ်လို့ချစ်တဲ့သူနဲ့ရရင်တောင်သူ့ဘဝမပျော်ရွှင်ရပါစေနဲ့ မိဘပေးစား သောသူကိုသာ ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ နှင်းဆီလေးဘက်က အရာအားလုံးကိုစွန့်လွတ်သီးခံပြီး တော့နေထိုင်သွားပါမယ်ပေါ့လေနော်။ နှင်းဆီလေးရဲ့ခံစားချက်တွေကို ဘယ်သူတွေမှာရှိလည်းဆိုတာကို သိချင်လို့ပါ.. အားလုံးပဲဝင်ဖြေပေးနိုင်ကျပါတယ်။ နှင်းဆီလေးဆိုတာ ကျွန်တော့်သူငယ်ချင်းအရင်း တစ်ယောက်ပါ သူ့ရဲ့ရင်ဖွင့်လာတာကို ကျွန်တော်ပိုစ့်တစ်ခုအနေနဲ့ အားလုံးသိရအောင်လို့တင်ပေးတာပါ.. အားလုံးသော ဘလောဂါညီအစ်ကိုမောင်နှစ်မများ ကျန်းမာပျော်ရွှင်နိုင်ကျပါစေဗျာ....

သူငယ်ချင်းများကို အမှတ်တရရှိခြင်း အနေနဲ့ရေးတာပါ

သူငယ်ချင်းတွေကို အမှတ်တရရှိနေတယ်ဆိုတာက အရင်ဆယ်တန်းကျောင်းသားဘဝတုန်းက အတူ တူနေခဲ့တဲ့သူငယ်ချင်းတွေကို အမှတ်တရအနေနဲ့ သူငယ်ချင်းတွေကို သတိရလို့ရေးလိုက်တာပါ ရွှက်ဟောင်းတွေကြွေ ရွှက်သစ်တွေဝေပြီး လေရှုးတွေ တိုက်နေတဲ့ တပေါင်းလမှာ သူငယ်ချင်းတွေကို အရမ်းကိုလွမ်းဆွတ်ရတဲ့ အချိန်လေးပါ သူငယ်ချင်းတွေနဲ့အတူတူ တစ်ကျောင်းတည်းတက် တစ်အိပ်ရာတည်းအိပ်ပြီးတော့ ဆယ်တန်းဆိုတဲ့ စာမေးပွဲကို ဖြေဖို့ရာပြင်ဆင်နေတဲ့ တပေါင်းလမှာတော့ စာတွေကို ကိုယ်စီကျက်ပြီး ဘဝရဲ့ ရည်မှန်းချက်တွေကို ရရှိအောင်ကြိုးစားနေတဲ့အချိန်ပေါ့လေ တပေါင်းလကိုတော့ အားလုံးလိုလိုသတိရနေကျမှာ ပါ ဘာလို့လည်းဆိုတော့ တပေါင်းလမှာ အများဆုံး ဆယ်တန်းစာမေးပွဲတွေ ဖြေနေရတဲ့အချိန်လေးလေ သတိရတာတစ်ခုတော့ရှိတယ် ဆယ်တန်းကဗျာထဲမှာပါတဲ့ ကဗျာတစ်ပုဒ်ကို သေချာတော့မသိဘူးပေါ့နော် တပေါင်းလအကြောင်းကို ဖွဲ့ဆိုထားတဲ့ ကဗျာလေးဆိုရင်တော်တော်ကောင်းတယ်။ ကျွန်တော် မမှတ်မိတော့လို့ပါ သိတဲ့သူများရှိရင် ဖြေပေးကျပါနော်။ အခုတော့လည်း သူငယ်ချင်းတွေနဲ့ဘယ်အချိန်များမှာ ဆုံစည်းရမလည်းမသိပါဘူး။ သူလည်းသူ့အလုပ်သူလုပ် ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ရင်း အရင်ကအတူနေခဲ့တဲ့ဘဝလေးကို ပြန်သတိရပါတယ်သူငယ်ချင်းတို့ရေ။ တို့တွေဘယ်အချိန်မှာများပျော်ပျော်ရွှင်ရွှင်နဲ့ အားလုံးဆုံစည်းရမဲ့ရက်လေးကို မျှော်နေမိတယ်ကွာ။ အားလုံးသော သူငယ်ချင်းများနဲ့ ဘလောင့်ဂါညီအစ်ကို မောင်နှစ်မများအားလုံး ကျန်းမာပျော်ရွှင်ကျပါစေဗျာ။

ဒါကတော့ Ancient City လို့ခေါ်ပါတယ်။

ဒါကိုတော့ Ancient City လို့ခေါ်ပါတယ်။ ထိုင်းလိုကတော့ เมืองโบราณ လို့ခေါ်ပါတယ်။ ကျွန်တော်လည်း ရောက်ခဲ့ဖူးတဲ့နေရာလေးတွေ စိတ်ဝင်စားစရာလေးတွေကို တင်ပြပေးရခြင်းဖြစ်ပါတယ်။ ကျွန်တော်လည်း သိရှိတာလေးတွေကို အားလုံးကို ဖြန့်ဝေပေးစေချင်တဲ့စိတ်လေးနဲ့ရေးသားရခြင်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံရောက်ရင်တော့ ကျွန်တော်ပြောတဲ့နေရာလေးတွေ စိတ်ဝင်စားစရာကောင်းတယ်နော် မြန်မာနိုင်ငံ လိုပဲ ယဉ်ကျေးမှုက သိပ်မကွာခြားလှပါဘူး။ အားလုံးက ခပ်ဆင်ဆင်ပါပဲ။ အခုကျွန်တော်တင်လိုက်တဲ့ပုံတွေကို ကြည့်ရင် အားလုံးသိကျမှာပါ။ ဒါကလည်း အရင်ကမြို့ဟောင်းပုံစံမျိုးလေးပါပဲ။ အားလုံးသောသူငယ်ချင်းများနဲ့ ဘလောင့်ဂါညီအစ်ကို မောင်နှစ်မများအားလုံးပျော်ရွှင်ချမ်းမြေ့ကျပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။