မိန်းခလေးသူငယ်ချင်းတစ်ဦးရဲ့ခံစားချက်လေးပါ


ကျွန်တော့်ကို အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်လေးကို ပြောပြလာလို့ အခုလိုပိုစ့် တစ်ပိုဒ်အနေနဲ့တင်လိုက်တာပါ။ ဒီဇာတ်လမ်းမှာ ဇာတ်ကောင်ကတော့ မိန်းခလေးပဲပြောပါတော့ သူ့ကို ကျွန်တော်က နာမည်လေးပေးထားတယ် နှင်းဆီလို့ဆိုပြီးတော့ပေါ့ဗျာ။ နှင်းဆီက အလုပ်တစ်ခုလုပ်တယ်ပေါ့ ဗျာ။ နှင်းဆီဟာမိဘတွေကို အရမ်းချစ်တယ် မိဘတွေပြောတဲ့စကားကိုမြေဝယ်မကျနားထောင်တယ်။ သူ့ဘဝမှာသူ့မိဘသာသူ့အတွက် အဓိကဆိုပြီးတော့ သူ့စိတ်ကိုသူ သတ်မှတ်ထားတယ်။ နှင်းဆီမိဘတွေက လည်းနှင်းဆီကို အရမ်းချစ်ကျတယ်။ ဘာလို့လည်းဆိုတော့နှင်းဆီက အရမ်းလိမ္မာတယ်လေ ပြီးတော့နှင်းဆီမိဘတွေကလည်း နှင်းဆီလေးကြောင့်သူတို့ စိတ်ချမ်းသာရတယ်ဆိုပြီး မိဘတွေက အရမ်းဝမ်း သာကျတယ် နှင်းဆီကငယ်ငယ်ကလေးကတည်းက ရည်းစားမထားဘူးဘူးပေါ့နော်။ တစ်နေ့တော့နှင်းဆီလေး ရဲ့ဖေဖေက နှင်းဆီကိုစကားတစ်ခုကမ်းလမ်းလာတယ်။ ဘာစကားလည်းဆိုတော့ နှင်းဆီဖြေဖြေရဲ့သူငယ်ချင်း ကနှင်းဆီလေးနဲ့သူသားကိုလက်ထပ်ပေးစေချင်လို့ဆိုပြီးလာတောင်းတယ်ဗျာ.. အဲဒါကြောင့်နှင်းဆီဖေဖေက နှင်းဆီကို သမီးလေးစဉ်းစားစေချင်တယ်ပေါ့လေပြောတယ်။ ကောင်လေးကနှင်းဆီကို propose ဘယ်လို စလုပ်လည်းဆိုရင် ဖုန်းနဲ့ပဲစလုပ်တယ်လေ။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်သိကျတာ လည်းမဟုတ်ဘူးလေ။ နာမည်ကိုတောင်မှာသူတို့မိဘတွေက ပြောပြထားလို့သိကျတာလေ။ ကောင်လေးက နှင်းဆီကို propose စလုပ်တော့ နှင်းဆီကနေပြီးတော့ သူကရုပ်မလှဘူးပေါ့လေ ဒါပေမဲ့တော့စိတ်ထားက ဘယ်လိုစိတ်ထားမျိုးရှိတယ် ဘယ်လိုအကျင့်မျိုးရှိတယ်ဆိုတာကို အကုန်ပြောပြတယ် ကောင်လေးက ဘာပြော လည်းဆိုရင်ပေါ့လေ ရုပ်လှဖို့မလိုပါဘူးပေါ့လေ စိတ်နေစိတ်ထားကောင်းဖို့လိုပါတယ်ပေါ့လေ။ ဒီလိုနဲ့ နှင်းဆီ လေးနဲ့ကောင်လေးဟာ လူချင်းမသိပဲနဲ့မိဘတွေ သဘောတူချက်အရ ရည်းစားဖြစ်ကျတယ်ပေါ့လေ။ လူချင်းလည်းမသိ မျက်နှာလည်းမမြင်ဘူးကျဖူးလေ...........နောက်နှစ်လလောက်အကြာမှာတော့ ကောင်မလေးအိမ်မှာအလှူလုပ်ပါတယ် အဲအချိန်မှာကောင်လေးက နယ်ကနေပြန်လာပါတယ်။ ကောင်လေးကနယ်မှာအလုပ်လုပ်တာပါ မိဘတွေကတော့ရန်ကုန်မှာပေါ့ဗျာ။ နှင်းဆီလေးကလည်းရန်ကုန်မှာ နေတယ်ပေါ့ဗျာ...ဒီလိုနဲ့အလှူလာရင်းကောင်လေးက နှင်းဆီလေးကိုတွေ့သွားတယ်ဗျာ။ တွေ့ပြီးတော့သူတို့နှစ်ယောက်စကားပြောကျတာပေါ့ဗျာ။ အင်းညဘက်ရောက်တော့ ဇာတ်လမ်းကစပြီ ဇာတ်လမ်းကအခုမှာစမှာနော် ညရောက်တော့ကောင်လေးက နှင်းဆီကိုရုပ်မချောလို့မကြိုက်နိုင်ပါဘူးပေါ့.. နှင်းဆီမှာရုပ်မချောတာတစ်ခုက လွဲလို့အားလုံးကိုသူလက်ခံနိုင်ပါတယ်ပေါ့လေ။ သူကအလှကြိုက်တယ်လို့ ပြောလာတယ် အဲဒီတော့နှင်းဆီလေးရင်ထဲမှာ ဘယ်လောက်ခံစားသွားရမလည်း အားလုံးပဲစဉ်းစားကြည့်ပေါ့ဗျာ အဲဒီတော့နှင်းဆီလေးက နေပြီးတော့အစကတော့ရှင်ပဲရုပ်လှဖို့မဟုတ်ပါဘူးဆိုပြီးရှင်ပြောခဲ့တယ်နော်ပေါ့လေ ဒါပေမဲ့ကိစ္စ မရှိပါဘူးနှင်းဆီလေးရဲ့မိဘတွေရှေ့မှာတော့ သမီးရည်းစားအဖြစ်ဟန်ဆောင်ပေးပါပေါ့လေ.. အပြင်မှာတော့ကောင်လေးကိုကြိုက်တဲ့ကောင်မလေးနဲ့တွဲလို့ရတယ်လို့ကို ခွင့်ပြုထားတယ်ဗျာ............. ဒါပေမဲ့တစ်ခုတော့ရှိတယ် နှင်းဆီမိဘတွေတော့မသိပါစေနဲ့ပေါ့လေလို့ ကောင်လေးကိုပြောထားတယ်.. နှင်းဆီရဲ့ဖေဖေကမေးရင်လည်း နှင်းဆီမှာလိမ်ပြောရရှာတယ်.. ကောင်လေးကနှင်းဆီကို ဘယ်လောက်ချစ် ကြောင်းကိုပေါ့လေ ဒါပေမဲ့အပြင်မှာတော့ နှင်းဆီလေးဖြစ်နေတာနဲ့ နှင်းဆီလေးဖေဖေကိုပြောတာနဲ့က တစ်ခြားစီတွေပါပဲ။ နှင်းဆီလေးမှာတော်တော်လေးကို စိတ်ညစ်ရရှာတယ် ကောင်လေးကနယ်ပြန်သွားပြန် တော့လည်းနှင်းဆီလေးကို ဖုန်းနဲကအမျိုးမျိုးနှိပ်စက်ရှာတယ်.. တစ်ပတ်ကိုသုံးရက်ဖုန်းဆက်တယ် ဖုန်းဆက်တာကလည်း ကောင်းသောဆက်ခြင်းမျိုးမဟုတ်ပါ နှင်းဆီလေးကို ဖုန်းဆက်ပြီးဒုက္ခအမျိုးမျိုးပေးတာ လေ နောက်တော့နှင်းဆီလေးက ဒီအကြောင်းတွေကိုမခံစားနိုင်တော့လို့ နှင်းဆီလေးရဲ့ဖေဖေကိုဖွင့်ပြောဖို့ ကြိုးစားပါသေးတယ် ဒီလိုပြောလိုက်ရင် လူကြီးတွေလည်း မျက်နှာပျက်ရမယ် နှင်းဆီလေးလည်းအရှက်ရမယ် ပေါ့လေ.. နောက်တော့နှင်းဆီလေးဒီအကြောင်းတွေကို ရင်ထဲမှာဘဲကြိတ်ခံနေတယ်ပေါ့လေနော်။ အမှန်တော့ နှင်းဆီလေးက ကောင်လေးကို ချစ်သည်လည်းမဟုတ် မချစ်သည်လည်းမဟုတ်ပါ။ ဘာလို့လည်းဆိုရင် နှင်းဆီလေးကိုယ်တိုင်အချစ်စစ်ဆိုတာ ဘာလည်းဆိုတာကို သေချာမသိသေးလို့ပါပဲ။ နှင်းဆီလေးရဲ့စိတ်ထဲ မှာရှိတာကတော့ နှင်းဆီလေးတစ်ကယ်လို့အချစ်စစ်ကိုတွေ့ခဲ့ရင်တောင်မှာ မိဘတွေ စိတ်ချမ်းသာဖို့အတွက် မိဘပေးစားတဲ့သူကိုပဲယူပါမယ် တစ်ကယ်လို့ချစ်တဲ့သူနဲ့ရရင်တောင်သူ့ဘဝမပျော်ရွှင်ရပါစေနဲ့ မိဘပေးစား သောသူကိုသာ ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ နှင်းဆီလေးဘက်က အရာအားလုံးကိုစွန့်လွတ်သီးခံပြီး တော့နေထိုင်သွားပါမယ်ပေါ့လေနော်။ နှင်းဆီလေးရဲ့ခံစားချက်တွေကို ဘယ်သူတွေမှာရှိလည်းဆိုတာကို သိချင်လို့ပါ.. အားလုံးပဲဝင်ဖြေပေးနိုင်ကျပါတယ်။ နှင်းဆီလေးဆိုတာ ကျွန်တော့်သူငယ်ချင်းအရင်း တစ်ယောက်ပါ သူ့ရဲ့ရင်ဖွင့်လာတာကို ကျွန်တော်ပိုစ့်တစ်ခုအနေနဲ့ အားလုံးသိရအောင်လို့တင်ပေးတာပါ.. အားလုံးသော ဘလောဂါညီအစ်ကိုမောင်နှစ်မများ ကျန်းမာပျော်ရွှင်နိုင်ကျပါစေဗျာ....

4 comments:

ရွှေပြည်သူ (ShwePyiThu) said...

ညီမလေးနှင်းဆီ ကံဆိုးရှာပါတယ်။ ဒီလို ထောက်ထားငဲ့ညှာမှု ကင်းမဲ့တဲ့ လူနဲ့ ဘ၀မှာ ရေစက်ပါလာလို့ပါ။ သူ့မိဘတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြသင့်တယ်လို့ ထင်ပါတယ်။ သူ့မိဘတွေလည်း အကျိုးအကြောင်းကို သိခဲ့ရင် ကိုယ့်သိပ်ချစ်တဲ့ သမီးလေး တသက်လုံး စိတ်ဆင်းရဲရမှာကို ဇွတ်အတင်း မတိုက်တွန်းလောက်ပါဘူး။ ညီမလေးကို အချိန်တွေ မလွန်ခင် မိဘတွေနဲ့ တိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။ နှင်းဆီလေး ကံကောင်းပါစေ...

ပန်းခရေ said...

နှင်းဆီကံကောင်းပါစေ...
ကိုတိုးရေးထားတာလေးက ဖတ်လို့တစ်ကယ်ကိုကောင်းတယ်
စာရေးကောင်းလိုက်တာ
အားပေးနေပါတယ်

လားရှိုးသူ said...

နှင်းဆီလေးကို ပြောပြလိုက်စေချင်တယ်၊ ကိုယ့်ရဲ့သိတတ် နားလည်မှု့ကို အခွင့်ကောင်းယူပြီး ကိုယ့်အတ္တကို ဦးစားပေးနေတဲ့ ကောင်းလေးကို အခွင့်အရေးထပ်မပေးသင့်ဘူး၊ မိဘကို သေချာဖွင့်ပြောပါလို့၊ သားသမီး စိတ်မချမ်းသာမှာကိုလိုလားသော မိဘမရှိဘူးလို့။

Su said...

စိတ်တော့မကောင်းပါဘုး မိန်းကလေးက ပတ်ဝန်းကျင်ကို အရမ်းအလေးထားတာကိုး
ညီမ ရည်းစား မှာ ပေးစားတဲ့ မိန်း ကလေးရှိတယ် သူ နှင်းဆီလိုဘဲ ရုပ်မချော ခံစားလို့မရဘူး
ညီမ ရည်းစား အမျိုးမျိုး ကြိုးစားပီး စိတ်ကုန်အောင်လုပ်လည်း ရှက်လို့လား ကြောက်လို့လားမသိဘူး ပြန်မပြောဘူး
ညီမရည်းစားလည်း စိတ်ကုန်နေပီ
တကယ် သာဆို သူမသာ မိဘတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောရင် ဒီလို ကိစ္စမျိုးဖြစ်လာစရာ မရှိဘူး
ပီးတော့မိန်းကလေးတွေနဲ့ ကွာတဲ့ အချက်က ယောကျာ်း တွေက သူတို့ ချစ် တယ် လို့  ခံစားလို့ မရတဲ့ သူကို ဘယ် လို ကြိုးစားကြိုးစား ချစ်ဖို့ လုပ်ယူလို့မရဘူး