သူငယ်ချင်းမလေးတစ်ယောက်ရဲ့တစ်ကယ့်ခံစားချက်လေးပါ

"ကောင်းဖို့ဖြစ်လာတာပါ" သိလို့တတ်လို့တော့မဟုတ်ပါဘူး ဒီစကားလေးကဖြေသိမ့်လို့ကောင်းတဲ့စာသားလေးပါ အရှည်တော့မပြော တတ်လို့ တိုတိုလေးပြောမယ်နော် ဘာတွေပဲဖြစ်ဖြစ် ဘယ်လောက်ပဲစိတ်ညစ်ညစ် အခက်အခဲတွေရှိလာပါစေ ဒီစကားလေးကိုပြောကြည့်ပါနော်။ ကောင်းဖို့ဖြစ်လာတာပါ လို့စိတ်ညစ်စရာတွေ လုံးဝပျောက်မသွားရင် တောင် အပူအပင်တွေ တစ်ဝက်လောက်တော့လျှော့သွားလိမ့်မယ်။ သူမကတော့ ဒီစာသားလေးကို နှစ်သက်မိ တယ် သူ့ကြောင့်ဖြေသိမ့်လို့ရခဲ့ပါတယ်။ သူမကို သူမရဲ့ချစ်သူက ထားခဲ့တာလေ။ ဒါကဖြစ်ရိုးဖြစ်စဉ်လေးပါ သူ မ ချစ်လို့ မနှစ်သက်တော့လို့ ထားသွားတာလေ ဒါကိုသိပေမဲ့ မဖြေနိုင်ခဲ့ဘူး ဘယ်လိုမှာမယုံနိုင်ခဲ့ဘူး တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်ဆီက ဒီစကားလေးကို ကြားလိုက်ပြီးနောက်ပိုင်းကတည်းက သူမဒီစာသားလေးကို အမြဲရွတ်နေမိပါတယ် စိတ်နဲ့လူနဲ့မကပ်တဲ့ သူမနေလို့ထိုင်လို့ရလာတယ် နားလည်လာတယ် သူထားသွားတာက သူ့အတွက်လဲကောင်းပါတယ် သူမအတွက်လည်းဒီထက်ပိုကောင်းဖို့ ဖြစ်လာတာပါလို့ဖြေသိမ့်ခဲ့ပါယ် သူ့အပေါ်အမှန်းဆိုတာလည်းမရှိတေ့ဘူး နေထိုင်ပြောဆိုဆက်ဆံရတာလည်း ကောင်းလာပါတယ် ခုဆိုရင် အရင်ထက်ပိုပြီးဖြေသိမ့်တက်နေပြီလေ ဒီစကားလေးကကောင်းလို့ အကြံပေးတာပါ စိတ်ဝင်စားရင်တော့ ရွတ်ကြည့်လိုက်ပါလားနော်။ "ကောင်းဖို့ဖြစ်လာတာပါ" အခုကျွန်တော်ပြောတဲ့သူငယ်ချင်းကလည်း သူငယ်ချင်းအရင်းတစ်ယောက်ပါပဲ။ ဒီစာသားတွေကို သူကိုယ်တိုင်းရေးပြီးတော့ ကျွန်တော်ကိုပေးတာပါ။ သူကအချစ်ကိုအရမ်းယုံကြည်ခဲ့တဲ့လူတစ်ယောက်လေ ဖြစ်ခါစ သူ့ရည်းစားက သူ့ကိုဖြတ်သွားတဲ့နေ့ကဆိုရင် နေလို့ထိုင်လို့မရဖြစ်နေတာ အရင်ကဆိုရင် ချစ်သူအတွက်နဲ့ သူငယ်ချင်းတွေနဲ့ရန်ဖြစ်ရတယ်။ အားလုံးက သူ့ကိုဝိုင်းပယ်ထားကျတယ်လေ။ နောက်ပြီး တော့သူ့ရည်းစားပစ်သွားခါစကဆိုရင် ဘာမှာကိုမလုပ်တာပါ အခုမှာတော်သေးတာပေါ့ အစစအရာရာ ဆင်ခြင်သွားလို့ပေါ့နော်။ အချစ်ကြီးရင် ဘာဖြစ်လည်းတော့ကျွန်တော်လည်းမသိဘူးပေါ့နော်။ သိတဲ့သူများ ရှိရင်ဖြေပေးခဲ့ကျပါဗျာ။ ဘလောင့်ဂါညီအစ်ကို မောင်နှစ်မများအားလုံး ကျန်းမာချမ်းသာကျပါစေဗျာ။

7 comments:

Unknown said...

"ကောင်းဖို့ဖြစ်လာတာပါ"

ရွှေပြည်သူ (ShwePyiThu) said...

ဒီပို့စ်ကိုဖတ်ပြိး အဲဒီစကားကို ပုံပြင်လေးနဲ့ ပြောပြခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ကို သတိရမိပါတယ်။ သိပ်မှန်ပါတယ် ကိုတိုးလေးရေ။ ဖြေသိမ့်နိုင်သွားတဲ့ ညီမလေးအတွက်လည်း ၀မ်းသာမိပါတယ်။ ညီမလေး အားလုံးကို မေ့ပျောက်နိုင်ပြီး ရှေ့ဘ၀ခရီးကို ပျော်ရွှင်အောင်မြင်စွာ ခရီးဆက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

ကောင်းဖို့  ဖြစ်လာတာပါ အဲ့လိုပဲဖြေသိမ့်ရမှာပေါ့နော့် ဘ၀ နေတက်ရင်ပျော်စရာကောင်းပါတယ် မနေတက်သေးတာက ခက်တာ ။

mgthonnya said...

အချစ်ကြီးရင် ဘာဖြစ်လည်း

အသေအချာတော့မသိဘူးဗျ..ကြီးမားတဲ့အချစ်နဲ့
မတန်တဲ့သူကတော့အချစ်ရဲ့ဒဏ်ခတ်ခြင်းကိုခံရ
မယ်ထင်တယ်။လူကိုစော်ကားရင်ဘာမှမဖြစ်ပေမဲ့
အချစ်ကိုစော်ကားရင်နှလုံးသားဆီကတုံ့ပြန်မှုတွေ
(ကောင်းချင်ကောင်းမယ် ဆိုးချင်ဆိုးမယ်)ရမယ်ထင်တယ်

အချစ်ကြီးရင်အမျက်ကြီးတယ်ရှေးကပြောကြတာ
ကျနော်ကတော့အချစ်ကြီးရင်...မသိသေးဘူးဗျ
ချစ်ပြီးမှနောက်တခါလာဖြေပေးဦးမယ် :)

ပလူးတာရဲ့အရူးလွယ်အိတ် said...

အချစ်ကြီးတော့ အဖတ်ကြီးတာပေါ့ (အုန်းသီး)
:P

Anonymous said...

interessante.....

Anonymous said...

ကျေးဇူးပါ ဒီစကားလေးအတွက်...
တန်ဖိုးရှိပါတယ်.....
အရင်က ဖတ်သာဖတ်သွားရတယ်.....တန်ဖိုးမသိခဲ့ဘူး
အခုမှ တန်ဖိုးအရမ်းရှိတဲ့စကားဆိုတာ သိလိုက်ရပြီ......