သူသိပါစေ

ငါဟာ လူပါ ဘာမှ မရှိပေမယ့်... ကြေကွဲရင်.... လူမမြင်အောင် မျက်ရည်စို့တတ်တဲ့ မျက်ဝန်းတွေနဲ့ ထိုးနှက်ချက်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ခံစားမိတဲ့အခါ နာကျင်တတ်တဲ့ ရင်ဘတ်တစ်စုံကိုတော့ ပိုင်ဆိုင်ပါတယ်.. ခါးသီးလွန်းတဲ့ မွေးရာပါ သိမ်ငယ်မှုတွေကို ယုယပိုက်ထွေးလို့.. လောကဓံရဲ့ အံစာခွက်ထဲမှာ ငါဟာ... ဘုရင်ဖြစ်ဖို့ဇာတာမပါခဲ့သူပါ ညှိုးငယ်နွမ်းလျတဲ့ မျက်ဝန်းတွေနဲ့ ချစ်ခြင်း ဆိုတာကို... အသံမှန်အောင် မထွက်ရဲခဲ့တာ.. မင်းမသိတဲ့ ဆောင်းအိပ်မက်တွေနဲ့ ကျိန်စာသင့်နေတဲ့ ငါ့နှလုံးသားပါ.. ကာရံသီ မညီနိုင်တဲ့ ရင်ခုန်သံနဲ့ အိပ်မက်မြူ တယောသံ ငါ့ရင်ကို အခါခါ မှန်လွန်းတော့ နှင်းကြွေတဲ့ဆောင်းမှာ ပုလဲပူပူတွေ ငွေ့ရည်ဖွဲ့လို့ပေါ့....။

2 comments:

Dream said...

ငါဟာ လူပါ
ဘာမှ မရှိပေမယ့်...
ကြေကွဲရင်....
လူမမြင်အောင် မျက်ရည်စို့တတ်တဲ့
မျက်ဝန်းတွေနဲ့
ထိုးနှက်ချက်တွေနဲ့ ထိပ်တိုက်တွေ့ပြီး
ခံစားမိတဲ့အခါ
နာကျင်တတ်တဲ့
ရင်ဘတ်တစ်စုံကိုတော့ ပိုင်ဆိုင်ပါတယ်.

ကဗျာကောင်းလေး တပုဒ်မို့ ကြိုက်ပါတယ်.. :P

thihanyein said...

နှင်းမှာ လူတွေတော်တော် ကြိုက်ကြတယ်နော်×××
ကျုပ်ညီမလေးနာမည်ကို ယူသုံးထားသေးတယ်...
ကဗျာဆရာ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျာ..
နောက်တစ်ခါ နာမည်ယူသုံးမယ်ဆိုရင် လျှောက်လွှာ
တင်ဗျို့... ဟဟ