မေ့ပြီကွယ်

ကိုယ့်နှလုံးသားရဲ့ အလယ်ဗဟိုမှာ မင်းရှိနေခဲ့တယ်။ ဒါကြောင့်.......... ကိုယ့်နှလုံးသားက လှည့်လည်နေစဉ်မှာ ဘယ်တော့မှာ မင်းကိုမတွေ့တာပေါ့။ု မင်းက ကိုယ့်အချစ်တွေ ကိုယ့်ရဲ့မျှော်လင့်ခြင်းတွေထံမှ လွတ်အောင်.... ကိုယ့်ဘာသာ နောက်ဆုံးအချိန်ထိ ရှောင်ပုန်းနေခဲ့တယ်လေ။ ဘာကြောင့်လည်းဆိုတော့ မင်းက သူတို့အထဲမှာ အမြဲရှိနေခဲ့လို့ပေါ့။ ကိုယ့်ရဲ့ပြိုရွှယ်မှုပြဇာတ်ထဲမှာ မင်းဟာ မြိုသိပ်ထားရတဲ့ ပျော်ရွှင်မှုပါ။ ပြဇာတ်နဲ့ အလုပ်များတော့ ပျော်ရွှင်မှုဟာ ကိုယ့်ကို ဖြတ်ကျော်သွားခဲ့ပေါ့။ ကိုယ့်ဘဝရဲ့ ကြည်နူးစရာတွေထဲမှာ မင်းလို တေးဆိုလိုပြခဲ့တယ်။ ကိုယ်ကတော့.......... မင်းကို တေးဆိုပြဖို့ မေ့လျော့ခဲ့ပြီ ဆိုပါစို့။

3 comments:

Welcome said...

ရင်တွင်းဖြစ် ကဗျာကောင်းလေး ဖတ်သွားတယ်၊ နှစ်သက်စွာနဲ့ပါ...

http://winzaw-mdy.blogspot.com

thihanyein said...

ဆိုပါတော့ဆိုပြီး ဆရာသမားက ရပ်ထားတာဗျ
ဆက်ရေးမှပေါ့ ဖတ်ရတာ ကောင်းနေမှဗျာ
ဒီလူတော့

ပန်းခရေ said...

မေ့ပြီ ဆိုပါတော့..........
ဆက်ရေးတော့ဘူးးးး)