အချစ်ရယ်.......
တစ်နေ့ကျရင် ကိုယ်အသည်းနှလုံးကို
မင်း.... အနိုင်ယူ (လွမ်းမိုး) သွားမယ်ဆိုတာ
ကိုယ်သိနေပါတယ်။
မင်းရဲ့ကြယ်ပွင့်လေးတွေထဲကနေ
ကိုယ့်ရဲ့အိမ်မက်တွေကို
မင်းထွင်းဖောက်ကြည့်နေတယ်လေ။
မင်းရဲ့ လရောက်ပြောက်တွေထဲမှာ
မင်းရဲ့ လျှို့ဝှက်ချက်တွေကို
ကိုယ်ဆီ ပို့လွတ်လိုက်လို့လေ။
ကိုယ်........... တွေးတောမိတိုင်း
ကိုယ့်မျက်လုံးအိမ်မှာ
မျက်ရည်ပွင့်တွေနဲ့ မှိုင်းဝေခဲ့ရတယ်။
တုန်လှုပ်နေတဲ့ သစ်ရွက်တွေကြား
ရင်ဖိုနေတဲ့ နေသာ ကောင်းကင်မှာ
သိုးကျောင်းသားရဲ့
ပလွေမှုတ်သံ လျှံဝေနေတဲ့
ပျင်းရိငြီးငွေ့ဖွယ် အချိန်တွေမှာ
နှလုံးသားက အထီးကျန်ခံစားနေရတဲ့
မိုးစက်မှုန်တွေရဲ့ နေဝင်ဆည်းဆာမှာ
မင်းရဲ့ ပိုးပန်းမှုတေါ တကယ်ပဲ
ရှိနေပါတယ်လေ။
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
-
*ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေး**ဖက်ဝင်**ပျား**ရည်*
ရှေးလူကြီးများက ပျားရည်ကို “ပန်းပေါင်းတစ်ထောင်” ဟုခေါ်သည်။ ပျားကောင်၏
ခြေချောင်းကလေး ...
4 months ago
5 comments:
Best ................... :P
http://winzaw-mdy.blogspot.com
တုန်လှုပ်နေတဲ့ သစ်ရွက်တွေကြား
ရင်ဖိုနေတဲ့ နေသာ ကောင်းကင်မှာ
သိုးကျောင်းသားရဲ့
ပလွေမှုတ်သံ လျှံဝေနေတဲ့
ပျင်းရိငြီးငွေ့ဖွယ် အချိန်တွေမှာ
နှလုံးသားက အထီးကျန်ခံစားနေရတဲ့
မိုးစက်မှုန်တွေရဲ့ နေဝင်ဆည်းဆာမှာ
မင်းရဲ့ ပိုးပန်းမှုတေါ တကယ်ပဲ
ရှိနေပါတယ်လေ။
ဒီကဗျာကိုတော့ တစ်ကယ်ကိုကြိုက်သွားပီ
ကိုတိုးရေ တစ်နေ့ကျရင်တော့ စိတ်ချမ်းသာမှုတွေ ရောက်လာအုံးမှာပါ
အနာမကျက်သေးဘူးထင်တယ် ဆေးသောက် ဆေးလိမ်းပါ ကိုတိုးရေ့ ။
ကဗျာတွေ လာအားပေးပါတယ် မောင်လေး
ကိုတိုးလေးရေ----
ကဗျာလေးလာဖတ်ပါတယ်--
အချစ်ရယ်.......
တစ်နေ့ကျရင် ကိုယ်အသည်းနှလုံးကို
မင်း.... အနိုင်ယူ (လွမ်းမိုး) သွားမယ်ဆိုတာ
ကိုယ်သိနေပါတယ်။
ဒီအပုဒ်လေးကတော့--အရာရာမှာ ချစ်သူအပေါ်
အလျှော့ပေးပြီးချစ်ပြမယ်ဆိုတာကို သက်သေပြလိုက်
တာပါပဲ---
ချစ်သူနှင့်ပေါင်းရပါစေ----
Post a Comment